Good Shepherd Sisters (RGS)

The Congregation of Our Lady of the Charity of the Good Shepherd, founded by St.Mary Euphrasia Pelletier, was approved by Pope Gregory XVI on January 16, 1835.The congregation has its origin in the order of Our Lady of Charity, founded by St.John Eudes in 1641.

rgs1St.John Eudes was an outstanding priest and leader in the Christian renewal of 17th century France.He is especially known as the father, doctor and apostle of the liturgical devotion to the heart of Jesus and Mary. During his missionary travels through France, Father Eudes became increasingly aware of the moral distress and exploitation of many girls and women. To help those women who desired to change their lives, he established a refuge in 1641 which he confided to some women who wished to share in his ministry of charity. From this beginning the order of Our Lady of Charity evolved. To show the beauty of this vocation and to ensure that the sisters remain faithful to their specific end, he gave them a fourth vow zeal for the salvation of souls.

rgs2In 1814 Rose Virginie Pelletier entered the Order of Our Lady of Charity at Tours and was given the name of Mary of St.Euphrasia. Combining a zealous apostolic life with a deep spirituality she spent the early years of her religious life in active ministry to young women. At the age of 29 she was elected superior at Tours and invigorated the life of the community and its apostolic ministry. While at Tours Sisters Mary Euphrasia realized that some women wished to dedicate their lives to God and she formed a contemplative community under the patronage of St. Mary Magdalene.The specific orientation of the community was prayer and conversion. Sister Mary Euphrasia, who had a spiritual affinity with St.Teresa of Avila, based of prayer and silence the contemplative sisters would also bring spiritual fruitfulness to the community.

At the invitation of Bishop Charles Montault, a house was established in Angers in 1829.It was called “Good Shepherd” in memory of another house with a similar ministry which had existed in Angers during the previous century . In 1831 Sister Mary Euphrasia founded a contemplative community in Angers. Their constitutions were approved in 1834 by Bishop Montault.

Sister Mary Euphrasia longed that the whole world would benefit from the saving work initiated by St.John Eudes. She saw the need for a central government so that the sisters could be sent to all parts of the world. After many difficulties, the generalate was approved in 1835. With this approval the Church established a congregation distinct from the Order of Our Lady of Charity. The new congregation received the name of ‘Our Lady of Charity of the Good Shepherd of Angers’. Within the congregation the two ways of life, contemplative and apostolic, would have the same end, the glory of God and the salvation of souls. At the death of Sister Mary Euphrasia on April 24, 1868 there were 110 houses worldwide. Sister Mary Euphrasia was canonized on May 2, 1940. At the 1985 Congregational Chapter, the official name of the congregation became Our Lady of Charity of the Good Shepherd so as to reflect our internationality.

The spirituality of the Congregation of Our Lady of Charity of the Good Shepherd is centred on the person of Christ. Devotion to the Heart of Jesus and Mary, love of God’s will and zeal for the salvation of souls are distinguishing characteristics derived from the doctrine of St.John Eudes. In contemplative the Heart of Jesus, Sister Mary Euphrasia experienced the compassion and solicitude of the Good Shepherd. Her burning desire to share in the redemptive mission of Jesus was accomplished through her love of the cross, of the Eucharist and her loving obedience to the Church. She recognized the image of God in each person, instilling in her sisters respect for the dignity of all persons.

စိန်မေရီယူဖရေးဇီးယားပဲလ်တီအဲရ်သည် မယ်တော်၏စေတနာ ဘွဲ့ခံကောင်းသော သိုးထိန်း သီလရှင်အသင်းကို တည်ထောင်ခဲ့ပြီး (၁၈၃၅)ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် (၁၆) ကြိမ်မြောက် ရဟန်းမင်းကြီး ဂရေဂေါ်ရီ မှ အတည်ပြုခဲ့သည်။ (၁၆၄၁) ခုနှစ်တွင် စိန်ဂျွန်းယူးစ် တည်ထောင်ခဲ့သော မယ်တော်၏ စေတနာဘွဲ့ခံ သီလရှင်အသင်းမှ ကောင်းသောသိုးထိန်းအသင်း အစပျိုးခဲ့သည်။

စိန်ဂျွန်ယူးစ်သည် (၁၇)ရာစု၌ ပြင်သစ်ပြည်တွင် ခရစ်ယာန်ပြုပြင်ပြောင်းလဲရေး၌ ထင်ပေါ် ကျော်ကြားသော ရဟန်းတစ်ပါးဖြစ်ပြီး ခေါင်းဆောင်ကောင်းတစ်ဦးလည်း ဖြစ်ခဲ့သည်။ စိန်ဂျွန်ယူးစ် သည် ဖခင်ပညာရှိ သုခမိန်နှင့် ယေဇူးနှင့်မယ်တော်၏ နှလုံးတော်ကို ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ တမန်တော်အဖြစ် အထူးကျော်ကြားခဲ့သည်။ ဘုန်းတော်ကြီး ဂျွန်ယူးစ်သည် ပြင်သစ်ပြည်တ၀ှမ်း သာသနာပြု ခရီးထွက်ရာတွင် စာရိတ္တ နိမ့်ကျမှုကြောင့် ဒုက္ခရောက်နေကြသော မိန်းကလေးများနှင့် အမျိုးသမီးများသည် သူတစ်ပါး၏အကျိုးအတွက် အသုံးပြုခြင်းခံနေရကြောင်းကို ပို၍ သတိပြုမိ ခဲ့သည်။ မိမိတို့၏ဘ၀ကို ပြောင်းလဲလိုသော ထိုအမျိုးသမီးများအတွက် ခိုကိုးရာမဲ့ဂိုဏ်းကို (၁၆၄၁) တွင် တည်ထောင်ခဲ့ပြီး ၄င်းဂိုဏ်းကို သူ၏ကရုဏာရေးတွင် ပါဝင်ဆောင်ရွက်လိုကြသော အချို့သော အမျိုးသမီးများထံ ယုံကြည်စွာအပ်နှံထားခဲ့သည်။ ဤအစပျိုးခြင်းမှ မယ်တော်၏ စေတနာဘွဲ့ခံဂိုဏ်း တဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။ မြင့်မြတ်သော ခေါ်တော်မူခြင်းကိုပြရန်နှင့် သီလရှင်များ သည် မိမိတို့၏ထူးခြားသော ခေါ်တော်မူခြင်းကို အဆုံးတိုင် သစ္စာရှိစွာနေထိုင်ရာ၌ ဘေးကင်း လုံခြုံ စေရန် စိတ်စေတနာ ထက်သန်ခြင်းတည်းဟူသော စတုတ္ထသစ္စာကို ၀ိညာဉ်များ ကယ်တင်ခြင်း အတွက် ပေးခဲ့သည်။

(၁၈၁၄)တွင် ရို့ဗာဂျီနီပဲလ်တီအဲရ်သည် တူးစ်မြို့ရှိ မယ်တော်၏စေတနာဘွဲ့ခံ သီလရှင်အသင်း သို့ ၀င်ရောက်ခဲ့ပြီး သူမအား စစ္စတာမေရီယူဖရေးဇီးယား ဟူသောအမည်ကို ပေးအပ်ခြင်းခံခဲ့ ရသည်။ သူမသည် ထက်သန်သော တမန်တော်စိတ်ထားနှင့်အတူ ဘုရားသခင်နှင့် တစ်လုံးတစ်ဝ တည်းပေါင်းစပ်ပြီး သီလရှင်ဘ၀ အစပိုင်းနှစ်များတွင် အမျိုးသမီးငယ်များနှင့် တိုက်ရိုက်လှုပ်ရှား အစေခံခြင်းဖြင့် အချိန်ကို ကုန်လွန်စေခဲ့သည်။ အသက် (၂၉)တွင် တူးစ်မြို့၌ သူမအား အကြီး အကဲအဖြစ် ရွေးကောက်တင်မြှောက် ခြင်းခံရပြီး အတူနေသီလရှင်တို့၏ ဘ၀နှင့် ၄င်းတို့၏ တမန်တော်လုပ်ငန်းကို အသက်ဝင်အောင် ဆောင်ရွက်ခဲ့သည်။ တူးစ်မြို့၌ရှိစဉ် အချို့သော အမျိုးသမီးများသည် မိမိတို့၏ ဘ၀ကို ဘုရားသခင်အား ဆက်ကပ်ရန် ဆန္ဒရှိကြောင်းကို စစ္စတာရ် မေရီယူဖရေးဇီးယား ရှင်းလင်းစွာသိခဲ့ရပြီး သူတို့အား အထူးကြည့်ရှုစောင်မသော ရဟန္တာအဖြစ် စိန်မေရီမာ ဒလင်း လက်အောက်၌ တရားအားထုတ်မှုကိုသာ အာရုံပြုသော အတူနေအဖွဲ့အစည်းကို ပုံသွင်းပေးခဲ့သည်။ ထိုအတူနေအဖွဲ့အစည်း၏ သီးသန့်ရည်ရွယ်ချက်မှာ ဆုတောင်းခြင်းနှင့် စိတ်နှလုံး ပြောင်းလဲစေခြင်းပင်ဖြစ်၏။ စစ္စတာမေရီယူဖရေးဇီးယားသည် ၀ိညာဉ်ရေးအရ အာဗီလာမြို့မှ ရဟန္တာမ ထရေဇားကို အထူးနှစ်သက်သဖြင့် ၄င်းတို့၏ဘ၀ကို ကာမယ်တို့၏ ရှေးရိုးဥပဒေပေါ်တွင် အခြေခံခဲ့သည်။ တရားအားထုတ်မှု၌ မြတ်နိုးသော သီလရှင်တို့၏ ဆုတောင်းခြင်းနှင့် တိတ်ဆိတ်ငြိမ် သက်ခြင်းအားဖြင့် တမန်တော်လုပ်ငန်းကို လုပ်ဆောင်နေကြသော အတူနေသီလရှင်များအတွက် ၀ိညာဉ်ရေးဆိုင်ရာ များစွာသော အသီးအပွင့်များ ယူဆောင်လာနိုင်ကြောင်းကိုလည်း သိရှိခဲ့ရသည်။

ဆရာတော်ချားလ်မွန်တော့၏ ဖိတ်ခေါ်ချက်အရ အွန်ဂျေမြို့၌ ကျောင်းတစ်ကျောင်းကို (၁၈၂၉) တွင် တည်ထောင်ခဲ့သည်။ လွန်ခဲ့သောရာစုနှစ်တွင် အွန်ဂျေ၌ အလားတူ လုပ်ငန်းတည်ရှိနေခဲ့သော အခြားကျောင်းတစ်ကျောင်းကို သတိတရဖြစ်စေရန် ထိုကျောင်းကို ကောင်းသောသိုးထိန်းကျောင်းဟု ခေါ်ဝေါ်ခဲ့သည်။ (၁၈၃၁) တွင် စစ္စတာ မေရီယူဖရေးဇီးယားသည် တရားအားထုတ်မှု၌သာ အာရုံပြုသော အတူနေအဖွဲ့ အစည်းကို အွန်ဂျေမြို့တွင် တည်ထောင်ခဲ့သည်။ သူတို့၏ အခြေခံ ဥပဒေကို ဆရာတော်မွန်တော့ မှ (၁၈၃၄) တွင် အတည်ပြုခဲ့သည်။

စစ္စတာမေရီယူဖရေးဇီးယားသည် စိန်ဂျွန်ယူးစ် စတင်ခဲ့သော လုပ်ငန်းကို ကမ္ဘာတ၀ှမ်းလုံး၌ အကျိုးဖြစ်ထွန်းစေရန် ပြင်းပြစွာ တောင့်တခဲ့သည်။ သီလရှင်များကို ကမ္ဘာအနှံ့ စေလွှတ်နိုင်ရန် အလို့ငှာ အသင်းကို ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ရန်လိုအပ်နေသည်ကို သူမမြင်လာ၏။ အခက်အခဲ များစွာ တွေ့ကြုံပြီးနောက် (၁၈၃၅)တွင် ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်မှုကို အတည်ပြုခဲ့၏။ အသင်းတော် ၏ အတည်ပြုချက်နှင့်အတူ မယ်တော်၏ စေတနာဘွဲ့ခံအသင်းမှ ခွဲခြားတည်ထောင်ပေးခဲ့၏။ ထိုအသင်းသစ်သည် အွန်ဂျေမြို့ မယ်တော်၏ စေတနာဘွဲ့ခံ ကောင်းသောသိုးထိန်းဟူသော အမည် သစ်ကို ရရှိခဲ့သည်။ အသင်းထဲ၌ ပြုမူနေထိုင်ပုံ ဘ၀နှစ်မျိုးရှိ၏။ တရားအားထုတ်ခြင်း၌သာ အာရုံပြု သော ဘ၀နှင့် တမန်တော် လုပ်ငန်းလုပ်ဆောင်သော ဘ၀ဟူ၍ရှိပြီး ထိုဘ၀နှစ်ခုလုံး၌ ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ၀ိညာဉ်များကယ်တင်ခြင်းဟူသော တူညီသော ရည်ရွယ်ချက်ရှိ၏။ (၁၈၆၈) ဧပြီလ၂၄ ရက် စစ္စတာမေရီယူဖရေးဇီးယား ကွယ်လွန်ချိန်တွင် ကမ္ဘာတ၀ှမ်းလုံး၌ ကျောင်းပေါင်း (၁၁၀) ရှိနေပြီး ဖြစ်သည်။ စစ္စတာမေရီ ယူဖရေးဇီးယားသည် (၁၉၄၀)မေလ ၂-ရက်နေ့တွင် ရဟန္တာအဖြစ် တင်မြှောက်ခြင်းခံရသည်။

(၁၉၈၅) ခုနှစ်၌ ကမ္ဘာလုံးဆိုင်ရာအသင်း၏ အစည်းအဝေး၌ ကျွန်ုပ်တို့သည် နိုင်ငံအမျိုးမျိုးအား ကိုယ်စားပြုခြင်းကို ဖေါ်ပြရန် အသင်း၏တရားဝင်အမည်သည် မယ်တော်၏ စေတနာဘွဲ့ခံ ကောင်းသောသိုးထိန်းသီလရှင်များ ဟူ၍ ဖြစ်လာသည်။ မယ်တော်၏ စေတနာဘွဲ့ခံ ကောင်းသော သိုးထိန်းသီလရှင်အသင်း၏ ၀ိညာဉ်ရေး၌ ခရစ္စတူးသခင်ကို ဗဟိုပြုသည်။ သခင် ယေဇူးနှင့် မယ်တော်၏ နှလုံးတော်ကို သဒ္ဓါ ကြည်ညိုခြင်း၊ ဘုရား၏အလိုတော်ကို မြတ်နိုးခြင်းနှင့် စိတ်စေတနာထက်သန်ခြင်း စသည့် သီးခြားထင်ရှားသော ဂုဏ်အင်္ဂါတို့ကို စိန်ဂျွန်းယူးစ်၏ သင်ကြား ပေးမှုများမှ ရရှိခဲ့၏။

စစ္စတာမေရီယူဖရေးဇီးယားသည် ယေဇူး၏နှလုံးတော်ကို အလေးအနက် အာရုံပြုခြင်းဖြင့် သိုးထိန်းတော်မြတ်၏ ကရုဏာမေတ္တာနှင့် စိတ်ဝင်စားမှုကို တွေ့ကြုံ ခံစားရရှိခဲ့၏။ သခင်ယေဇူး၏ ကယ်တင်တော်မူခြင်း လုပ်ငန်းတော်၌ ပါဝင်လိုသော သူမ၏ ပြင်းပြသောဆန္ဒကို ကရူစူးကို ချစ်မြတ်နိုးခြင်း၊ ကိုယ်တော်မြတ် စက္ကရမင်တူးကို မြတ်နိုးခြင်းနှင့် အသင်းတော်အပေါ် သူမ၏ နာခံခြင်းတို့အားဖြင့် ပြီးပြည့်စုံစေခဲ့သည်။ လူတစ်ဦးချင်းစီ၌ တွေ့ရှိသော ဘုရားသခင်၏ ရွှေပုံသဏ္ဍာန် တော်ကို သူမသိရှိပြီး သူမ၏ သီလရှင်များအား လူအားလုံးကို သူတို့၏ ဂုဏ်သိက္ခာအတွက် လေးစား ရန် အတွေးအခေါ်တစ်ရပ်ကို သွတ်သွင်းပေးခဲ့သည်။

Congregational Leader – Sr.Brigid Lawlor
Province Leader- Sr.Michelle Lopez
Sector Leader – Sr.Veronica Anthony
Total members in Congregation – about 5000
Total members in Myanmar (Sisters) – 42
Novices – 6
Pre-novices – 7

Ministries in Myanmar

  1. Day care centers for the unfortunate children
  2. Health ministry
  3. Vocational and Leadership Training Program
  4. Residence for the students
  5. Mother and Baby Home Center
  6. Youth Ministries
  7. Basic Community Development
  8. Pastoral Ministry
  9. Educational Scholarship Program for Children

OUR LADY OF CHARITY OF GOOD SHEPHERD, RGS

Archdiocese of Yangon

1. Good Shepherd Sisters
112 Bogyoke Aung San Street.
Latha Tsp, Yangon 11111
Tel: (95)-1-251059
Email: myanmarsector@gmail.com
assumpta.sr@gmail.com

(Province Leader) Sr.Michelle Lopez (RGS)
(Sector Leader) Sr. Assumpta Shwe (RGS)
(Community Leader) Sr. Genevieve Khin Mu Mu (RGS)

2. Magyikwin
Good Shepherd Sisters’ Convent
Magyikwin village
Thayarwaddy Tsp
Yangon Division (Community Leader)
Sr.Jane Frances Nway Nway
Tel: 09 8676105
(Community Leader) Sr. Agnes Paitu (RGS)
Email: agnes.paitu@gmail.com