St. Mark

Edward Win Pe @ Eddie
Yemon
Yangon Division
Mobile: +95 (0)9 508 8783

Fr. Edward Win Pe (Pastor)

Sunday Mass
8:30a.m.(Myan.)

Yemon town is located on Yangon-Bago Highway main road. It is over 40 miles Northeast of Yangon. This mission was started since 1980s with a catechist. Starting from 2001 it was established as a parish with its parish priest. According to the 2004 statistics, there are 363 Catholics living in this parish.
ရဲမွန်မြို့သည်ရန်ကုန်၊ ပဲခူးအဝေးပြေးလမ်းမပေါ်၌ရှိပြီး ရန်ကုန်မြို့၏ အရှေ့မြောက်ဘက်မိုင်၄၀-ခန့်အကွာတွင် တည်ရှိသည်။ ဤသာသနာကို၁၉၈၀-ခုနောက်ပိုင်း၌ ဓမ္မဆရာတစ်ဦးနှင့် အစပြုခဲ့ပြီး၊၂၀၀၁-ခုနှစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါး သီးခြားခန့်ထား၍ သာသနာနယ်အသစ်တခုအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ လက်ရှိဘာသာဝင်ဦးရေ ၃၆၃-ဦး ရှိလေသည်။

ဤသာသနာကို ယခုထိ ကျောင်းထိုင်ဘုန်းတော်ကြီး (၄)ပါး တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယခုလက်ရှိ ကျောင်းထိုင်လက်ထက်တွင် ဓမ္မဆရာမ (၂)ဦးနှင့် မိသားတစ်စု၊ ဘုန်းတော်ကြီးနှင့် လက်တွဲ၍ သာသနာ့ အကျိုးသယ်ပိုးနေပါသည်။ ကျောင်းဝင်းလုံခြုံမှုအတွက် ပြည့်စုံသော ခြံစည်းရိုးမရှိပေ။ ဤသာသနာရှိ ဘာသာသူအများစုမှာ အစိုးရ၀န်ထမ်းနှင့် စစ်မှုထမ်းဟောင်း မိသားစုများဖြစ်ကြပြီး နွမ်းပါးကြသူများဖြစ်ကြပါသည်။ စိတ်ဇွဲထက်သန်ကြသော်လည်း လက်တွေ့ဘ၀တွင် သာသနာကိုမထောက်ပံ့နိုင်ကြပါ။ သာသနာ့အနေနှင့်လည်း ကိုယ်ပိုင်ဝင်ငွေ လုပ်ငန်းတစ်စုံတစ်ရာမျှမရှိပေ။
ဝိညာဉ်ရေးအနေနှင့် ဤသာသနာတွင် နေ့စဉ်မစ္ဆားမရှိပေ။ နေ့စဉ်မစ္ဆားကို ဘုန်းတော်ကြီး အနေနှင့် သီးသန့်သာ ဟောကြားလေ့ရှိသည်။ သို့ရာတွင်ဘာသာသူများသည် ဥပုဒ်နေ့မစ္ဆား များ၌ ကြိုးစားတက်ရောက်ကြသည်ကို အားရဖွယ်ရာတွေ့ရပေသည်။