St. Therese of the Child Jesus (LWST)

The Association of the Little Way Sisters of
St. Therese of the Child Jesus (LWST)

1. FOUNDATION OF THE ASSOCIATION

The Little Way Sisters of St. Therese was founded in June by His Excellency, Bishop Nicholas Mang Thang of Hakha Diocese and the late Miss Mary Dooham. The Foundress of the Little Way Association in London, as co-founder. The Convent was blessed by the Apostolic Delegate, Archbishop Luigi Bressan on 11 November 1996. It was officially opened at Kalaymyo 1st of June 1997 with 46 Aspirants.

2. CHARISM OF THE ASSOCIATION

The Charism of the Association is that of a Semi-contemplative Community whose members, live a life of childlike confidence in God like St. Therese.

3. PURPOSE OF THE ASSOCIATION

They would be missionaries themselves and pray for missionaries and in particular for Priests and Priestly vocation; and promote among girls, especially through Eucharistic Adoration.

4. MISSION

The involvement of the Little Way Sisters in Mission is to proclaim the Good News of the kingdom of God and to continue the work of salvation for which Jesus was sent by the Father. The Little Way Sisters of St. Therese are to be truly missionaries in their prayers; that God will open the hearts of all to hear the Gospel and that He will send many workers into His harvest, following the example of St. Therese, and also by being active workers themselves. They are to go wherever they are sent especially where they are most needed, to the most abandoned, the most unreceptive to the Good News of Jesus the Savior.

5. MOTTO

“Do Little Things with great love.”

6. THREE FOUNDATION OF THE LITTLE WAY

(1) Love
(2) Humility
(3) Confidence

7. A BRIEF AND SUMMARIZED STATISTICAL

REPORT
Number of Aspirants = 15
Number of Postulants = 15
Number of First year Novice = 13
Number of Second year Novices = 16
Number of Perpetually Professed Members = 93
Number of Temporarily Professed Members =51
At present, there are 13 Convents in Hakha Diocese, 7 Convents in Kalay Diocese, two Convents in the Archdiocese of Yangon, one in the Archdiocese of Mandalay and one in Manila, Philippines.

၁။ စိန်ထရေးဇားလမ်းစဉ်သွယ်စစ္စတာရ်ဂိုဏ်း၏ ဆောင်ပုဒ်

“Do little things with great Love”
“သေးငယ်သောအမှုများ၌ပင် ကြီးမားမေတ္တာထား လုပ်ဆောင်မည်။”

၂။ ဂိုဏ်းတည်ထောင်သူ

ဟားခါးသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး နီကောလားစ် ဦးမာန်ထန်း နှင့် စိန်ထရေဇား လမ်းစဉ်သွယ်အဖွဲ့(The Little Way Association) ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ မစ္စမေရီဒူးဟန် တို့က ၁၉၉၅-ခုနှစ်တွင် ပူးတွဲတည်ထောင်သည်။

၃။ ဂိုဏ်းပေါ်ပေါက်လာပုံ

(က) ဂိုဏ်းတည်ထောင်သူများမှ သာသနာပြုဘုန်းတော်ကြီးများအတွက် နောက်ခံ ဆုတောင်းပေး မည့် အဖွဲ့အစည်းတစ်ရပ် လိုအပ်လျက်ရှိသည်ဟု ခံယူရခြင်း၊
(ခ) ဒေသခံတိုင်းရင်းသားများ၏ ၀ိညာဉ်ရေး၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေးနှင့် အသက်မွေး ၀မ်းကျောင်းပညာရပ်များအတွက် တာဝန်ယူ ကူညီလုပ်ဆောင် ပေးမည့် စစ္စတာရ်များ လိုအပ်နေခြင်း၊
(ဂ) ဟားခါးသာသနာအတွင်းရှိ စီရင်စုအများအပြားတွင် စစ္စတာရ်များ အထူး လိုအပ်လျှက်ရှိခြင်း၊
(ဃ) ဟားခါးသာသနာ၌ ခေါ်တော်မူခြင်း ကျေးဇူးတော်များစွာ ခံစားရသည်နှင့်အညီ ယင်းကျေးဇူး တော်များ ဆက်လက်ရှင်သန် တိုးပွားရင့်ကျက်လာအောင် ပြုစုပျိုးထောင်နိုင်ရန်အတွက် ဆုတောင်း ခြင်း၊ အနစ်နာခံခြင်း၊ ဆက်ကပ်ခြင်း စသော အရင်းအနှီးများစွာ ပေးဆပ်မည့်ပုဂ္ဂိုလ်များ လိုအပ်နေ ခြင်း စသည့်အကြောင်းရင်းများကြောင့် ဤဂိုဏ်းပေါ်ပေါက်လာရခြင်းဖြစ်သည်။

ဂိုဏ်းအုပ်ဆရာတော်ကြီး နီကောလားစ်မာန်ထန်းသည် မိမိ၏ သာသနာအတွင်း၌ မရှိမဖြစ် လိုအပ်နေသော အထက်ပါအချက်များကို ကိုယ်တိုင်လက်တွေ့ သိမြင်ခံစားရသည်ဖြစ်၍ ယင်းလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ၀ိညာဉ်တော်ဘုရား၏ လမ်းညွှန်ပေးခြင်းအားဖြင့် “ကိုယ်တော်မြတ်ဖူးခြင်းကို အခြေခံသည့် တရားဘာဝနာ စီးဖြန်းခြင်းနှင့် လက်တွေ့ကွင်းဆင်း သာသနာပြုခြင်း” ဟူသည့် အမှုတော် နှစ်မျိုးကို နေ့စဉ် အချိန်အညီအမျှခွဲ၍ ဆက်ကပ်လုပ်ဆောင် မည့် စစ္စတာရ်ဂိုဏ်း တည်ထောင်ရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။

ဟားခါးသာသနာ၏ အထူးကျေးဇူးရှင် လမ်းစဉ်သွယ်အသင်း (The Little Way Association) ဂုဏ်ပြုသည့်အနေဖြင့်သော်လည်းကောင်း၊ ဤဂိုဏ်းသည် လီဆူး မြို့သူ ရဟန္တာထရေဇားလေး၏ ၀ိညာဉ်ရေးလမ်းစဉ်သွယ် ကျင့်စဉ်ကို လိုက်နာကျင့်ကြံမည့် စစ္စတာရ်ဂိုဏ်းဖြစ်ခြင်းကြောင့် လည်းကောင်း ဤဂိုဏ်းအမည်ကို “စိန်ထရေဇား လမ်းစဉ်သွယ်စစ္စတာရ်ဂိုဏ်း” ဟု ခေါ်ဆိုရခြင်း ဖြစ်သည်။

လီဆူးမြို့သူ ထရေဇား၏ ဘွဲ့နာမအရင်းမှာ “သူငယ်တော် ယေဇူးနှင့် ယေဇူး၏ သန့်ရှင်းသော မျက်နှာတော်၏ ရဟန္တာထရေဇား” (St. Therese of Child Jesus and the Holy Face of Jesus) ဖြစ်ပါသည်။ သို့သော် လွယ်လင့်တကူ “လီဆူးမြို့သူ ထရေဇား” (St. Therese of Lisieux) ဟုလည်း ခေါ်လေ့ရှိပါသည်။

ဂိုဏ်းအတွက်လိုအပ်သည့် မိခင်ဌာနအဆောက်အဦများကို စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ၁၉၉၅-ခုနှစ်၌ စတင်ဆောက်လုပ်ခဲ့ပြီး ၀င်လိုသူ (၃၉) ဦးဖြင့် သင်တန်းကို ၁၉၉၇-ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် အစပြု ဖွင့်လှစ်နိုင်ခဲ့သည်။ ဂိုဏ်း၏ အစပျိုးမှုကို “စိန်ဂျိုးဇက်စစ္စတာရ်ဂိုဏ်း” မှ စစ္စတာရ်အစွန်းတားဝေါင်း (လက်ရှိအကြီးအကဲ) နှင့် စစ္စတာရ်ဘာဆီးလီယား တို့က စတင် ဦးဆောင်လမ်းညွှန်ပေးခဲ့ကြသည်။ ပထမဦးဆုံးသော စိန်ထရေဇားလမ်းစဉ်သွယ် စစ္စတာရ် (၂၆) ပါးကို ၂၀၀၁-ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် မွေးထုတ်ပေးနိုင်ခဲ့သည်။

ဆရာတော် နီကောလားစ်မာန်ထန်းသည် ရဟန်းမင်းကြီး ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် အာဒရီယာနိုဘယ်နဒီးနီမှတဆင့် ရောမမြို့ရှိ သာသနာပြန့်ပွားရေး ဗဟိုဌာနချုပ် (Congregation of the Evangelization of People)၏ ညွှန်ကြား ချက်လုပ်ပိုင်ခွင့်အရ ကိုယ်တိုင် စိန်ထရေဇားလမ်းစဉ်သွယ် စစ္စတာရ်ဂိုဏ်း၏ “အခြေခံမူ နှင့် စည်းကမ်းဥပဒေများ” ကို ၂၀၀၄-ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်း ပေးခဲ့သည်။

၎။ ဂိုဏ်း၏အထူးကျင့်စဉ် (Charism)

စိန်ထရေဇားနည်းတူ ကလေးငယ်တစ်ဦးက မိဘကို အကြွင်းမဲ့ ယုံကြည် အားကိုးသကဲ့သို့ ဘုရားရှင်ကို အကြွင်းမဲ့ယုံကြည်အားကိုးခြင်းဖြင့် လမ်းစဉ်သွယ် ၀ိညာဉ်ရေးကျင့်စဉ်ကို ကျင့်ကြံရန် ဖြစ်သည်။

“Childlike Confidence in God”

၅။ ရည်ရွယ်ချက် (Purpose)

  1. ကိုယ်တိုင်သာသနာပြုရန်၊
  2. သာသနာပြုများ အထူးသဖြင့် ဘုန်းတော်ကြီးများအတွက်နှင့် ဘုန်းတော် ကြီးဘ၀သို့ ခေါ်တော်မူခြင်းရရှိရေးအတွက် ကိုယ်တော်မြတ်ဖူးခြင်းဖြင့် ဆုတောင်းပေးရန်၊
  3. အမျိုးသမီးများ၏ ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ဘ၀မြှင့်တင်ရေးလုပ်ငန်းများ ဦးဆောင်ကူညီ လုပ်ဆောင်ရန်၊

အသင်းဂိုဏ်း၏၀ိညာဉ်ရေးရာလမ်းစဉ် (Spirituality)

  1. ခမည်းတော်ဘုရား၏ အလိုတော်အား ကလေးသူငယ်ကဲ့သို့ ယုံကြည် ကိုးစားမှုဖြင့် အပ်နှံကာ သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်မှုအားဖြင့် သားတော် ခရစ်တော်ယေဇူး၌ ခမည်းတော် ဘုရားနှင့် နက်ရှိုင်းစွာ ပေါင်းစည်းနေထိုင်ခြင်း။
  2. ခမည်းတော်ဘုရား၏ ပထမဦးဆုံးသော တမန်တော်နှင့် ရဟန်းချုပ်ဖြစ်သော ကယ်တင်ရှင် ခရစ်တော်ကို ယုံကြည်ခြင်းနှင့် ဘ၀ဖြင့် သက်သေခံခြင်း။
  3. ကားတိုင်ထက်မှ သားတော်ယေဇူး၏ ခြေရင်း၌ မိမိ၏ယုံကြည်ခြင်းကို ၀န်ခံခဲ့သော ဘုရင်မ Regina Confessorum သခင်မအား ကြည်ညို ကိုးစား၍ စံထား အတုယူခြင်း။
  4. ဘုရားရှင်၏ ၀ိညာဉ်တော်ဖြင့် နေထိုင်ခြင်းအသက်တာနှင့် စစ်မှန်ပြီး စဉ်ဆက်မပြတ် ထူးခြားသော ကျင့်စဉ်အသက်တာကို လုံးလုံးလျားလျား စွန့်လွှတ်ဆက်ကပ်ခြင်း၊ တွယ်တာမှု ကင်းမဲ့ခြင်းတို့ဖြင့် သာသနာပြုလုပ်ငန်းများ၏ တောင်းဆိုမှုဟူသမျှကို အဆင်သင့်ပေးဆက်ခြင်း။

St. Theresa Convent
14, Myawaddy Road,
Myenigone, Sanchaung Tsp
Yangon
Tel: 0973250657
(Superior) Sr. Anna Aw Min