Little Brothers of St. Francis Xavier

The Brief History of Congregation of the Little Brothers of St. Francis Xavier (SFX)

SFXWhen Bishop Bigandet had founded the indigenous Congregation of the sister of St. Francis Xavier to take care of the girls’ school in 1874, he expressed the wish of seeing one day a similar indigenous Congregation of Brothers come into existence in order to care for the boys’ Schools of the Mission. and added: When will this idea be in reality? Many years, unfortunately, elapsed before the idea was indeed taken up.

At long last, however, it was God’s providence we must say that when a Major Seminarian called Joannes Maung Ngnunt, from the Major Seminary in Penaing Malaysia, changed his priestly vocation of religious life, Bishop Provost took this opportunity, realizing the necessity of such a Congregation, began to make plans for its foundation in 1934. Many a time he spoke of it to members of the clergy, and tried to start it, first at Moulmein, then at Thonze, Danbie, Kanazogon and Myaungmya. But each time, for some reason or other, the attempt failed.

In December 1941, Bishop Provost finally decided to entrust the formation of the Brothers to the staff of the Seminary; in the next year on the 1st of January 1942 with one man named Joannes Maung Ngnunt, the Congregation was founded and the nomination was given as the Congregation of St. Francis Xavier. It was Mawlamyine itself. A Major Seminarian Joannes Maung Ngnunt was given the name Paschal and he become Bro. Paschal as he made 1st profession in June 1947. It was Bro. Paschal the very first candidate of our Congregation of St. Franxxis Xavier.

We are, in this present time in 2010

Professed Brothers: 82
Novices: 12
Postulants: 5
Aspirants: 20
Communities in Myanmar: 29

Our Charism

Preaching and witnessing the Gospel the good News in all aspects. As times passed and our Congregation was transferred to Mauanchaung, Pathein.

The Present Superior General

Bro. Daniel Htun Sin SFX

Our Motto

Word and deed- Ore et opere

Our Address

Brothers’ Mother House
Mayanchaung Village, Pathein
Ayeyarwady Division
Myanmar

YANGON ARCHDIOCESE

1. XAVERIAN PRINTING PRESS
Migalataung Nyunt Township,
Yangon, Myanmar.
Tel 01- 246004
Community Leader -Bro. Benedict SFX

2. 7- MILE BROTHERS
Mayangone Township
Yangon
Tel 01- 660423
Community Leader Bro. Sabastian SFX

3. ST. JUDE’S CHURCH
1/9/22, Thamardih Street,
Kanbeh, Yankin P.O.
Yangon.
Tel : 09 50 85096, c/o : 01- 566749
Community Leader Bro. Lucas SFX

4. ST. PETER’S & ST. PAUL’S CHURCH
Station Road, 2129 B.O.C
Nantthargone, Insein, Yangon.
Tel 01- 643781
Commuinty Leader Bro. Francis Xavier SFX

5. SACRED HEART CHURCH Sin-Kan-Yat- Kwet
Kyauktan, Yangon Division
Tel 056-25298
Community Leader Bro. Felix SFX

6. CATHOLIC CHURCH
Pegnwegone
Shwechaung Village
Kyaukdaga Township,
Bago Division
Community Leader Bro. Innocent SFX

ရှေးနှစ်ပေါင်း ၇၀-ခန့် စောပြီး မိန်းကလေးများအတွက် သာသနာကျောင်းများကို ကြည့်ရှု အုပ်ချုပ်ရန် စိန်ဖရန်စစ်ဇေးဗီးယား စစ္စတာရ်ဂိုဏ်းကို ဆရာတော်ကြီး ဘီဂန်းဒက်မှ တည်ထောင်ခဲ့ပြီး နောက် ယောက်ျားလေးများအတွက် သာသနာကျောင်းများကို ကြည့်ရှုအုပ်ချုပ်ရန် ဘရာသာရ်ဂိုဏ်း ကိုလည်း တည်ထောင်ရန် လိုအပ်ကြောင်း စိတ်ကူးစိတ်သန်း ရှိခဲ့သည်ကို သိရှိရပါသည်။ သို့သော် မည်သို့သောအချိန်တွင် ဖြစ်လာမည်ကား မသိရှိနိုင်သေးချေ။

နောင်နှစ်အတော်ကြာလာသည့်အခါ ဆရာတော်ကြီးပရိုဖို့စ်သည် ဘရာသာရ်ဂိုဏ်းတည် ထောင်ရန် အမှန်လိုအပ်ကြောင်း သိမြင်လာရာ ရဟန်းများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ဘရာသာဂိုဏ်းဖြစ်ပေါ်လာရန် အချိန်ကြာခဲ့သော်လည်း ၁၉၃၄-ခုနှစ် ရောက်သည့်အခါ အာရုံဦးအချိန် နေရောင်ခြည်သန်း နေမင်းထွန်းလင်း တောက်ပလာလေတော့သည်။ ဘုရားသခင်သည် ဘရာသာရ်ဂိုဏ်းတည်ထောင်ရန် အလိုရှိကြောင်း ထင်ရှားသိရှိရသည်မှာ မလေးရှားနိုင်ငံ၊ ပီနိုင်မြို့ ရဟန်းဖြစ်သင် တက္ကသိုလ်ကျောင်းတွင် ပညာသင်ယူနေသော ရဟန်းလောင်းလေး ကိုရင်ဂျွာနက် (ခ) မောင်ညွန့်သည် မိမိ၏ခေါ်တော်မူခြင်းကို ပြောင်းကာ ဘရာသာရ်ဘ၀၏ ခေါ်တော်မူခြင်းသို့ အကြောင်းပါလာသဖြင့် ၎င်းကို အကြောင်းပြုကာ ဆရာတော်ကြီး ပရိုဗို့စ်သည် ဘရာသာရ်ဂိုဏ်းတည် ထောင်ရန် စတင် ဆုံးဖြတ်ချက်ချလိုက်လေသည်။ မော်လမြိုင်၊ သုံးဆယ်၊ ကနစိုးကုန်း၊ ဓန်ဘီနှင့် မြောင်းမြမြို့ များတွင် စတင်ကြိုးစားခဲ့သော်လည်း ခေတ်မကောင်းသည့်အချိန်ဖြစ်သည်နှင့် အောင်မြင် ခြင်း မရှိခဲ့ချေ။

သို့ရာတွင် ၁၉၄၁-ခုနှစ်၊ ဒီဇင်ဘာလတွင်မူ ဆရာတော်ကြီး ပရိုဗို့စ်သည် ဂျွာနက်မောင်ညွန့် တစ်ဦးတည်းနှင့် ဘရာသာရ်ဂိုဏ်းကို အတည်တကျ တည်ထောင်ရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။ တည်နေရာကား မော်လမြိုင်မြို့တွင်ပင် ဖြစ်ပေသည်။ ဂိုဏ်း၏နာမကို စိန်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်ဂိုဏ်းအမည်ဖြင့် မှည့်ခေါ်လေသည်။ ၁၉၄၂-ခု၊ ဇန်န၀ါရီလ (၁) ရက်နေ့ကို ဂိုဏ်းတည် သောနေ့အဖြစ် သတ်မှတ်အတည်ပြုခဲ့ပါသည်။ ကိုရင်ဂျွာနက်မောင်ညွန့်မှာ နာမည်ပြောင်းကာ ဘရာသာရ်ပါစကား အမည်ခံယူပြီး ၁၉၄၇-ခုနှစ်၊ ဇွန်လတွင် သစ္စာခံယူခဲ့ပါသည်။

သို့ဖြင့်ဆိုရသော် ဘရာသာရ်ကြီးပါစကားသည် စိန်ဖရန်စစ်ဇေးဗီးယားဘရာသာရ်ဂိုဏ်း၏ ပထမဦးဆုံးဂိုဏ်းသားပင် ဖြစ်လေတော့သည်။

ဂိုဏ်း၏ခံယူရရှိသည့် ကျေးဇူးတော်မှာ “(Charism) ဧ၀ံဂေလိ သတင်း ကောင်းကို တတ်ကျွမ်းသည့် ပညာနည်းမျိုးစုံအားဖြင့် ဟောပြောသက်သေခံခြင်း” ဖြစ်ပါသည်။

နှစ်ကာလ အချိန်အတိုင်းအတာကြာပြီးနောက် ဘရာသာရ်ကျောင်းကို မော်လမြိုင်မှ မရမ်းချောင်းရွာ၊ ပုသိမ်မြို့သို့ ပြောင်းရွှေ့လာခဲ့ရာ ယခုမျက်မှောက်ခေတ် အချိန်အထိ တည်ရှိလျက် ရှိပါသည်။

  • ယခု ၂၀၁၀-ခုနှစ် လက်ရှိအချိန်တွင် ဘရာသာရ်ပေါင်း ၈၂ ပါး၊
  • ဘရာသာရ်လောင်းများ (Novices) ၁၂-ပါး
  • တောင်းခံသူများ (Postulants) ၅-ယောက် နှင့်
  • ၀င်လိုသူများ (Aspirants) ၁၀- ယောက်ရှိပါသည်။
  • မြန်မာပြည်တစ်ပြည်လုံးတွင် ဘရာသာရ်အသင်းစုပေါင်း – ၂၉ စု၊
  • ယခုလက်ရှိဂိုဏ်းကို ဦးဆောင်နေသူမှာ ဘရာသာကြီး ဒါနီအဲလ် ဖြစ်ပါ သည်။

ဂိုဏ်း၏ဆောင်ပုဒ်မှာ

(ဟောပြောမည်၊ လေ့ကျင့်မည်၊ Word and deep – Ore et Opere)

တည်နေရာနှင့် လိပ်စာ

ဘရာသာရ်များကျောင်းတိုက်
မရမ်းချောင်းရွာ၊ ပုသိမ်မြို့။