The sisters of St.Joseph of the Apparition (SJA)

sjaThe congregation of the Sisters of St. Joseph of the Apparition was founded by Saint Emilie de Vialar at Gaillac (Tarn) in 1832.

According to the account she gives of her interior life, Emilie de Vialar received at an early age the inspiration to respond to God’s prevenient love by a generous love towards him.
Caught up and enlightened by God, she resolved to give herself wholeheartedly to him and to follow the attraction with which He inspired her of practicing charity towards her neighbour.

In fact, the practice of this charity towards all and the very keen feeling she experienced for the foreign missions convinced her of her vocation. God was calling her to found a missionary “Work”, which would serve the interests of His glory and bring solace and relief to her neighbour.

sr-emilieFilled with zeal for the accomplishment of what she believed to be God’s will, and confident in his Providence, she gathered together her first Sisters on Christmas Night, 1832. After Algeria, which was her first mission, she founded other houses in quick succession, sending her Sisters to the most far-off mission lands.

Mgr. de Gualy, Archbishop of Albi, approved the “Rule of the house of Gaillac” in January, 1834, and the First Constitutions on 16th December, 1853.

The Degree of Praise, given on 6th May, 1842, established the Congregation as an Institute of Pontifical Right. Its Constitutions were approved by the Holy See in 1862 and definitively confirmed by a second Decree on 4th January, 1910.

The French State recognized the Congregation on 17th December, 1855, thus giving it legal existence in France. Its revised Statutes were approved in a new Decree on 10th May, 1969.

Emilie de Vialar was beatified by Pope Pius XII on 18th June, 1939, and canonized by him on 24th June, 1951.

In 1847, 17th June, 15 years after the Foundation of the Congregation, our Foundress sent 6 sisters to Myanmar in response to the request made by Msgr. Cerreti OMV who was the Vicar Apostolic in Burma. The pioneer sisters of religious in Burma started in Moulmein by taking care of orphans and with the education of young people.

We now have (30) houses in our Myanmar province:We have 175 Sisters in Myanmar. At present, our Spiritual Family (SJA) consists over (859) Sisters of (33) nationalities in (26) Countries living in (158) Communities throughout the (5) Continents. Some of our missions were founded by Saint Emilie herself. Others were opened after her death and in recent years.

The congregation of the sisters of Saint Joseph of the Apparition is committed to “BEING A PRESENCE” through: – education, catechizing, teaching, tailoring, the care of the sick and orphans, the poor, social and pastoral work. It is also involved in working for RVA, HIV-AIDS.

The province of Myanmar has established its delegation in the Philippines since 1995.

ရူပါရုံမြင်သော စိန့်ဂျိုးဇက်သီလရှင်အသင်း၏သမိုင်းအကျဉ်းချုပ်

ရဟန္တာမအယ်မလီဒီဗီးယားလားသည် ရူပါရုံမြင်သော စိန့်ဂျိုးဇက်သီလရှင်များ အသင်းကို ပြင်သစ်ပြည်၊ ဂိုင်ယပ်မြို့(တန်)၌ ၁၈၃၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

သူမ၏၀ိညာဉ်ရေးဆိုင်ရာ မှတ်တမ်းများအရ သူမသည် ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းက ဘုရားရှင် ကမ်းလှမ်းလာသော ချစ်ခြင်းမေတ္တာကို ရက်ရောသော စေတနာ မေတ္တာဖြင့် တုံ့ပြန်ရန် နှိုးဆော်ခြင်း ခံခဲ့ရသည်။

ဘုရားသခင်၏ အလင်းကျေးဇူးကိုခံစားပြီး စိတ်ထက်သန်ကာ သူမသည် မိမိ ဘ၀တစ်ခုလုံးကို ကိုယ်တော်ရှင်ထံ လုံးဝ လုံးလုံးလျားလျား အပ်နှံရန်နှင့် နီးစပ်သူတို့အတွက် ကရုဏာလုပ်ငန်း ဆောင်ရွက်ရန် လှုံ့ဆော်သည့် ဆွဲဆောင်မှုနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့သည်။

အမှန်စင်စစ် လူသားအားလုံးအပေါ် ဤမေတ္တာတရားကို ကျင့်သုံးရန်နှင့် တိုင်းတစ်ပါး၌ သာသနာပြုလိုသည့် ပြင်းပြသော ခံစားချက်သည် သူမအား မိမိ၏ ခေါ်တော်မူခြင်းကို အခိုင်အမာ ယုံကြည်စေခဲ့သည်။ ကိုယ်တော်ရှင်၏ ဘုန်းဂုဏ်တော် တိုးပွားရေး အတွက်နှင့် မိမိနှင့်နီးစပ်သောသူ အား အားပေးနှစ်သိမ့်ရန်၊ စိတ်သက်သာရာရစေရန်အတွက် ဘုရားသခင်သည် သူမအား သာသနာပြု လုပ်ငန်းကြီးတစ်ခုကို တည်ထောင်ရန် ဖိတ်ခေါ်နေခဲ့သည်။

ဘုရား၏အလိုတော်ဟု သူမယုံကြည်သည့်အရာကို ပြီးမြောက်အောင်မြင် စေရန်အတွက် စိတ်အားထက်သန်မှုနှင့် ပြည့်ဝလျှက် ကိုယ်တော်၏ မျှော်မြင်တော်မူခြင်းကို ယုံကြည်အားကိုးကာ (၁၈၃၂) ခရစ်စမတ်ညတွင် သူမသည်မိမိ၏ ပထမဆုံးသီလရှင်များ ကို စုရုံးခဲ့၏။

သူမ၏ ပထမဆုံးသော သာသနာလယ်ကွင်းဖြစ်သောအယ်ဂျီးရီးယားပြီးနောက် သူမသည် ကျောင်းများကို ဆက်တိုက် လျင်မြန်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး သူမ၏ သီလရှင်များကို ဝေးလံဆုံးသော သာသနာနယ်ပယ်များသို့ စေလွှတ်နိုင်ခဲ့သည်။

အဲလ်ဘီဂိုဏ်းချုပ်ဆရာတော်ကြီး မွန်ဆီညော်ဒီဂွါလီသည် ဂိုင်ယပ်ကျောင်း၏ စည်းကမ်းဥပဒေ ကို ၁၈၃၄ ခု၊ ဇန်န၀ါရီလတွင် လည်းကောင်း၊ ပထမဦးဆုံးသော အခြေခံဥပဒေများကို ၁၈၅၃ခု၊ ဒီဇင်ဘာ (၁၆)ရက်နေ့တွင် လည်းကောင်း အတည်ပြုခဲ့သည်။

၁၈၄၂၊ မေလ (၆)ရက်တွင် ပေးအပ်ခဲ့သော ထောက်ခံအားပေးသည့် အမိန့် ပြန်တမ်းသည် အသင်းအား ပုပ်ရဟန်းမင်းကြီးနှင့်ဆိုင်သော သာသနာပြု အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်စေနိုင် ခဲ့သည်။ ယင်း၏ အခြေခံဥပဒေများကို ၁၈၆၂ ခုနှစ်တွင် ရဟန်းမင်းကြီး ရုံးတော်က ထောက်ခံခဲ့ပြီး ၁၉၁၀ ခု၊ ဇန်န၀ါရီလ (၄) ရက်နေ့တွင် ဒုတိယပြန်တမ်းတစ်စောင်ဖြင့် ပြတ်ပြတ်သားသား အတည်ပြု ခဲ့သည်။

ပြင်သစ်အစိုးရသည် ၁၈၅၅ ခု၊ ဒီဇင်ဘာလ (၁၇)ရက်တွင် အသင်းကို အသိအမှတ်ပြုခဲ့ခြင်းဖြင့် ပြင်သစ်ပြည်၌ တရားဝင်တည်ရှိခွင့် ပေးခဲ့သည်။ ယင်း၏ ပြန်လည် စီစစ်ထားသော ကျင့်နည်းကျင့်ထုံး များကို ၁၉၃၉ ခု၊ မေလ (၁၀)ရက်နေ့တွင် အမိန့် ပြန်တမ်းစာတစ်စောင်ဖြင့် အတည်ပြုခဲ့၏။

အယ်မလီဒီဗီးယားလားကို ဒွါဒသမမြောက်ပီဦးက ၁၉၃၉ ခု၊ ဇွန်လ (၁၈)ရက်နေ့ တွင် သူတော်စင် အဖြစ် တင်မြှောက်ခဲ့ပြီး ၁၉၅၁ ခု၊ ဇွန် (၂၄)ရက်နေ့တွင် ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။

မိခင်အယ်မလီဒီဗီးယားလားသည် ထိုစဉ်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသောတူရင်းမြို့ အပြစ်မဲ့ သန္ဓေယူသော မာရီယား၏ သာသနာပြုအသင်းဝင် ဆရာတော်မွန်ဆီညော် ချေရယ်တီမှ မြန်မာနိုင်ငံ တွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် စိန်ဂျိုးဇက်သီလရှင်များအား ဖိတ်ခေါ်ခဲ့မှုကြောင့် သီလရှင် (၆)ပါးတို့အား ရွေးချယ်စေလွှတ်ပြီး ၁၈၄၇ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ (၃)လကျော် ခရီး ကြမ်းကို ကုန်းလမ်း၊ ရေလမ်းဖြတ်သန်းကာ ပထမဦးဆုံး အမျိုးသမီးသူတော်စင်များအဖြစ် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။

ယနေ့မြန်မာပြည်ရှိ သာသနာ(၈)ခုတွင် သီလရှင်ကျောင်းပေါင်း (၃၂)ရှိပြီး သီလရှင် (၁၇၅) ပါးတို့ သည် သာသနာပြန့်ပွားရေးအပြင်၊ အသက်မွေးဝမ်းကျောင်းနှင့်ပညာရေး၊ (HIV/AIDS) ကာကွယ်ရေး နှင့် ပြုစုရေးဂေဟာများ၊ ကျေးလက်ဆေးပေးခန်းများ ဖွင့်လှစ်ခြင်း၊ မိဘမဲ့နှင့် ဆင်းရဲသားကလေးများ ကို စောင့်ရှောက်ခြင်း စသည့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများအားဖြင့် ဘုရားသခင်ကို အစေခံလျှက် ရှိ ကြသည်။ မြန်မာပြည်ဆိုင်ရာ အသင်းသည် ၁၉၉၅ မှစ၍ ဖိလစ်ပိုင်နိုင်ငံတွင် ယင်း၏ လက်အောက်ခံ အသင်းခွဲ (delegation) ကို စတင် ဖွင့်လှစ်ခဲ့သည်။

SISTERS OF ST. JOSEPH OF THE APPARITION (SJA)

YANGON DIOCESE

Sisters of St. Joseph of the Apparition

289 (B),Pyay Road ,
Sanchaung P.O. 11111
Yangon.
Tel: Provincial 01 525761, 503706
Email Provincial – sjaprovmm@gmail.com
Emial Prov. Bursar – ahmeeaye@gmail.com
Email Prov, -ritaaye.aye81@gmail.com

St. Emilie’s Convent

St. Theresa’s Catholic Church.
97, Minye-Kyaw Swa Road
Alone P.O 11121,Yangon.
Tel: 01- 2302025
Email sjahmwe@gmail.com

St. Joseph’s Convent

No. 10/2 East Yetwin Kon Village,
Equater, Hmawbi, Yangon
Tel: 0943129540/ 73139283
Sewing Tel: 097318774