F.S.C

CONGRAGATION

Brothers of the Christian Schools (or) De La Salle Brothers
F.S.C

FOUNDER

Father John Baptist De La Salle
1651-1719
Rheims – France.

CHARISM

The Spirit of Faith

MISSION

Christian Education Service to the poor though education

ARRIVE BURMA

1860.

YANGON

De La Salle House (Provincialate)
11, Maykha Road, Mayangone Township,
Yangon. Phone : 01-660726
St. Mary’s Cathdral Compound
372, Bo Aung Kyaw Street,
Yangon. Ph : 01- 381007

ဒေလာဆာလ် ခရစ်ယာန်ဘရာသာရ်ဂိုဏ်းအား ပြင်သစ်ရဟန်းတစ်ပါးဖြစ်သော ဂျွန်းဗတ္တိစ် ဒေလာဆာလ်သည် ၁၆၈၀-ခုနှစ်၌ တည်ထောင်ခဲ့သည်။ မိမိ၏ ခေတ်ကာလ ဖြစ်ပျက်မှုများအား အလေးထား စိတ်ဝင်စားမှုကို ပြခဲ့ရာ၌ သိရှိလိုက်သည့်အချက်မှာ ကူညီမှုအလိုအပ်ဆုံးသော သူများသည် ဘ၀၏ အောင်မြင်မှုနည်းနေသည့် အခြေအနေပင်ဖြစ်ပေသည်။

ဆင်းရဲသား ကလေးသူငယ်များတို့သည် ပညာသင်ယူရရှိရေးတွင် အခွင့်အရေး လုံးဝမရှိသည်ကို တွေ့မြင်ခဲ့သည်။ ဘ၀၏ အောင်မြင်မှုသည် ပညာရေး၌ အခြေခံသည်ကို ဒေလာဆာလ်သတိမူခဲ့၏။ ထို့ကြောင့် လူငယ်တို့၏ ပညာရေးကို ဆောင်ရွက်ရန် ဆရာများကို စုဆောင်းပြီး သင်ကြားပြသမှုလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ ကျောင်းများဖွင့်လှစ်၍ ချို့တဲ့သော ကလေးသူငယ်များကို ပညာသင်ကြားပေး၏။ ဆင်းရဲသား လူငယ်များအား အခမဲ့ ပညာသင်ကြား ပေးခဲ့ကြသော ကျောင်းဆရာများတို့သည် နောင်အခါ၌ ဒေလာဆာလ်ဘရာသာရ်များ အမည်ဖြင့် လူသိများလာခဲ့၏။ ဘရာသာရ်များတို့သည် ပေါင်းစည်းညီညွတ်သော အသင်းဂိုဏ်းအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ကမ္ဘာအနှံ့အပြားတွင် တာဝန်ထမ်းဆောင်လျှက် ရှိပေသည်။

(၁၆) ရာစုတွင် စတင်တည်ထောင်ခဲ့သော ဘရာသာရ်များဂိုဏ်းသည် ကမ္ဘာအနှံ့အပြားတွင် ရှိနေ၏။ နှစ် (၃၂၅) ကျော်ခဲ့ပြီဖြစ်ရာ ဒေဘာဆာလ်မိသားစုဝင်များအဖြစ် ဘရာသာရ်များ (၆၀၀၀)၊ ဆရာ/ဆရာများ (၅၀၀၀၀) တို့သည် တိုင်းပြည် (၈၅) ခုတွင် လူငယ်များအား ပညာဝေငှ သင်ကြားပေးခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ ဂျွန်ဗတ္တစ်ဒေလာဆာလ်အား ၁၉၀၀ ၊ မေလ (၂၄) ရက်တွင် ရဟန်းမင်းကြီး Benedic XIII က ရဟန္တာတင်မြှောက်ခဲ့ပြီး ၁၉၅၀၊ မေလ (၂၄) တွင် ရဟန်းကြီး Pius XII က ခရစ်ယာန် ဆရာ/ဆရာမများကို မှိုင်းမသော ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။

အသင်းသားများ၏ ကျင့်ဝတ်

ယုံကြည်ခြင်းသည် အသင်းသားတိုင်းအတွက် ပထမပဏာမ ဖြစ်သည်။ သမ္မာကျမ်းစာ တော်နှင့် သူတော်မြတ်အပေါင်း ဖော်ပြမိန့်မြွတ်ခဲ့သော ယုံကြည်ခြင်းအတိုင်း နေထိုင်သွားခြင်း ဖြစ်သည်။ ယုံကြည်ခြင်းကို ရရှိသူတိုင်း ယောဘ (Job) သည် အရာအလုံးစုံကို ဘုရားသခင် ပေးအပ်ပိုင်ခွင့်၊ သိမ်းပိုက်ပိုင်ခွင့်ရှိသည်ကို ယုံကြည်သကဲ့သို့ အရာအားလုံးကို ယုံကြည်ခြင်းစိတ်ဖြင့် မြင်တွေ့ရမည်။

ခရစ်တော်ကို “စံ”ထားပြီး နားထောင်ခြင်း၊ ဖြူစင်ခြင်း၊ ဆင်းရဲခြင်း သစ္စာသုံးပါး စောင့်ထိန်း ရမည်။ အဖွဲ့အစည်းနှင့် နေထိုင်ရမည်။ တရားဘာဝနာ ဆည်းပူးခြင်း၊ ဆုတောင်းခြင်းဖြင့် မိမိကိုယ်ကို နေ့စဉ် ဆက်ကပ်ရမည်။

ဆေးကြောခြင်းရရှိပြီး အသက်တာကို ဘုရားသခင်ထံ အပ်နှံပူဇော်ခဲ့သောသူ ဖြစ်သည်။ မိမိကိုယ်ကို ဘရာသာရ်များနှင့် ပေါင်းစည်းလုပ်ကိုင်မည်ဟု ကတိပြုကြသည်။ ဘရာသာရ်များ အနေ နှင့် ဆက်ကပ်ပူဇော်ရာတွင် အတူတကွ နေထိုင်လုပ်ကိုင်ခြင်းအပြင် သန့်ရှင်းစင်ကြယ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် နားထောင်ခြင်းတို့ဖြင့်လည်း ဖော်ပြသည်။

ဘရာသာရ်တစ်ပါးသည် မိမိနှင့် ဂိုဏ်းတစ်ခုလုံးအတွက် အထူးလုပ်ငန်းဖြစ်သော လူငယ် လူရွယ်များနှင့် အထူးသဖြင့် ဆင်းရဲသောသူများအတွက် ကယ်တင်ခြင်း၏ သတင်းကောင်းကို ကြေညာရန်ဖြစ်သည်။

ဆက်သွယ်ရန်လိပ်စာ

အမှတ် (၁၁)၊ မေခလမ်း၊။ မရမ်းကုန်းမြို့နယ်၊။ ဖုန်း- ၀၁-၆၆၀၇၂၆
အမှတ် (၇၅)၊ မြို့ပတ်လမ်း၊ ပြင်ဦးလွင်မြို့။ ဖုန်း- ၀၈၅-၂၇၇၅၃
အမှတ် (၁၀/၂၁၅)၊ တက္ကသိုလ်လမ်း၊ ကလောမြို့။
ဖုန်း- ၀၈၁- ၅၀၁၄၇
http ://www.lasalle.org/www.lasallemm.org