St. Theresa’s Catholic Church

Gabriel Aung San
97, Min Ye Kyaw Swa Road
Ahlone P.O. YANGON
Tel: +95 (0)1 230 2023

(Pastor) Fr. Gabriel Aung San

Daily Mass
6:30a.m.(Myan.&Eng.)

Sunday Masses
6:15a.m.(Myan.),8:15a.m.(Myan.)
4:00 p.m.( Chineses) Last Sun

St. Theresa’s Catholic Church

In December 1901, Fr. Germain Allard came to Rangoon and was entrusted with the mission for Chinese people and especially the Chinese Catholics. To learn Chinese language, Fr. Allard went to Singapore. After 2 years of learning the language, he came back to Yangon and resided at St. John’s Church. In 1915 the present St. Theresa Church land was bought with a house inside and it was used both for school and worship.

With the support of Bishop Perroy, the present church was built and dedicated on 20 November 1925. To honor St. Theresa of the Child Jesus who was canonized in 1925, the name of the church was given as St. Theresa’s church. In 2002 the Diamond Jubilee of the Church was solemnly celebrated under the leadership of Fr. Benedict Tun Maung, the parish priest at that time.

Ss. Peter & Paul’s Bible Training School

St. Peter & Paul’s Bible Training School was started in Thone-ze town in the year 1966 by Archbishop Gabriel Thohey Mahn Gaby. It was transferred to Insein town, a suburb town of Yangon since 1974. It has been run by appointed priests, religious men & women and catechists. Within 37 years it has brought forth more than 1700 Catechists and Home-missioners.

Many young men and women came from district and remote areas. But they are very eager and generous to serve in the church and especially to their brothers and sisters in the villages. Every year around 50 young candidates are trained. After the course, they are sent to their own parishes and other needed places to teach catechism to children, to help sick people where doctors cannot reach, to lead people in prayer services and to help parish priests in the administration and apostolic works. Many places where priests cannot reach benefit much. The people have also witnessed their tremendous service given to the Church and to God’s people in the past.
Until 2004 it is one year course, but starting from 2005 it is made 2 years course. During this 2 years course, spiritual, intellectual, social and human formations are given to these young people.

စိန်ထရေဇား ကက်သလစ်ဘုရားရှိခိုးကျောင်း(အလုံ)

၁၉၀၁ ခုနှစ်တွင် Fr. Germain Allard သည် ရန်ကုန်မြို့တော်သို့ရောက်လာပြီး၊ တရုတ်ဘာသာဝင်များကိုကြည့်ရှုရန် တာဝန်ပေးခြင်းခံရလေသည်။ ၄င်းနောက် တရုတ် ဘာသာစကားလေ့လာရန် စင်္ကာပူသို့ရောက်သွားပြီး၊၂ နှစ်ကြာသင်ကြားလေ့လာပြီး ရန်ကုန်သို့ပြန်လည်ရောက်ရှိလာပါသည်။ ၁၉၁၅ ခုနှစ်တွင် လက်ရှိစိန်ထရေဇားကျောင်း မြေနေရာကိုဝယ်ယူပြီး၊ ၄င်းအတွင်းရှိအိမ်ကို ၀တ်ပြုခြင်းနှင့်၊စာသင်ရန်အတွက် အသုံးပြုခဲ့လေသည်။

Bishop Perroy ၏အကူအညီဖြင့် လက်ရှိကျောင်းတော်ကြီးကို တည်ဆောက်ပြီး၊ နိုဝင်ဘာလ ၂၀ ရက် ၁၉၂၅ ခုနှစ်၌ ရေစက်ချကောင်းကြီးပေးခဲ့လေသည်။၁၉၂၅ ခုနှစ်တွင် ရဟန္တာတင်မြှောက်ခြင်းခံခဲ့ရသော သံတာထရေဇား၏ဘွဲ့နာမကို ထိုကျောင်းတော်အား ပေးခဲ့လေသည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Benedict Htun Maung လက်ထက် ၂၀၀၂ ခုနှစ်၌ စိန်ဂျူဗလီ ကိုကျင်းပနိုင်ခဲ့သည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ တရုတ်အမျိုးသားသာသနာ

မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက်အောက်ကျရောက်ပြီးနောက် တရုတ်အမျိုးသားဦးရေ သည်လည်း တဖြည်းဖြည်းများခဲ့ပါသည်။ ထိုအချိန်က ပီနန်၊ စင်္ကာပူနှင့် တောင်ပိုင်း တရုတ်ပြည်မှ တရုတ်လူမျိုးများအတွက် ရန်ကုန်မြို့သည် ဆန်စပါးနှင့်သစ်တောထွက် ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရန် ဗဟိုကျသောမြို့ကြီးတစ်မြို့ဖြစ်ခဲ့သည်။ ၁၈၈၇ခုနှစ် တွင် ဆရာတော်ဘီဂန်းဒက်သည် ဖာသာရ်ပဲရတ်ကို ခေါ်ယူ၍ ရန်ကုန်ရှိ စိန်ဂျွန်းကက်သလစ် ဘုရားကျောင်းကို တာဝန်ယူစေခဲ့သည်။ ရဟန်းနေထိုင်ရန် ရဟန်းဂေဟာတစ်ခုက်ု ဆောက်လုပ်ပြီး ဘုရားကျောင်းအဟောင်းတစ်ခုကိုလည်း ပြုပြင်ခဲ့ပါသည်။ ထိုအချိန်မှာပင် တရုတ်အမျိုးသားအချို့သည် တနင်္ဂနွေနေ့ဝတ်ပြုပွဲသို့ တက်ရောက်လေ့ရှိပြီး ဘုန်းတော် ကြီးသည် မြန်မာနှင့်အင်္ဂလိပ်လို တရားဟောကြားရာတွင် တရုတ်စကားနှင့်လည်း ဘာသာပြန်ပေးရသည်။
၁၈၉၄ ခုနှစ်၊ ဆရာတော်ဘီဂန်းဒက် ပျံလွန်တော်မူပြီးနောက် စိန်ဂျွန်းသာသနာတွင် မြန်မာနှင့် တရုတ် အမျိုးသားဘာသာဝင် (၅၄၀)ဦးရှိသည်ကိုတွေ့ရပြီး ဘုရားကျောင်းအဆောက်အဦး သည်လည်း အလွန်သေးငယ်သည်ကို တွေ့ရပါသည်။ ထိုနှစ်တွင်တရုတ်အမျိုးသား (၁၄)ဦးအပါအ၀င် လူပေါင်း (၂၉)ဦးကို သာသနာအတွင်း သွတ်သွင်းနိုင်ခဲ့ပါသည်။

၁၈၉၆ ခုနှစ်တွင် ဆရာတော်ကာဒိုသည် အသစ်ရောက်ရှိလာသော သာသနာပြုဘုန်းတော်ကြီး ချမောနဲ အား ခေါ်ယူကာပီနန်မြို့အနီးရှိ ဘာလိပ်ပူလောသို့ တရုတ်ဘာသာသင်ကြားရန် စေလွှတ်ခဲ့ပါသည်။ ထိုအချိန်မှာ ဘုန်းတော်ကြီးပဲရတ်တွင် တရုတ်လူမျိုးဘာသာဝင် (၈၀)ရှိပြီး ၄င်းတို့၏၀ိညာဉ်ရေး စောင့်ရှောက်ရန် ဘာသာစကားကျွမ်းကျင်သူ လိုအပ်ကြောင်း ဆရာတော်ထံသတင်းပို့ထားပြီးဖြစ်သည်။ မကြာမီ တရုတ်ဘာသာဖြင့် စာအုပ်တစ်သေတ္တာ ရောက်ရှိလာပြီး ပထမတွင်စိတ်အားတက်ကြွမှုရှိသော်လည်း များမကြာခင်စိတ်ဓါတ်ကျဆင်းပြီး အစီအစဉ်များလည်း ပျက်သွားခဲ့သည်။ စိန်ဂျွန်း သာသနာတွင်ရှိနေသည့် အခက်အခဲမှာ လူအမျိုးစုံခြင်းပင်ဖြစ်သည်။ မြန်မာ၊ ကရင်နှင့် အနောက်တိုင်း အနွယ်ဝင်များ အများအပြား ပါဝင်ပြီး တရုတ်အမျိုးသားမှာ လူနည်းစုဖြစ်နေခြင်းဖြစ်ပါသည်။

ဖာသာရ်အာလဒ်

ရန်ကုန်တွင် တရုတ်သာသနာအမှန်စတင်ဆောင်ရွက်သူမှာ ဖာသာရ်အာလဒ်ဖြစ်ပါသည်။ ပထမဦးစွာ ဖာသာရ်အာလဒ်အား ပုသိမ်သို့ပို့ပါသည်။ မြို့ပေါ်တွင်လူဦးရေ (၃၅၀၀၀)ရှိသည်ကိုတွေ့ရပြီး (၈၀၀၀)၊ (၉၀၀၀)သည်တရုတ်လူမျိုးဖြစ်လျက် တရုတ် ဘာသာစကားတတ်သူ သာသနာပြုတစ်ဦး တစ်ယောက်မျှ မရှိပေ၊ တကယ်တော့ အခြားမြို့များတွင် ဘာသာဝင်တရုတ်လူမျိုး အနည်းငယ်သည် ရှိနေပြီးဖြစ်သည်။ မှတ်မိသလောက် ၁၈၈၇ခု စက်တင်ဘာလတွင် ဆရာတော်ဘီဂန်းဒက်မြောင်းမြမြို့၊ ဖာသာရ်ကဲန်း(မ်) ဆောက်ခဲ့သော ပထမဦးဆုံးအုတ်ကျောင်းကို ကောင်းကြီးပေးရန် ကြွလာချိန်တွင် တရုတ်အမျိုးသား(၁၀)ဦးတို့သည် တရုတ်ဗုံသံများဖြင့် ကြိုဆိုခဲ့သည်ကို တွေ့ရှိခဲ့ပါသည်။ ဖာသာရ် ဘယ်လင်းဟိန်းကလည်း ညောင်တုန်းမြို့မှာ တရုတ်အမျိုးသား အချို့ကို ၄င်းအနေဖြင့် ဘာသာဝင် ဖြစ်စေခဲ့ပြီး ဆေးကြောခြင်းမင်္ဂလာပေးခဲ့ကြောင်း သူတို့သည် တရုတ်ပြည်ဖူကျဲန်သို့ ပြန်ကြပြီး ဟိုမှာရှသည့် မိသားစုကို ဆက်၍ဘာသာဝင်စေကြသည်။

ဆရာတော်ကာဒိုးသည် တရုတ်သာသနာကို ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အကောင်အထည် ဖော်စေလိုပါသည်။ အဓိကအခက်အခဲမှာ ဘာသာစကားမတူညီကြခြင်းပင် ဖြစ်သည်။ ဖာသာရ် အာလဒ်သည် ရန်ကုန်ရှိ တရုတ်လူမျိုး (၆၀၀၀၀)ခန့်အား ကြည့်ရှုရန် တာဝန်ပေးခံခဲ့ရပြီး ၄င်းလည်း တရုတ်ဘာသာစကား အနည်းဆုံး(၂)မျိုးတတ်မြောက်စေရန် စင်္ကာပူသို့သွားစေခဲ့သည်။ စင်္ကာပူသို့ သွားရန် ပြသနာမရှိခဲ့ပါ။ သို့ရာတွင် ဆရာတော်က ၄င်းအား တရုတ်လူမျိုးအတွက် သီးခြား ဘုရားကျောင်း၊ စာသင်ကျောင်း၊ သီးခြားဘာသာဝင်များဖြင့် သာသနာသစ်တစ်ခုဖွင့်စေလိုသည်။ ယင်းကိစ္စအကောင်အထည်ဖော်ရန် ငွေကြေးအတွက် စိတ်ပူမိကြောင်းဖြစ်သည်။

စင်္ကာပူတွင် တစ်နှစ်ခန့်နေပြီးနောက် ၁၉၀၇ခုနှစ်မှာ ဖာသာရ်အာလဒ်ပြန်ရောက်လာပြီး ဆရာတော် ကလည်း သူ့အား စိန်ဂျွန်းမှာတာဝန်ချထားခဲ့ပါသည်။ တရုတ်မိသားစုများရှိရာသို့ သွားရောက်ခဲ့သည်။ မိသားစုအများသည် ပုဂ္ဂလိကဆိုင်ပိုင်ရှင်များနှင့် ကုမ္ပဏီဝန်ထမ်းများ ဖြစ်ကြပြီး ဧရာဝတီမြစ်ရိုး တလျှောက်ရှိ မြို့များတွင် နေထိုင်ကြသည်။

ပထမ(၆)လကာလအတွင်း ဖာသာရ်အာလဒ်သည် တရုတ်မိသားစုများရှိရာသို့ သွားရောက်ခဲ့ပြီး ၄င်း၏ ဖော်ပြချက်အရ ဟတ်က(၉၁)ဦးနှင့် ဖူကျဲန်(၁၇)ဦးတို့ပါဝင်သော ဘာသာသို့ဝင်လိုသူ (၁၀၈) ဦးးကို ၄င်းအနေဖြင့် ရခဲ့ကြောင်းဖြစ်သည်။ ဖာသာရ်အာလဒ်သည် ကံအားလျှော်စွာ တရုတ်ပြည်တွင် ပညာသင်ကြားခဲ့သော ဘာသာဝင်လိုသူတစ်ဦးအား တွေ့ရှိပြီး ထိုသူအား ၄င်းဖွင့်လှစ်မည့်ကျောင်းတွင် တရုတ်စာပြရန် ဆရာအဖြစ် အသုံးပြုလိုကြောင်း ဖြစ်သည်။ ဖာသာရ်အာလဒ်၏ အစီရင်ခံစာတွင် ၄င်းအား၊ အားတက်စေသည့်ဖြစ်ရပ်တစ်ခုသည် ပေါ်ပေါက်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် ခံစားနေသည့် ရောဂါမှ အံ့ဖွယ်ရာ ပျောက်ကင်းခဲ့သည်ကိုအကြောင်းပြု၍ မိသားစုတစ်ခုသည် ရေကြောင်းခရီးဖြင့် (၂)ရက်တိုင် လာရောက်ရပြီး ဆေးကြောခြင်းပေးပါရန် တောင်းဆိုခြင်းဖြစ်သည်။

ဆရာတော်ကာဒိုက ဖာသာရ်အာလဒ်သည် ၄င်း၏ဘာသာဝင်များနှင့်တွေ့ရန် အမြဲလှုပ်ရှားနေသည်ကို တွေ့ရှိရ၍ ၄င်းသည် ၀မ်းသာမိကြောင်း (၁၉၀၉)ခုနှစ်က ပြောပြခဲ့သည်။ ထိုနှစ်တွင် လူကြီး (၆၃)ဦးကို ဆေးကြောခြင်းပေးနိုင်ခဲ့သည်။ အကယ်၍သာ ထိုလူများ၏ အိမ်ထောင်ရေးပြဿနာ မရှိခဲ့လျှင် ဆေးကြောခြင်းခံယူသူ ပိုများမည်ဖြစ်သည်။ တကယ်တော့ တရုတ်လူမျိုးအချို့ မြန်မာနိုင်ငံသို့ မရောက်မီကပင် အိမ်ထောင်ရှိခဲ့သူများဖြစ်၍ ဆရာတော်သည် ရောမမြို့သို့ ဤကိစ္စတင်ပြခဲ့ဖူးသည်။ တရုတ်လူမျိုးဘာသာဝင် (၂၄၄)ဦးရှိခဲ့ပြီး ၄င်းတို့၏ဘာသာ၊ သာသနာအပေါ်ရက်ရောသော ကူညီမှုရှိခဲ့သော်လည်း စိန်ဂျွန်းဘုရားကျောင်းအခြေအနေမှာ ၄င်းတို့အတွက် အခက်အခဲများရှိခဲ့ပါသည်။ သူတို့သည် သီးခြားသာသနာ လိုအပ်နေပြီဖြစ်ပါသည်။ ဖာသာရ်အာလဒ်၏ ကျန်းမာရေးသည် မူလ ကပင် သိပ်မကောင်းသည့်ကြားက အလုပ်တာဝန်များဖီးစီးမှုကြောင့် ကျန်းမာရေးချို့တဲ့လာပြီး ပြင်သစ် နိုင်ငံသို့ ပြန်ပြီးအနားယူရန် လိုအပ်လာပါသည်။

ဖာသာရ်အာလဒ်အလှူခံရန် ကမ္ဘာပတ်ခြင်း

ဆရာတော်ကာဒိုးသည် ဖာသာရ်အာလဒ်အား အနားယူရန် ဥရောပသို့ပို့ခဲ့သည်။ သို့ရာတွင် (၁၉၁၀)ခု တွင် ပြင်သစ်နိုင်ငံမှ ရောမသို့သွားမည်ဟု စာရေးသည်။ ဆရာတော်သည် ဖာသာရ်အာလဒ်အတွက် စိတ်ပူသွားသည်။ ဒီကိုယ်တော်ဟာ သူ့ကျန်းမာရေးကို ဂရုမစိုက်ဘူးဟု ပြောဆိုညည်းတွားလေသည်။ တချိန်တည်းမှာပင် ကိုယ်တော်သည် ကနေဒါ၊ အမေရိကန်နှင့် တောင်အမေရိကသို့လည်း သွားမည်ဟု ပြောလေသည်။ ရောမမြို့တွင် ရဟန်းမင်းကြီးအားဖူးတွေ့ရပြီး ရဟန်းမင်းကြီးက ကိုယ်တော်၏တရုတ် အမျိုးသား သာသနာလုပ်ငန်းကို ကောင်းကြီးပေးလေသည်။ ကာဒီနယ် မယ်ရီဒယ်ဗားလ်ကလည်း အမေရိကနိုင်ငံသို့ သွားလျှင် ငွေရောလူပါရနိုင်သည်ဟု အားပေးစကားပြောလေသည်။

၁၉၁၀ခု စက်တင်ဘာလ (၂၇)ရက်နေ့တွင် ကိုယ်တော်သည် ကနေဒါနိုင်ငံ မွန်ထရီရပ်မြို့ရောက်နေပြီး တက္ကသိုလ်နှင့် ရဟန်းဖြစ်ကျောင်းများကလည်း ကိုယ်တော်၏ ဟောကြားမှုကိုစိတ်ဝင်စားစွာဖြင့် နားထောင်ကြသည်။ ကိုယ်တော်က ပဲရစ်မြို့၏ နိုင်ငံခြားသာသနာပြုလုပ်ငန်းမှ အသက်စွန့်သွားသူများ အကြောင်းနှင့် ၄င်း၏တရုတ်သာသနာနှင့် ကြုံတွေ့ရသည့်ပြသနာများ၊ ဘိန်းရောင်းဝယ်မှုပြသနာများကို ဖြေရှင်းဟောပြောခဲ့သည်။ ရန်ကုန်မြို့ရှိ အခြားသာသနာပြုလုပ်ငန်းမှ ပုဂ္ဂိုလ်များကလည်း ဖာသာရ် အာလဒ်၏ လုပ်ဆောင်ချက်များကို တအံ့တသြချီးကျူးကြပြီး ဒီလုပ်ငန်းများကို ဖာသာရ်အာလဒ်သာ ဆောင်ရွက်နိုင်သည်ဟု ပြောပါသည်။ ဖာသာရ်ပိကော့သည် တရုတ်သာသနာကို တာဝန်ယူထားရပြီး ဖာသာရ်အာလဒ်ထံ ကနေဒါဟောပြောပွဲများ၌ အသုံးပြုရန် ဓါတ်ပုံများပို့ပေးလေသည်။ ငွေကြေးမှာမူ များများမရခဲ့ပေ။ သို့သော် ရဟန်းဖြစ်ကျောင်းသား အများအပြားက ၄င်းတို့သည် သာသနာပြုလုပ်ငန်း တွင် တာဝန်ထမ်းဆောင်လိုကြောင်း ပြောကြသည်။ ကိုယ်တော်သည် နယူးယောက်သို့လည်းကောင်း၊ တောင်အမေရိကသို့လည်းကောင်း သွားရောက်ခဲ့သည်။ သို့ရာတွင် မက္ကဆီကိုသို့အ၀င်တွင် တော်လှန် ရေးနှင့်ကြုံ၍ အမေရိကန်နိုင်ငံသို့ပြန်ကြွခဲ့သည်။

ကိုယ်တော်သည် နောက်ထပ်ခရီးစဉ်တစ်ခုပြန်စပြီး နယူးယောက်၊ ချီကာဂိုး၊ စိန်လူးဝစ်နှင့် အခြားမြို့များသို့ သွားရောက်ဟောကြားခဲ့၍ အမျိုးသမီးအသင်းအဖွဲ့များက ငွေများပို့ပေးမည်ဟု ၀န်ခံပြောဆိုချက် ရခဲ့ပါသည်။
၁၉၁၂ခုနှစ်တွင် ကိုယ်တော်သည် ရောမသို့ ပြန်သတင်းပို့ပြီး ကာဒီနယ်မယ်ရီဒီးဗားလ်နှင့် တွေ့ရာ ကာဒီနယ်က အမေရိကန်ရှိ ဆရာတော်များထံ မိတ်ဆက်စာရေးပေးသည်။ ရဟန်းမင်းကြီးထံ ထပ်မံ ၀င်ရောက်ဖူးမျှော်ပြီး ကိုယ်တော်သည် သူချစ်သည့်မြန်မာနိုင်ငံမှ တရုတ်အမျိုးသားဘာသာဝင်များထံ ပြန်ရောက်ခဲ့သည်။ ကိုယ်တော်မရှိမှီ ဖာသာရ်ပီကော့သည် တရုတ်လူမျိုး လူကြီး(၁၀)ဦးကို ဆေးကြောခဲ့ပါသည်။ တရုတ်ပြည်၏ (၁၉၁၁)ခုနှစ်တွင်ဖြစ်ပွားခဲ့သော ဆွန်ယက်ဆင်၏ တော်လှန်ရေးအပြီး တရုတ် အမျိုးသားများသည် ခရစ်ယာန်ဘာသာသို့ဝင်ရောက်ရန် ပို၍စိတ်အားသန်လာသည်ကို တွေ့ရပါသည်။

ဖာသာရ်အာလဒ်က တရုတ်အမျိုးသားသာသနာအတွက် နေရာသစ်တွေ့ရှိခြင်း

၁၉၁၃ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ဖာသာရ်အာလဒ်က သူသည် တရုတ်မိသားစုများရှိရာ နေရာသို့သွားရောက်ခဲ့ကြောင်း တရုတ်အများအပြားသည် တရုတ်ပြည်သို့ ပြန်ကြသလို အချို့သည် လည်း စိတ်ပြောင်းကြကြောင်း၊ ဤသို့ဖြစ်ကြခြင်းမှာ ခံယူချက်မရှိ၍မဟုတ်ပဲ ၄င်းတို့၏ မူလအကျင့် စရိုက်ကြောင့်ဖြစ်ကြောင်း၊ နောက်တစ်ခါ ဘာသာဝင်ပြန်ဖြစ်လိုကြကြောင်း၊ ဘာသာဝင်လိုသူ (၇၅)ဦး ရှိခဲ့ပြီး ညနေတိုင်းငှားရမ်းထားသောဆိုင်တွင် ဆွေးနွေးကြကြောင်း ဆရာတော်ကာဒိုး၏အကူအညီဖြင့် ကိုယ်တော်သည် ရန်ကုန်မြို့တွင် လှပသောမြေတစ်နေရာတွေ့ခဲ့ကြောင်း၊ သို့ရာတွင် ပြင်သစ်ဖရန်ငွေ (၅၀၀၀၀)လိုကြောင်း၊ ဖာသာရ်အာလဒ်ကပြောခဲ့ပါသည်။ ထိုလိုအပ်ငွေ၏ (၂)ဆကို အမေရိကန်မှ ချေးယူရန်နှင့် ပိုငွေကို ပြန်လည်ချေးငှားရန် ဖာသာရ်အားအကြံပြုကြပါသည်။ ဖာသာရ်အာလဒ် ရေးသောစာတွင် တရုတ်ကုန်သည်များက ၄င်းတို့အားထိုမြေကို (၁၀)နှစ်အပေါင်ခံထား၍ ငွေချေးမည် ဖြစ်ကြောင်း၊ ထိုမြေကွက်၏တန်ဘိုးသည် တက်လာမည်ဖြစ်၍ ပူစရာမလိုကြောင်း၊ ဤအကြောင်းပြချက်ကြောင့် မဟုတ်လျှင် ကိုယ်တော်၏လုပ်ငန်းသည်အကောင်အထည်ဖော်ရန်မရှိပါ။

လုပ်ငန်းများသည် ထင်သလိုမတိုးတက်ခဲ့ပေ၊ ၁၉၁၃ခုနှစ် မေလ (၁၃)ရက်နေ့စွဲဖြင့် စင်္ကာပူဆရာတော် မုန်ဆီညှော်ဘာရီလုံထံ ဓမ္မဆရာများရရှိရေးအတွက် အကူအညီ တောင်းခံခဲ့သည်ကို တွေ့ရသည်။ အမေရိကန်မှ အကူအညီပေးရန် ကတိများပြုခဲ့သော်လည်း ယခုတိုင်ဘာမျှမလာသေးပေ၊ အစိုးရဘက်မှ လည်း ဂရုမစိုက်ပါ။ မြေပိုင်ရှင်ကလည်း ကျပ် (၄၅၀၀၀) ကြမ်းခင်းဈေးဖြင့် လေလံရောင်းချလိုသည်။ နှစ်ခြင်းနှင့် မက်သဒစ်အုပ်စုများကလည်း အပြိုင်ဖြစ်နေသည်။ သူတို့မှာတရုတ်ပြည် အာမွိုင်ဒေသမှ ဘာသာရေးဆရာတစ်ဦး ရထားပြီးဖြစ်သည်။ ကိုယ်တော်လည်း မကြာမီဓမ္မဆရာများ ရရှိလေသည်။ ဓမ္မဆရာများသည် ဟပ်ကာလူမျိုးဖြစ်ကြပြီး ကိုယ်တော်ရှိ တရုတ်လူမျိုးအနက် ၈၀ရာခိုင်နှုန်းမှာ ဖူးကျဲန့်ဖြစ်ပြီး ကျန်လူများသည် ကန်တုံလူမျိုးများဖြစ်ကြသည်။ ကိုယ်တော်သည် ဓမ္မဆရာများကို လစာ ၃၅ကျပ်၊ ၄၀ကျပ်ပေးရသည်။ ကိုယ်တော်သည် တရုတ်လူမျိုးများကို တရုတ်ပြည် စိန်စင်မြို့ လားဇရက်ဂိုဏ်းက ထုတ်ဝေသောသတင်းစာကို ၀ယ်ယူဖတ်ရှုစေသည်။ ကိုယ်တော်သည် တရုတ်လူမျိုး များစုဝေးနေထိုင်သည့်နေရာရောက်တိုင်း ဘာသာရေးဟောပြောမှုများပြုလုပ်လေ့ရှိသည်။ ကျိုက်လတ် ကိုသာမက မော်လမြိုင်မြို့အထိ ရောက်ခဲ့သည်။ ကိုယ်တော်၏ အပြင်းအထန်လှုပ်ရှားမှုသည် အကောင် အထည် စတင်ပေါ်လျှက်ရှိသည်။ ၁၉၁၄ခုနှစ်တွင် ကိုယ်တော်သည် ဘာသာဝင် (၂၇၅)ဦး မြစ်ဝကျွန်း ပေါ်ဒေသက ရရှိသည်။ နောက်ထပ်ဝင်လိုသူ (၂၀)ဦးလည်းရှိကြောင်း၊ ဟားကပ်စကားပြော ဘာသာဝင် များအတွက် ကျောင်းငယ်တစ်ခု ထူထောင်ထားပြီး ဖာသာရ်ရွိုင်းက ကူညီလျှက်ရှိကြောင်း၊ ဖာသာရ်ရွိုင်း ကိုယ်တိုင်ကလည်း အခြားဘာသာကွဲ(၂)မျိုးတတ်ထားကြောင်းဖြင့် ပြောသည်။ သို့ရာတွင် ပထမကမ္ဘာစစ် စတင်ဖြစ်ပွားရာတွင် ၄င်းတွင် အခြားပူပင်စရာများ ရှိလာသည်။ ပထမဖာသာရ်ရွိုင်းသည် စစ်မှုထမ်းရန် ပြင်သစ်သို့ပြန်သွားသည်။ ကိုယ်တော်၏ဘာသာဝင် အများအပြားသည်လည်း စီးပွားရေး အကြပ်အတည်း တွေ့လာရသည်။ ဘာသာဝင် တရုတ်အများစုသည် ကုန်သည်အသေးစားများဖြစ်ကြပြီး ဂျာမန်လုပ် အပေါစားပစ္စည်းများကို ရောင်းချသူများဖြစ်သည်။ သူတို့၏ စီးပွားရေးလုပ်ငန်း အလွန် ထိခိုက်နေပြီး ဘာသာဝင်လိုသူများ စည်းရုံးရေးမှာ မစဉ်းစားနိုင်သည့် အခြေအနေရှိကြောင်း ပြောကြ ပါသည်။ ၁၉၁၅ခုနှစ်တွင် ဖာသာရ်အာလဒ်သည် မြေကိုဝယ်ယူရရှိပြီး အိမ်အကြီးတစ်လုံးကို စာသင် ကျောင်းအဖြစ်သုံးပြီး အပေါ်ထပ်တွင် ဘုရားဝတ်ပြုရန် အသုံးပြုလေသည်။ ကိုယ်တော်၏ ရုန်းကန်မှု သည် မဆုံးသေးပေ၊ နှစ်ခြင်းများက ၄င်းအားမောင်းထုတ်ရန် ကြိုးစားလျှက်ရှိကြသည်။ အထူးသဖြင့် ကက်သလစ်ဘာသာကို ဆန့်ကျင်သူ ကနေဒီယံအနွယ်ဝင် အမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကို ဒုက္ခအပေးဆုံး ဖြစ်သည်။ သူမသည် တရုတ်အမျိုးသားကျောင်းကို ပိတ်ပင်ရန်စာတင်ပြီး အများပြည်သူ အတွက် အနှောက်အယှက်ပေးနေသည်ဟု ဖော်ပြသည်။

တရုတ်အမျိုးသားသာသနာနှင့် လစ်စီယွန်မြို့မှ ကာမဲလ်လိုက်ရသေ့ဝတ်ဂိုဏ်း

၁၉၁၇ခုနှစ်တွင် ကိုယ်တော်၌ ဘာသာဝင် (၃၁၆)ဦး၊ ဓမ္မဆရာ (၂)ဦးနှင့် ၀င်လိုသူ (၁၆)ဦးရှိပြီး ကိုယ်တော်၏ အကောင်းဆုံး ဘာသာဝင် (၂)ဦးကိုလည်း လက်လွတ်ခဲ့ရကြောင်း၊ တရုတ်အများအပြား သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားကြကြောင်းနှင့် ကိုယ်တော်က ဖော်ပြသည်။ နှစ်ခြင်းများက ကျူးကျော်လာမည်ကို စိုးရိမ်ရ၍ သာသနာမြေဘေးဝန်းကျင်မှ အဆောက်အဦးများကိုပါ ၀ယ်ရန် အကြောင်းရှိလာ၍ ကိုယ်တော်သည် ငွေထပ်မံချေး ရပြန်ပါသည်။ ကိုယ်တော်သည် သူ၏ရည်ရွယ်ချက် အထမြောက်ရေးအတွက် အလုပ်ကို ကြိုးစားရင်း ဘုရားတွင်လည်း ဆုတောင်းပါသည်။ ငွေရရှိရေး အတွက် မဲဖောက်ခြင်းနှင့် တရုတ်သာသနာလုပ်ငန်း အောင်မြင်ရေးအတွက် လစ်စီယွန်မြို့မှ ကာမဲလ်လိုက် ရသေ့ဂိုဏ်း အား ဆုတောင်းခိုင်းပါသည်။ အမေရိကန်မှ ကတိပြုထားသည့် ငွေများလည်း ပို့လာပါသည်။ သို့သော်တစ်ကြိမ်တွင် သင်္ဘောသည် ပင်လယ်တွင်နစ်မြုပ်၍ စာရွက်စာတမ်းများ ပါသွား လေသည်။ သို့နှင့် လက်နှိပ်စက်တစ်လုံးဝယ်ရပြီး စာတိုက်မှလာသည့် လက်ခံစာရွက်များကို ပြန်ကူးရပါသည်။ စစ်ကြီးသည် ခပ်များများကိုပြောင်းလဲစေခဲ့သော်လည်း ဖာသာရ် အာလဒ်သည် အခက်အခဲများကို ကျော်လွှားနိုင်ပြီး၊ ဧက (၂၀၀)ရှိ ရော်ဘာခြံတစ်ခြံကိုလည်း ရရှိခဲ့သည်။ ထိုမြေပေါ်မှ ကျပ် (၁၀၀၀၀၀)ကို ၅ရာခိုင်နှုန်း အတိုးနှုံးဖြင့် ရရှိရေးအတွက် စည်းရုံးခဲ့သည်။ ဘာသာဝင်မဟုတ်သူ တရုတ် သူဌေးများ ကော်မတီကိုလည်း ဆရာဖြစ် သင်ကျောင်း တစ်ကျောင်းဖွင့်လှစ်ရန် ကမ်းလှမ်းခဲ့သည်။ ကိုယ်တော်က အနှစ်(၂၀) ကြာသည့်အခါ ၄င်းကျောင်းအတွက် ဆရာများသည် တစ်နိုင်ငံလုံးရှိ ကျောင်းဆရာများနှင့် တရုတ်ကျောင်းများသို့ သြဇာအရှိန်အ၀ါရှိလာမည်ဟု ကိုယ်တော်ကပြောခဲ့ ပါသည်။ သို့သော် ကိုယ်တော်၏ ကြိုးစားမှုနှင့် ကာမယ်လိုက်တို့၏ဆုတောင်းမှုများသည် အရာထင်ရန် နှေးကွေးခဲ့သည်။ သို့ရာတွင် ပထမကမ္ဘာစစ်ကြီးအပြီးမှာ ဖာသာရ်အာလဒ်သည် သူ့လုပ်ငန်းအောင်မြင်ရေးအတွက် ကြိုးစားလိုစိတ်များပြင်းပြလျက် ရှိနေဆဲဖြစ်သည်။ သူ့ကျောင်းသားများ မနေချင်အောင် စာဖြူများက မဟုတ်တန်းတရားတွေပြောကြသည်ဟု ဖာသာအာလဒ်ကပြောပြီး ဆက်၍ ဘရာသာရ်များကလည်း စိတ်ကူးထားသည့် ဆရာဖြစ်သင်ကျောင်းကို တာဝန်ယူ မအုပ်ချုပ်လိုကြပေ။ ထို့ပြင် ဆရာဖြစ်သင်ကျောင်း အတွက် ရန်ပုံငွေတောင်းခံရာတွင်လည်း စိတ်ဝင်စားမည့်သူမရှိပေ။ သို့ရာတွင် ၁၉၁၉ ခု နှစ်မှာ တရုတ်ကုန်သည်ကြီးများအသင်းက ဖာသာရ်အာလဒ်၏ကျောင်းသားများအတွက် ရန်ပုံငွေရှာ သည့် ကပွဲတစ်ခု ပြုလုပ်ပေးခဲ့ပါသည်။

ထိုအချိန်မှစ၍ တရုတ်သာသနာသည်လည်း စာသင်ကျောင်းကို အခြေခံ၍ တဖြည်းဖြည်း တိုးတက် အောင်မြင်ခဲ့လေသည်။ ဆရာတော်ဘာရီလုံးထံ ကိုယ်တော်ရေးသည့် ၁၉၂၁ခုနှစ် အောက်တိုဘာ (၂၈)ရက် နေ့စွဲစာတွင် “တပည့်တော်၏ သာသနာလေးသည် ယခုတော့ကြီးပြင်းလာပါပြီ၊ စာသင် ကျောင်းတွင်လည်း ကျောင်းသား (၁၆၀)ရှိလာပါပြီ၊ မယ်တော်၏ ဘရာသာရ်ဂိုဏ်းများနှင့်၊ စိန်ဂျိုးဇက် သီလရှင်များကို စောင့်ရှောက်နေပါသည်။ အစိုးရက တပည့်တော်ကျောင်းအတွက် ရန်ပုံငွေကျပ် ၄၅၀၀၀ကျပ်ကို ချပေးခဲ့ပြီး ကျန်လိုအပ်ငွေကို လစဉ်ကြေးအကူအညီများ ကောက်ခံသွားပါမည်။ ဘုရားကျောင်းကိုလည်း မြေထပ်ဝယ်ပြီးလျှင် အမြန်ဆုံးဆောက်သွားပါမည်။” တကယ်တော့ ကိုယ်တော် သည် စိတ်ဝင်စားဖွယ်နေရာကို တွေ့ထားသည်။ ပတ်ဝန်းကျင်နှင့် အဆင်မပြေသော မြေနေရာကို ရောင်းချမည်။ ကိုယ်တော်တွင် အလုပ်အတော်များသည်။ အထူးသဖြင့် ကျောင်းအိပ် ကျောင်းစား (၁၄၅) ယောက် ကိစ္စပင်ဖြစ်သည်။

ကိုယ်တော်သည် စင်္ကာပူသို့ ထပ်၍သွားပါသည်။ ထိုအချိန်တွင် ဆရာတော်မှာ ဆရာတော်ပဲရွိုင်း ဖြစ်နေပြီး ဟပ်ကာနှင့် ဖူကျဲန်ဓမ္မဆရာများ ရရှိရေးအတွက် ကြိုးစားနေချိန်ဖြစ်သည်။ ၁၉၂၁ခုနှစ် ဒီဇင်ဘာလ ကိုယ်တော်ပြန်ကြွလာချိန်တွင် ရန်ကုန်ရှိ တရုတ်လူကြီးများက ကြိုဆိုကြပြီး ဘုရားကျောင်းဆောက်ရာတွင် အကူအညီပေးမည် ဖြစ်ကြောင်း ကတိပြုကြပါသည်။ တဖြည်းဖြည်းနှင့် အယူအဆများ ပြောင်းလဲလာပြီး မိသားစုများသည် ယင်းတို့၏ သားသမီးများ ဘာသာဝင်ရေးကိစ္စတွင် ကန့်ကွက်မှုများ မရှိတော့ပါ။ ၁၉၂၂ခုနှစ် ဇွန်လတွင် တရုတ်အမျိုးသားလူကြီး (၂၇)ဦးပါဝင်သော ကျောင်းအုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းနိုင်ကြောင်း ကိုယ်တော်တွင် ကျောင်းအိပ်ကျောင်းစား၊ (၁၇၃)ဦးရှိနေပြီးဖြစ်သည်။ ကိုယ်တော်သည် အမျိုးသမီးကျောင်းတစ်ကျောင်းကို ဖွင့်လို၍ နယ်အနှံလိုက်၍ အကူအညီတောင်းရာ ပုသိမ်မှ ကျပ် (၃၀၀၀)နှင့် အခြားအရပ်ဒေသ (၄၃)ခုမှ ကျပ် (၈၀၀၀)ရရှိလေသည်။ ကိုယ်တော်စောင့် မျှော်နေသည့် ဘရာသာရ်များနှင့် သီလရှင်များသည် ၄င်းတို့အဖွဲ့ချုပ်တွင် လူအင်အားနည်းနေ၍ တရုတ် သာသနာကို တာဝန်မယူနိုင်ကြပေ။ ထိုနည်းတူ ဓမ္မဆရာများ ရှာဖွေရာတွင်လည်း မလွယ်ကူခဲ့ပေ။ ကိုယ်တော်သည် (၁၉၀၉)ခုနှစ်က အမှုထမ်းခဲ့ပြီးရေနစ်သေဆုံးသွားခဲ့သူ ဓမ္မဆရာအား သတိရနေ မိသည်။

စိန်ထရေဇားဘုရားကျောင်း

၁၉၂၅ ခုနှစ်တွင် လစ်စီယွန်သီလရှင်ဂိုဏ်းမှ ထရေဇားအား ရဟန္တာအဖြစ် ကြေငြာလိုက်သောအခါ ဆရာတော်ပဲရွိုင်း သဘောတူညီမှုဖြင့်၊ စတင်ဆောက်လုပ်နေသော ဘုရားကျောင်းသစ်အား စိန်ထရေဇား အမည်ပေး၍ ထိုရဟန္တာ၏ မှိုင်းမကူညီမှုကို ရရှိလေသည်။ ကိုယ်တော်သည် အလွန် ပင်ပန်းလျှက်ရှိပြီး သွားလာရာတွင်လည်း ဘုရားကို အားကိုး၍ ကိုယ်တော်သည် လှုပ်ရှားနေသည်။ ကိုယ်တော်သည် စိတ်ဓါတ်ကျရန်အကြောင်း များနှင့် တွေ့ရသည်။ ပထမမြေနေရာကို ၀ယ်မည့်သူ ရှာမတွေ့၊ အကြွေးကလည်း ကျပ် (၂၅၀၀၀၀)ရှိနေသည်။ ဓမ္မဆရာကလည်း ရှာမတွေ့ဖြစ်နေသည်။ စစ်ကြီးအပြီးမှာ တရုတ်လူငယ်များသည် ဘာသာရေးကို သံသယမျက်စေ့များဖြင့် မြင်လာကြပြီး ယုံကြည်မှုလည်း နည်းပါးလာကြသည်ဟု ဖာသာရ်အာလဒ်ကမှတ်ချက်ပြုပါသည်။ သို့သော် အနာဂတ်တွင် မျှော်လင့်ချက်များရှိနေသည်။ တရုတ်မိန်းကလေး(၂)ဦးသည် သီလရှင်များဖြစ်လိုကြပြီး လူငယ် (၅)ဦးသည်လည်း ရဟန်းဘောင်ဝင်လိုကြသည်။ (၂)ဦးသည် အထက်တန်းမှဖြစ်ပြီး လက်တင်းဘာသာ စသင်ရန်ဖြစ်သည်။ စင်္ကာပူမှဆရာတော် ဘာရီလုံသို့ (၁၉၂၇)ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ပြုလုပ်မည့် စိန်ထရေဇားကျောင်းသစ်အားကောင်းကြီးပေးပွဲသို့ ကြွရောက်ပါရန် ဖိတ်ကြားခဲ့ပါသည်။ ကိုယ်တော်သည် တရုတ်မိသားစုများရှိရာသို့ နယ်လှည့်ခရီးထွက်နေဆဲဖြစ်သည်။ ဓမ္မဆရာမပါပဲ ခရီးထွက်ခြင်းကြောင့် ဘာသာဝင်လိုသူနည်းပါးခဲ့သည်။ ကိုယ်တော်၏ သာသနာပြု လုပ်ငန်းသည် စာသင်ကျောင်းကိုသာ မှီနေရပြီးနောက် စိန်ဂျိုးဇက်သာသနာမှ ကွန်ဗင့်ကျောင်းတစ်ကျောင်းကို ရရှိခဲ့ပါသည်။ သီလရှင် (၃)ပါးသည် တရုတ်ဘာသာစကားကို သင်ကြားကြပါသည်။ စစ်တပ်တွင် တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်စဉ်ကပင် ဖာသာရ်ရွိုင်း ကိုယ်တိုင်သည် မကျန်းမမာရှိနေသည့်ကြားက ဖာသာရ်အာလဒ်၏ လုပ်ငန်းများကို ကူညီခဲ့ပါသည်။

ဖာသာရ်အာလဒ်သည် အနားယူရန် ဥရောပသို့ပြန်သွားသည်။

နှစ်ပေါင်း (၂၀)ကျော်အလုပ်ကို အင်တိုက်အားတိုက်လုပ်ကိုင်ခဲ့ရသော ဖာသာရ်အာလဒ်သည် ဘုရား ရှိခိုးကျောင်းပြီးသည်နှင့် ချေကုန်လက်ပမ်းကျခဲ့သည်။ တရုတ်လူမျိုးဘာသာဝင် (၆၀၀)ရှိသော်လည်း အားလုံးသည် ရန်ကုန်တွင် နေထိုင်သည်မဟုတ်၍ စိန်ထရေဇား ဘုရားရှိခိုးကျောင်းသည် အနှစ်မပါ အကာချည်းသက်သက်ဖြစ်နေကြောင်း ကျောင်းထိုင် ဘုန်းတော်ကြီးက ညည်းတွားသည်ဟုဆိုလေသည်။ ဖာသာရ်အာလဒ်တွင် ချောင်းဆိုးရောဂါ ရှိနေသည်မှာကြာပြီ၊ နောက်ပိုင်းအသက်ရှုကြပ်သည့် ပန်းနာ ရောဂါပါ ခံစားနေရသည်။ တရုတ်သူဌေးတစ်ဦးသည် ပြင်သစ်နိုင်ငံဆထရာဘက်မြို့သို့ သွားရောက် ဆေးကုသခံရန် အစီအစဉ်နှင့်ကြုံနေ၍ ကိုယ်တော်သည် တစ်ပါတည်းလိုက်သွားခဲ့ပါသည်။ ထိုအရပ် ရာသီဥတုနှင့် ကိုယ်တော်ကျန်းမာရေးသည် မသင့်၍ ဆရာဝန်များက မာဆေးမြို့အနီး မိုနာသို့ပို့သည်။ တဖန် တောင်ပေါ်ဒေသများသို့ ဆက်ပို့သည်။ ဖာသာရ်ရွိုင်းသည် ကြည့်မြင်တိုင်အနာကြီးရောဂါကု သာသနာအပြင် တရုတ်သာသနာကိုပါ ပူးတွဲတာဝန်ယူ နေရ၍ ဖာသာရ်အာလဒ်က စိတ်ပူနေမိသည်။ ထို့ပြင် ဖာသာရ်အာလဒ်သည် ရွှေဘို၌ သာသနာပြုလုပ်ငန်းဆောင်ရွက်နေသော ညီအစ်ကို ဖာသာရ် လူးဝစ် သေဆုံးကြောင်း သတင်းရ၍ နောက်ထပ်စိတ်မကောင်းစရာ ဖြစ်လာပါသည်။ ဆရာဝန်များက ကိုယ်တော်၏ ရောဂါသည် အဆုတ်ရောဂါ (တီဘီ)မဟုတ်ကြောင်း၊ ပန်းနာရောဂါသာဖြစ်ကြောင်းနှင့် သည်းခံကုသရမည်ဖြစ်ကြောင်း ပြောကြားလေသည်။ ဖာသာရ်ရွိုင်းသည် တရုတ်သာသနာမှ အကြွေး များအပြင် အပြင်မူလမြေကွက်ဟောင်းမှာလည်း ရောင်းမထွက်ဖြစ်နေခြင်းကြောင့် အလွန်ပူပင်သောက ရောက်နေရကြောင်း သတင်းကြားရ၍ ဖာသာရ်အာလဒ်သည် မြန်မာနိုင်ငံသို့ အလွန်ပြန်ချင်စိတ် ပေါ်နေပါသည်။ သို့ရာတွင် ပထမဦးဆုံး ရဟန်းဖြစ်ကျောင်းသား တရုတ်အမျိုးသား ပေါလ်ချင်တီးသည် ထိုနှစ်မှာပင် ပီနန်ရှိ ဗဟိုကောလိပ်သို့ ကျောင်းဝင်သွားပြီဖြစ်ကြောင်း သတင်းအပြင် ၁၉၃၁ခုနှစ်တွင် လူးကပ်စ်ဝီးဆိုသူလည်း ထိုကျောင်းသို့ ရဟန်းဖြစ်ရန် ၀င်ရောက်မည်ဖြစ်ကြောင်း သတင်းထပ်ကြားရ၍ ကိုယ်တော်စိတ်ပူပင်မှုနှင့်အတူ ၀မ်းသာစရာသတင်းကြားရ၍ ၀မ်းသာလျက်ရှိပါသည်။ ၁၉၃၀ခုနှစ် မေလ (၅)ရက်နေ့၌ အောက်မြန်မာနိုင်ငံကို တုန်ခါသွားစေခဲ့သော ငလျင်ကြောင့် ကိုယ်တော်သည် ပင်လယ်ရပ်ခြား ပြင်သစ်နိုင်ငံသို့ ရောက်နေရ၍ အထူးစိတ်မကောင်းဖြစ်လေသည်။ သစ်သားဖြင့် ဆောက်ထားသော စာသင်ကျောင်းအတွက် စိုးရိမ်စိတ်မဖြစ်ခဲ့သော်လည်း အုတ်ဖြင့်ဆောက်လုပ်ပြီးစ ဘုရားရှိခိုးကျောင်းအတွက် စိတ်ပူပင်ခဲ့လေသည်။ ဆရာဝန်လည်း ကိုယ်တော်ကိုရောဂါ ပျောက်ကင်းရေးအတွက် တောင်ပေါ်ဒေသသို့ ထပ်မံပို့နေပါသည်။ နောက်ဆုံးတော့ ထိုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့မှာ ပြင်သစ်နိုင်ငံမှ ထွက်ခွါခွင့်ရလေသည်။

ဖာသာရ်အာလဒ်၏နောက်ဆုံးနှစ်များ

ဖာသာရ်အာလဒ်ရန်ကုန်ပြန်ရောက်ချိန်မှာ ကုလားဗမာအဓိကရုဏ်းဖြစ်နေသောကြောင့် ရန်ကုန်မြို့တွင် ဆူပူမှုများရှိနေ၍ တရုတ်ကုန်သည်များသည်လည်း တိုက်ခိုက်မှုများခံရသည်။ ယင်းအခါမျိုး၌သူတို့သည် အိုးအိမ်များပစ်၍ သာသနာပြုကျောင်းများတွင် ၀င်ရောက်ခိုလှုံရသည်။ ဖာသာရ်အာလဒ်သည် သူ၏ ဘာသာဝင်များရှိရာသို့ နေရာအနှံဆိုက်ကားတစ်စီးဖြင့် ပြေးလွှားပြီး ကောင်းသောသိုးထိန်း အလုပ်ကို လုပ်နေပါသည်။ တစ်ခါတရံ စိတ်ဓါတ်ကျမိသော်လည်း ဘယ်တော့မှ သူ၏တပည့်များကို မစွန့်ခွါပေ၊ တရုတ်အမျိုးသားများသည် အချင်းချင်းစည်းရုံးစုစည်း၍ လုယက်မှုများကို တွန်းလှန်လျက် ရှိပေသည်။ မြန်မာနိုင်ငံတွင် အမျိုးသားရေးစိတ်ဓါတ် ပေါက်ကွဲချိန်ဖြစ်၍ အိန္ဒိယလူမျိုးများသည် ပြည်ပြန်ကြလေသည်။ ၁၉၃၁ ခုနှစ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော တောင်သူလယ်သမား အရေးတော်ပုံသည်လည်း နိုင်ငံအတွင်း တောင်သူများအတွက် စိတ်ဆင်းရဲရပြန်သည်။ သို့သော် သာသနာပြုလုပ်ငန်းသည် အသက်ရှင်ဆဲဖြစ်သည်။ (၁၉၃၃)ခုနှစ်တွင် ဆရာတော်ပရိုပို့စ်က ခရစ္စမားအားပေးခြင်း ဆောင်ရွက်ရာ တွင် ပထမဦးဆုံး စိန်ထရေဇားဘုရားကျောင်းမှ လူငယ် (၅၀)ကိုလည်းကောင်း၊ နောက်ပိုင်းတွင် တာမဲလ်လူမျိုးစိန်အန်ထော်နီတွင် (၂၄၀)ကိုလည်းကောင်း အသီးသီးလှည့်လည် ဆောင်ရွက်ပေးခဲ့သည်။ စိန်ထရေဇားတွင် လူငယ် (၅၀)ခရစ္စမားအားပေးခြင်းခံရသည်မှာ သာသနာတိုးတက်မှုကို ပြနေခြင်းပင် ဖြစ်သည်။
အခက်အခဲများသည် ”တရုတ်ပြည်လေး”ဟုခေါ်သော စိန်ထရေဇားသာသနာတွင် မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။ ထို ၁၉၃၄ခုနှစ်တွင် ကျောင်းအိပ်ကျောင်းစား (၁၈၅)ဦးသာ ရှိသည်။ ဖာသာရ် အာလဒ်၏ ကြိုးပမ်းဆောင်ရွက်မှုများအတွက် အခြားသော သာသနာများက ဟာသလုပ်ပြောကြသည်။

၁၉၃၅ခုနှစ်တွင် သက်ရွယ်ကြီးရင့်နေပြီး ပေးစရာအကြွေးများရှိနေသော သမီးတော်တစ်ပါးနှင့် ကိုယ်တော်သည် အငြင်းပွားခဲ့သည်။ အငြင်းပွားမှုတွင် အနိုင်ရခဲ့၍ ထိုအိမ်ကြီးကို ၀င်ရောက်ရာတွင် ကြမ်းကျိုး၍ ခြေမျက်စိလေ၀င်ခဲ့သည်။ ဒါမကောင်းဆိုးဝါးရဲ့လုပ်ချက်ပဲဟု ကိုယ်တော်ကပြောလေသည်။ ဖာသာရ်အာလဒ်သည် မကောင်းဆိုးဝါးတို့ဘေးမှ ရုန်းကန်လှုပ်ရှားရ၍ခံခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။

ရန်ကုန်မှ ပထမဆုံးတရုတ်အမျိုးသားဘုန်းတော်ကြီး

၁၉၃၆ ခုနှစ်တွင် ကျောင်းအိပ်ကျောင်းစား (၂၀၀)ရှိလာပြီး ၄င်းတို့နေထိုင်သည့် သစ်သားကျောင်းဆောင်မှာလည်း အုတ်တိုက်ကျောင်းဆောင်ဖြစ်လာပါသည်။ အောက်တိုဘာ လတွင် သာသနာပြုရဟန်း အသစ်ဖြစ်သည့် ဖာသာရ်ဘာနက်ဒင်းနစ် ပြင်သစ်မှ ရောက်လာသည်။ ဖာသာရ်အာလဒ်သည် နှစ်ပေါင်း ကြာရှည်စွာ ခက်ခက်ခဲခဲ၊ ပြဿနာ အများအပြားကို ဖြေရှင်းဆောင်ရွက်ခဲ့ရသောကြောင့် လူစားထိုးရန် လိုအပ်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပါသည်။ ယခုတော့ တရုတ်အမျိုးသားဘုန်းတော်ကြီးဖြစ်မည့် လူကပ်(စ်)၀ီးလည်း ပီနန်ကပြန်ရောက်လာပါပြီ။ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ဆရာတော်ပရိုဗို့(စ်)သည် ပထမဆုံးတရုတ်အမျိုးသားဘုန်းတော်ကြီး လူကပ်(စ်)၀ီးကို သိက္ခာတင်ပေးခဲ့သည်။ ဖာသာရ်ဝီးနှင့် ဖာသာရ်အာလဒ်တို့အတွက် အလွန်ပျော်သောနေ့ တစ်နေ့ဖြစ်ခဲ့သည်။ ဆရာဝန်က ၄င်းတို့(၂)ပါးလုံးကို သင်္ဘောဖြင့် မန္တလေးသို့ အပန်းဖြေခရီး သွားစေခဲ့သည်။ မန္တလေးသို့ရောက်လျှင် ဖာသာရ်အာလဒ်တွင် ၀မ်းကိုက်ရောဂါရ၍ ရထားဖြင့်ရန်ကုန်သို့ ပြန်ပို့ပေးခဲ့သည်။ ထိုအချိန်မှစပြီး ကိုယ်တော်သည် ကောင်းစွာ မထိုင်နိုင်ပဲ ဆေးရုံတွင်သာ လဲလျောင်းနေရသည်။ ဆေးအမျိုးမျိုး ပြောင်းသော်လည်း ကိုယ်တော်သည် မသက်သာပဲ အသဲရောဂါ၊ အာရုံကြောရောဂါများခံစားရ၍ ကိုယ်တော် အခြေအနေမှာ အလွန်ဆိုးနေပါသည်။ ဧပြီလတွင် ကိုယ်တော်အား အိန္ဒိယနိုင်ငံသို့ ပို့ပေးပါသည်။ ကိုယ်တော်သည် အရိုးပဒေသာဖြစ်နေပါသည်။ ဘန်ဂလိုမြို့၌ ၁၉၃၇-ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့၌ ကိုယ်တော်ကို ဘုရားသခင် သိမ်းပိုက်တော်မူသည်။ ကိုယ်တော်သည် ထာဝရအနားယူခြင်းကို ရသွားပြီး ဖာသာရ် ဒင်းနစ်သည် စိန်ထရေဇား သာသနာကို တာဝန်ယူသော ကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်လျက် ဖာသာရ်ဝီးသည်လည်း နယ်သာသနာကို လှည့်ပတ်ကြည့်ရှုနေပြီး ဖြစ်ပါသည်။

ဖာသာရ်ဒင်းနစ်နှင့် ဖာသာရ်ဝီး

၁၉၃၈-ခုနှစ်တွင် ဖာသာရ်ဒင်းနစ်သည် တရုတ်စာပေလေ့လာသင်ကြားရင်း စိတ်ထရေဇား သာသနာနှင့် စာသင်ကျောင်းနှင့် ဘော်ဒါလုပ်ငန်းကို ကြီးကြပ်ခြင်းများကို ပြုလုပ်ပါသည်။ ဖာသာရ်ဒင်းနစ်သည် ၀ါသနာပါသည့် အာရုံရှိပါသည်။ ၁၉၃၇ခုနှစ်ထက် ကျောင်းသား (၁၀၀)ပိုများပြီး (၃၅၁)ယောက်ထိ ရှိလာသော်လည်း ကိုယ်တော်တွင်ပူပင်စိတ်မရှိပဲ၊ ဓမ္မဆရာ၊ ကျောင်းဆရာနှင့် မိဘအားလုံး ကိုယ်တော်ကို ချစ်လေးစားကြပြီး ကူညီကြပါသည်။ ကိုယ်တော်သည် ပျော်ရွှင်စွာနေတတ်ပြီး အနာဂတ်ကို မျှော်လင့်ချက်အပြည့်ရှိသူ တစ်ဦးဖြစ်သည်။ ကျောင်းသားထဲတွင် ဘာသာသူ (၅၈)ဦးသာ ရှိသော်လည်း ကျောင်းသားအားလုံးသည် ဘာသာရေးသင်ကြားမှုကို ခံယူကြပါသည်။ ထိုနှစ်တွင်နယ်အနှံ၌ ဈေးဆိုင်ဖွင့်သူ တရုတ်အမျိုးသား (၇၃၀)ဦးထံ ဖာသာရ်လူးကပ်(စ်)နှင့် အရောက်သွား၍ ဧ၀ံဂေလိ တရားတော်ကို တိုက်ကြွေးနိုင်ခဲ့သည်ဟု ပြောပါသည်။ ဖာသာရ်အာလဒ် ထူထောင်ခဲ့သော ယန္တရားသည် ကောင်းစွာလည်ပတ်နေပြီး အသီးအပွင့်များလည်း မြင်နေရပြီး ဖြစ်ပါသည်။ အထက်တန်းကျောင်းသည် မှန်မှန်တိုးတက်နေပြီး ဖာသာရ်ဒင်းနစ်သည် လူငယ်များအတွက် မိတ်ဆွေတစ်ဦး သဖွယ် ရှိနေသည်။ ကျောင်းသားများသည် ၄င်းတို့ကျောင်းကို ဂုဏ်ယူဝင့်ကြွားလျက်ရှိပြီး စည်းလုံးညီညွှတ် ကြလျက်၊ တပ်ဖွဲ့တစ်ခုကဲ့သို့ရှိ၍ အနာဂတ်ကျောင်းသားသစ်များ စည်းရုံးရာတွင် အလွန်ကောင်းသော အလားအလာပင်ဖြစ်သည်။ ဖာသာရ်ဒင်းနစ်တွင် မိဘမဲ့ကျောင်းသား တစ်ဒါဇင်ခန့်ရှိပြီး ကျောင်းပိတ် ရက်များတွင် ကျိုက္ခမီရှိဘရာသာရ်များပိုင်သည့် ပင်လယ်စပ်မှ ဗိုလ်တဲသို့ ခေါ်သွားလေ့ရှိသည်။

၁၉၃၉ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဥရောပမှာစတင်ဖြစ်ပွားနေချိန်တွင် ကိုယ်တော်၏ သာသနာပြုလုပ်ငန်းမှာ အနှောက်အယှက်မရှိခဲ့ပါ။ ၁၉၄၁ခုနှစ် စစ်အခြေအနေ ဆိုးလာတော့လည်း အနှောက် အယှက်သိပ်မရှိခဲ့ပါ။ ထိုကာလတွင် တရုတ်လူမျိုးများသည် ယူနန်သို့ထွက်ပြေးကြပါသည်။ ဖာသာရ်သည် ထိုအချိန်ဆိုးကို အခွင့်ကောင်းယူပြီး ကျောင်းကို မြှင့်တင်သည့်လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်မြို့ကို ဖြတ်သွားသည့် တရုတ်ဘုန်းတော်ကြီးကို စာမေးပွဲကြီးကြပ်ပေးရန်ဖိတ်ခေါ်ခဲ့သည်။ တရုတ်ဧည့်ခံပွဲကြီး တစ်ခုနှင့်အတူ ကပွဲနှင့်ရှေးဟောင်းတရုတ်ဝတ်စားဆင်ယင်မှုနှင့် တရုတ်ယဉ်ကျေးမှုများ လိုက်နာသည့် ညစာစားပွဲတစ်ပွဲကို ပြုလုပ်ပေးခဲ့သည်။ တရုတ်စစ်တပ်မှ ကားများ ရန်ကုန်နှင့် ကူမင်းအကြား သွားလာလျက်ရှိပြီး ဂျပန်က မြန်မာပြည်ကို စစ်မဆင်မီ နောက်ဆုံးစီးပွားရေး အသက်လုရှုနေသည့် ကာလဖြစ်လေသည်။

ဂျပန်ခေတ်

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် စစ်ကြီးစတင်ပြီး မကြာမီ မြန်မာနိုင်ငံသို့ ရောက်လာသည်။ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ဂျပန်၏ပထမအကြိမ် ဗုံးကြဲမှုကြောင့် ရန်ကုန်တွင် လူ (၅၀၀၀) သေဆုံးခဲ့သည်။ ခရစ္စမတ်နေ့တွင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲရာ လူ (၂၀၀၀) ကျော်သေဆုံးခဲ့သည်။ လူထုမှာ အကြီးအကျယ် ထိတ်လန့်ပြီး ရန်ကုန်မြို့၏ လူဦးရေ (၄၅၀၀၀၀)အနက် (၂)လအတွင်း တော်တော်များများ မြို့ကိုစွန့်ခွါကြပြီး ဖြစ်ပါသည်။ တရုတ်သာသနာမှာ သစ်စက်ကြီးတစ်လုံးနှင့် လျှပ်စစ်မီးပေးသည့် စက်ရုံတို့အနီးတွင်ဖြစ်၍ ၄င်းတို့အား ဗုံး(၇)လုံး ထိမှန်ခဲ့သည်။ အခြားတစ်လုံးမှာ ဘုရားကျောင်းကိုထိမှန်ခဲ့၍ အမိုးတစ်စိတ်တစ်ဒေသကို လှန်သွားစေပြီး မီးလည်း ထလောင်ခဲ့ပါသည်။ ဖာသာရ်ဒင်းနစ်နှင့် ဖာသာရ်ဝီးတို့ကြောင့် မီးမှာငြိမ်းသတ်နိုင်ခဲ့သည်။ သာသနာမှာရှိသော စစ်ပြေး ဒုက္ခသည် များက ၀ိုင်းဝန်းတာဆီးခဲ့၍သာ မြို့မှာမီးလောင်ခံရမှု နည်းပါးခဲ့ပါသည်။ ဂျပန်များ သိမ်းပိုက် ပြီးနောက် သာသနာလုပ်ငန်းများ သတင်းမရဖြစ်ခဲ့ပါသည်။ သာသနာပြုပုဂ္ဂိုလ်များသည် ဆရာတော်နှင့် အတူ ကြည့်မြင်တိုင်တွင်ရှိနေကြပြီး အပြင်မထွက်နိုင်ကြချေ။ ၁၉၄၄ခုနှစ်တွင် ဖာသာရ်ဒင်းနစ်တစ်ဦးသာ အသက်အန္တရာယ်ကိုရင်ဆိုင်ပြီး မော်လမြိုင်မြို့ရှိ သေလုမျောပါး ဖြစ်နေသော ဖာသာရ်အန်ဂျီဗင်ကို သွားရောက်တွေ့ဆုံခဲ့သည်။
၁၉၄၅ခုနှစ် ဧပြီတွင် ဂျပန်များက ရန်ကုန်ကို မစွန့်ခွါမီ အဆောက်အဦးများကို မီးရှို့ခဲ့ရာတွင် တရုတ် သာသနာကျောင်းလည်း ပါသွားပါသည်။ သို့ရာတွင် လူအသေအပျောက်တော့မရှိခဲ့ပါ။ ဒါပေမယ့် မဟာမိတ်တပ်များက နောက်ဆုံးအကြိမ်အဖြစ် ကြာသာပနေ့နေ့ကြီးမှာ ဗုံးကြဲရာတွင် ကြည့်မြင်တိုင် အနာကြီးဆေးရုံ အဆောက်အဦးများကို ထိမှန်ရာ အနာကြီး ရောဂါသည် (၂၅)ဦး သေဆုံးခဲ့ပါသည်။

လွတ်လပ်ရေးနှင့် မယ်တော်တမန်တော်အသင်း

ဘာသာဝင်များအကူအညီဖြင့် ဖာသာရ်ဒင်းနစ်သည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များကို အမြန်ဆုံး စတင်ခဲ့ပါသည်။ သို့သော်လည်း ကိုယ်တော်၏ ဘာသာဝင်များသည် စစ်အတွင်းမှာ လွင့်ပါ သွားကြခြင်း သို့မဟုတ် မရှိကြတော့ခြင်းနှင့် ကြုံတွေ့နေရပါသည်။ ဖာသာရ်ဒင်းနစ်သည် ၁၉၄၇ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း ဘာသာဝင်များအိမ်သို့ ခရီးထွက်ဆောင်ရွက်ခဲ့ရာ တရုတ်သာသနာသည် တဖန် နုပျိုလန်းဆန်းခဲ့ပါသည်။ အချို့သည် တရုတ်ပြည်သို့ ပြန်ကြပြီး တော်လှန်ရေးနှင့်ကြုံပြီး နယ်စပ် တွင်လည်း ပိတ်ခံရပါသည်။ သို့ရာတွင် ရန်ကုန်မြို့၌ အခြေအနေမှာ အသင့်အတင့် ကောင်းမွန်လျက် ရှိပါသည်။ သာသနာပြန့်ပွားရေးအနေနှင့် အချို့သော ဘာသာဝင်အဖွဲ့များက စာသင်ကျောင်းအတွက် ငွေထောက်ပံ့လျက်ရှိသည်။ ဧ၀ံဂေလိပြန့်ပွားရေးလုပ်ငန်းသည်လည်း မယ်တော်တမန်တော် အသင်း လုပ်ငန်းဖြင့် ပြန့်ပွားနေပြီးဖြစ်သည်။
ကရင်များပုန်ကန်မှုဖြစ်၍ ရန်ကုန်မြို့တွင်ငြိမ်သက်မှုသိပ်မရှိပေ။ တရုတ်သာသနာ တည်ရှိသည့်နေရာ သည် ကရင်အမျိုးသား အများအပြားနေထိုင်သည့် အလုံပတ်ဝန်းကျင်တွင် ရှိခြင်းကြောင့်ဖြစ်သည်။ ၁၉၄၉-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ညတွင် မော်တာသံ၊ စက်သေနတ်သံများဖြင့် တစ်ညလုံး ဆူညံခဲ့ပြီး၊ ၄င်းနေ့မတိုင်မီ တစ်ရက်မှာတော့ ကရင်အမျိုးသားစစ်သည်များသည် ပြန်လည်ခုခံခြင်းမရှိပဲ လက်နက်ချခဲ့ပြီးဖြစ်သည်။ လူနေအိမ်များ မီးရှို့ခံရပြီး ထွက်ပြေကြသူများလည်း သေနတ်ဖြင့် အပစ်ခံရသည်။ လူအများသည် ကြောက်လန့်ပုန်းအောင်းနေရပြီး ဖာသာရ်ဒင်းနစ်၊ သီလရှင်များနှင့် ကျောင်းသားများသည်လည်း ကြောက်လန့်လျက်ရှိသည်။ သို့ရာတွင် ထိခိုက်မှုမရှိခဲ့ပေ။ ဒုက္ခသည်များအတွက် နေရာပေးနိုင်ရန် ကျောင်းသားများကို အိမ်ပြန်ခိုင်းရသည်။ တိုက်ခိုက်မှုများ၊ လုယက်မှုများနှင့် လူသတ်မှုများသည် နယ်ရှိဘာသာဝင်များ၏ ဘ၀ကိုဖျက်စီးစေသည်။ သို့ရာတွင် စိန်ထရေဇားသာသနာ၌မူ အေးချမ်းခဲ့ပြီး ၁၉၅၁ခုနှစ်တွင် ဘာသာသို့ ၀င်လိုသူ (၅၃)ဦးကို ဆေးကြောခြင်းမင်္ဂလာ ပေးနိုင်ခဲ့သည်။ အများသည် ဘာသာသို့ဝင်ရန် မယ်တော်တမန်တော်အသင်းက ပြင်ဆင်ပြုလုပ်ပေးခဲ့သည်။ ပြည်တွင်းစစ် ဖြစ်ပွားနေသည့် တိုင်းပြည်တွင် နယ်လှည့်ရန်မလွယ်ကူသလို ကျောင်းသားဦးရေလည်း ကျဆင်းခဲ့သည်။ ဤအခါတွင် မယ်တော်တမန်တော်အသင်းသည် ဧ၀ံဂေလိ ပြန့်ပွားရေး လုပ်ငန်းတွင် အကောင်းဆုံးဖြစ်နေခဲ့သည်။

ဖာသာရ်ဂျွန်စူး
၁၉၅၁ခုနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့တွင် ဆရာတော်ပရိုဗို့(စ်)သည် ရဟန်းသစ်(၃)ပါးကို သိက္ခာတင် ပေးခဲ့ရာတွင် ဖာသာရ်ဂျွန်စူးလည်း ပါဝင်ခဲ့သည်။ ဖာသာရ်ဂျွန်စူးကို ဖာသာရ် ဒင်းနစ် တစ်ပါးတည်းသာ ရှိသည့် စိန်ထရေဇားသာသနာက ဖိတ်ခေါ်လျက်ရှိသည်။ ဖာသာရ်ဝီးမှာလည်း ဂျပန်တစ်ခေတ်လုံး နယ်တွင်ဖြစ်နေပြီးနောက် စစ်ကြီးပြီးသော် အလုံတွင် ဖာသာရ်ဒင်းနစ်နှင့် ပြန်လည်သီတင်းသုံး နေထိုင်ရာမှ ၁၉၄၉-ခုနှစ်ခန့်တွင် စိန်ထရေဇားဘုရားကျောင်း၏ မျက်စောင်းထိုး မီးရထားလမ်း အခြားဘက်နေရာတွင် Our Lady of Fatima School ကို သီးခြားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၅၆ ခုနှစ်တွင် ဖာသာရ်ဝီးသည် ၁၉၄၉ ခုနှစ် မတ်လတွင် အသတ်ခံရသော ဖာသာရ်မေရီအယ်၏ ညောင်လေးပင် ကရင်သာသနာကို တာဝန်ယူခဲ့ရပါသည်။ ဖာသာရ်ဂျွန်စူးသည် ဖာသာရ်ဒင်းနစ်နှင့် ပူးတွဲတာဝန်အပြင် ရန်ကုန်မြို့တွင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသအနှံကိုလည်း လှည့်လည်ကြည့်ရှုရပါသည်။ ထိုကာလရောက်သောအခါတွင် တရုတ်သာသနာကျောင်းသည် တစ်ခုတည်းသော ကွန်မြူနစ်မဟုတ် သည့်ကျောင်း ဖြစ်ခဲ့ပြီး အောင်မြင်မှုလည်းရှိခဲ့ပါသည်။ နိုင်ငံရေးနှင့် လူမှုရေးအမျိုးစုံ ဖြစ်ပေါ်နေသည့် အချိန်တွင် နှစ်အတော်များများကာလတွင် ပညာရေးလုပ်ငန်းတစ်ခုတည်းကိုသာ လုပ်နိုင်ခဲ့ပါသည်။ ၁၉၅၅ခုနှစ်တွင် တိုင်ဖုန်းလေမုန်တိုင်း ရန်ကုန်မြို့ကို ၃ရက်တိုင် တိုက်ခတ်သွားသည့်ကြားက သာသနာအတွင်းရှိ ဘာသာဝင်များသည် စိန်ထရေဇားပွဲနေ့ကို အေးချမ်းစွာဖြင့် နံနက်ပိုင်းတွင် မစ္ဆားကြီး ညနေပိုင်းတွင် လမ်းပေါ်ထွက်၍ လှည့်လည်ခြင်းများပြုလုပ်နိုင်ခဲ့သည်။

၁၉၅၆ခုနှစ်တွင် ဖာသာရ်ဒင်းနစ်သည် ၄င်း၏မိဘများ ရွှေစင်ဂျူဗလီပွဲအတွက် ပြင်သစ်သို့ ပြန်သွားခဲ့သည်။ ကိုယ်တော်အတွက် နောက်ဆုံးဝမ်းသာဖွယ်ရာ အချိန်တစ်ခုဖြစ်ခဲ့သည်။ ပြင်သစ်တွင် အနားယူပြီး ၁၉၅၇ခုနှစ် မတ်လတွင် လေယာဉ်ဖြင့် ပြန်ခဲ့ရာ၌ နံနက်ပိုင်း(၂)နာရီတွင် လေယာဉ် ဆင်းသက်ခဲ့သည်။ ကိုယ်တော့်ကိုချစ်သော ဘာသာဝင် များသည် ဘတ်စကား (၃)စီးအပြည့်ဖြင့် အချိန်မတော် လာရောက်ကြိုဆိုကြသည်။ ကိုယ်တော်ကို ဘာသာဝင်များက အထူးလိုအပ်နေသည်။ သို့ရာတွင် ကိုယ်တော်၏ ကျန်းမာရေးသည် ထိုအချိန်မှစ၍ ညံ့ဖျင်းလာသည်။ နိုဝင်ဘာလတွင် ကိုယ်တော်၏ ကျန်းမာရေးသည် တစ်မျိုးပြီးတစ်မျိုး ဖောက်လာသည်။ ပထမတုပ်ကွေးပြီးတော့ အဆိပ်သင့်ခြင်းနောက် အူရောင်ငန်းဖျားဖြစ်လာသည်။ နောက်ဆုံးဆရာဝန်များက ကိုယ်တော်အား မော်လမြိုင်တွင် အနားယူစေသည်။
သာသနာတွင် အခက်အခဲရှိနေဆဲဖြစ်သည်။ မီးလောင်သွားသောကွန့်ဗင့်ကျောင်းကို ၁၉၅၉ခုနှစ်တွင် အသစ်ပြန်လည်ဆောက်ရသည်။ ရဟန်းမင်းကြီးကိုယ်စားလှယ် မုန်ဆီညှော် နောက်(စ်) ရန်ကုန်သို့ ကြွရောက်ပြီး ကွန်ဗင့်ကျောင်းကို ကောင်းကြီးပေးသွားသည်။
ဖာသာရ်ဒင်းနစ်သည် လူပျော်ဖြစ်၍ ပျော်နေဆဲဖြစ်သည်။ သို့ရာတွင် သူ၏ခန္ဓာ တည်ဆောက်မှုတွင် ချို့ယွင်းမှု တစ်ခုခုဖြစ်နေပြီးဖြစ်သည်။ ၁၉၆၀ ခုနှစ် အောက်တိုဘာ လတွင် ကာဒီနယ်အာဂါဂျီနီယံ ကြွရောက်လာစဉ်တွင် ဖာသာရ်ဒင်းနစ်သည် အိပ်ရာတွင် လွန်ခဲ့သည့်(၇)လခန့်ကပင် လဲနေပြီဖြစ်သည်။ အိပ်ရာထဲမှ ကိုယ်တော်သည် ဟာသ ပြောနိုင်ဆဲဖြစ်သည်။ ကိုယ်တော်သည် မတ်တပ်ရပ်၍ မရတော့ပါ။ ကိုယ်တော်၌ ဟန်ချက် မရှိတော့ပေ။ ၁၉၆၁ခုနှစ်တွင် ဆရာဝန်များမှ ကိုယ်တော်၏ ဦးနှောက်တွင် အကြိတ်အခဲ မတွေ့ရပါ။ အချိန်ကြာမြင့်စွာ အနားယူစေပါသည်။
ထိုအချိန်တွင် သာသနာပြုရဟန်းငယ်များ မြန်မာပြည်သို့ရောက်လာကြသည်။ ဖာသာရ်ရိုင်ပက်တီးအော့ သည် အင်္ဂလိပ်စကားသင်ရင်း စိန်ထရေဇားဘုရားကျောင်းတွင် မစ္ဆားဟောရန် တာဝန်ပေးခြင်းခံရသည်။ ဖာသာရ်ဒင်းနစ်မှာ ဆူညံသံကြားလျှင် အာရုံကြော နာသည့်ရောဂါ ခံစားနေရသည့်ကြားမှ မြန်မာပြည်သို့ ပြန်လိုသောစိတ်ပေါ်ခဲ့သည်။ ဇူလိုင်တွင် ကိုယ်တော်သည် မစ္ဆားပြန်ဟောနိုင်ပြီဖြစ်ကြောင်း စာတွင် ရေးသားခဲ့ပါသည်။ စိန်ထရေဇား သာသနာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များကို ကိုယ်တော်သည် နားစွင့်နေခဲ့ပါသည်။ သူခိုးများသည် ဘုရားကျောင်းကို ဖောက်ထွင်းဝင်ရောက်ပြီး ဗိမ္မာန်တော်ကိုဖွင့်ရန် ကြိုးပမ်းခဲ့သည်။ ထိုအချိန်တွင် ဖာသာရ်ဂျွန်စူးသည် ကလောမြို့သို့ရောက်နေသည်။ ကျောင်းဆရာများကလည်း လစာတိုးတောင်းနေကြသည်။ ဖြေရှင်းရန်မလွယ်သောကိစ္စ ဖြစ်သည်။ ထို့ပြင် စိန်ထရေဇား ကျောင်းသားဟောင်း ဖာသာရ်စတီဖာနိုဝေါင်းသည်လည်း ကျိုင်းတုံတွင် အသတ်ခံရသည်ဟု သတင်း ကြားရလေသည်။ ကိုယ်တော်သည် ထိုအချိန်တွင် ပြင်သစ်မှာရှိနေသော်လည်း သူ့စိတ်သည် တရုတ် သာသနာတွင်ရောက်နေသည်။
ဘာသာဝင်များသည် ကိုယ်တော့်ကိုမမေ့ကြပါ။ ထိုနှစ်သြဂုတ်လ ကိုယ်တော်ပွဲနေ့တွင် ရန်ကုန်မှ စာအထုပ်လိုက်ရခဲ့ပါသည်။

ကိုယ်တော်သည် ရောဂါအတွက် လူဒယ်မြို့သို့ ခါးနာရောဂါခံစားနေရသော ဖာသာရ် ဂျိုးဇက်ဂျင်နီကင်း နှင့်အတူ သွားရောက်ခဲ့သည်။ ၁၉၆၂ခုနှစ် ဇန်န၀ါရီလတွင် ကိုယ်တော် (၂)ပါးလုံးသည် မြန်မာပြည် သို့ပြန်ကြွခဲ့ပါသည်။ ကိုယ်တော်ပြန်ရောက်ချိန်တွင် အခက်အခဲသစ်များစောင့်ကြိုလျက်ရှိပါသည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလတွင် ဥက္ကလာပ မြို့သစ်၌ ဗလီဆောက်လုပ်မှုကြောင့် မြို့တွင်းဆူပူမှုများ ရှိခဲ့ပါသည်။ ပြည်သူ့ရဲများသည် ဘာသာရေးလွတ်လပ်မှုအတွက် ၀င်ရောက်ထိန်းသိမ်းမှုရှိခဲ့သည်။

ဖေဖော်ဝါရီလတွင် ဖာသာရ်ဒင်းနစ်ကျန်းမာရေးသည် အလွန်ဆိုးဝါးလာ၍ တနင်္ဂနွေ တစ်နေ့တွင် မစ္ဆားဟောမှုကို (၂)ကြိမ်တိုင် ရပ်ဆိုင်းခဲ့ရသည်။ ဖာသာရ်ဂျိုးဇက်ဂျင်နီကင်းသည် ကရင်ပြည်နယ် ကမမောင်းသို့ တာဝန်ထမ်းဆောင်ရန် အစီအစဉ်ရှိသော်လည်း စက်ဘီးပေါ်မှ ကျ၍ မျက်စေ့ကုသရန် အကြောင်းပေါ်သဖြင့် ကိုယ်တော်အတွက် သာသနာအသစ်ရှာရန် အကြောင်းဖြစ်ခဲ့ပါသည်။ သို့နှင့် စိန်ထရေဇားသာသနာသည် ဖာသာရ်ဂျင်နီးကင်းအတွက် ဖြစ်လာပါသည်။

ဖာသာရ်ဂျိုးဇက်ဂျင်နီကင်သာသနာပြုလုပ်ငန်းသစ်စခြင်း

သာသနာပြုပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံတွင် ဆက်လက်သာသနာပြုလုပ်ငန်း ဆောင်ရွက်ခွင့် မရှိတော့ ကြောင်း လူတိုင်းအသိပင်ဖြစ်သည်။ သို့ရာတွင် ဖာသာရ်ဂျင်းနီကင်း သာသနာပြု လုပ်ငန်းသစ်ကို စတင်ရန်အချိန်မီခဲ့သည်။ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွင် စာပေစီစစ်ရေး ဥပဒေ မရှိသေး၍ သာသနာပြန့်ပွားရေး စာပေများကို သတင်းစာတိုင်းတွင်သာထည့်နိုင်သည့် သဘောမှာရှိနေသည်။ အချို့ဟိုကိစ္စ ဒီကိစ္စတွင် အကျိုးပေးနိုင်ခြင်း၊ ဗေဒင်ဆရာများကလည်း လူတို့၏ အနာဂတ်ကို ဟောပြောခြင်း၊ ဆေးဆရာအတုများပေါ်ပေါက်ခြင်း၊ တတ်ယောင်ကားများရှိလာခြင်း သူတို့ကကုထုံးသစ် ပေါ်ခြင်း၊ ရောဂါ (၉၆)ပါးကို ကုသနိုင်ခြင်းစသည်ဖြင့် ဆရာများ ပေါ်ပေါက်လာပါသည်။

ဖာသာရ်ဂျိုးဇက်ဂျင်နီကင်းက ဒါထက်ကောင်းတာကို အကြံပြုတင်ပြရန် ပိုကောင်းမယ်။ သခင်ယေဇူးကို သိလိုသူများအတွက် သတင်းစာကြော်ငြာလေးတစ်ခု ထည့်ပေးလိုက်ပါလား၊ အဲ့ဒီတော့ အဲ့ဒီ့လူတွေ ကိုယ်တိုင် မိမိတို့အိမ်မှာနေပြီး ခရစ်တော်ဘာတွေ သွန်သင်ခဲ့သလဲဆိုတာကို လေ့လာနိုင်ပါလိမ့်မယ်။ အဲ့ဒါကို ဖာသာရ်ဂျင်းနီကင်းကိုယ်တိုင် ဒီအကြောင်းကို ပြောခိုင်းရင် ပိုကောင်းပါလိမ့်မည်။

အထက်ပါဘာသာပြန်ဆိုချက်သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်ရှိ နိုင်ငံခြားသာသနာပြု မစ်ရှင်မှပေးပို့သည့် စိန်ထရေဇားသာသနာ၏ သမိုင်းဖြစ်စဉ်မှ ဖြစ်ပါသည်။