St. Lazarus’ Catholic Church (Insein)

Augustine Than Aung
675, Thiri Street Pein-ne-gone,
Insein Tsp
YANGON
Tel: +95 (0)1 642273,
Mobile: + 95 (0)9 245 0153

(Pastor) Fr. Augustine Than Aung
(Asso. Pastor) Fr. Blasius Saw Stee Noo

Daily Masses
6:00a.m.(Myan.),5:00p.m.(Myan)

Sunday Masses
6:00a.m.(Myan.),8:00a.m.(Myan.), 4:30 p.m.(Myan.)

St. Lazarus’ Catholic Church (Insein)

This parish is one of the 14 city parishes. The French Missionaries started their mission here in 1856 with a small church. It became a separate parish in 1922 and Fr. Donohoe being the first Pastor. The present church was dedicated on 19 December 1968 by His Excellency Bishop Victor Bazin. Taungthugone, Nanthagone, Ywama, Phawkan, Danyingone, Peinnegone, and Myothit quarters fall under this parish. According to 2004 statistics, there are 300 Catholic families with 1800 Catholics.

စိန်လာဇရူး ကက်သလစ်ဘုရားရှိခိုးကျောင်း(အင်းစိန်)

ဤသာသနာကို ပဲရစ်မြို့အခြေစိုက်ပြင်သစ်ဘုန်းတော်ကြီးများ(M.E.P)တို့က ၁၈၅၆ ခုနှစ်က ဘုရားကျောင်းငယ်သေးသေးလေးနှင့် အစပြုခဲ့ကြလေသည်။၁၉၂၂ ခုနှစ်တွင် သီးခြားသာသနာ တစ်ခုဖြစ်လာခဲ့၍ Fr. Donohoe ပထမဦးဆုံးကျောင်းထိုင်ဖြစ်ခဲ့လေသည်။ လက်ရှိကျောင်းတော်ကြီးကို ၁၉၆၈ ခု၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ဂိုဏ်းချုပ်ဆရာတော်ကြီး Victor Bazin က ရေစက်ချ ကောင်းကြီးပေးခဲ့လေသည်။ လက်ရှိဤသာသနာတွင် ဘာသာဝင်မိသားစု ၃၀၀ ခန့်ရှိပြီး ဘာသာဝင်ဦးရေ ၁၈၀၀ ခန့်ရှိသည်။

ဖါတီမာမယ်တော် ကက်သလစ်ဘုရားရှိခိုးကျောင်း(စမ်းချောင်း)
ဤသာသနာကို ၁၉၀၀ ခုနှစ်မှအစပြုခဲ့ပြီး၊အများစုမှာတမီလ်ဘာသာဝင်များဖြစ်ကြသည်။၁၉၁၃ ခုနှစ်တွင် Fr. Sellos သည်အင်းယားလမ်းရှိ St. Augustine သာသနာ၏ကျောင်းထိုင်ဖြစ်ခဲ့စဉ်ကစမ်းချောင်း၊ မြေနီကုန်းရှိ တမီလ်ဘာသာဝင်များအတွက်အထူးဂရုစိုက်၍ ၀ိညာဉ်ရေးကဏ္ဍများ၌ ကူညီပေးခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် Bishop Provost ကဤသာသနာကို သတ်မှတ်တစ်ခု အဖြစ်သတ်မှတ်ပေးပြီး Fr. Lesqere က(အင်းစိန်ကျောင်းထိုင်)တာဝန်ယူခဲ့လေသည်။ Fr. Lesqere က ဘုရားကျောင်းဆောင်ဆောက်လုပ်ဘို့ကြိုးစားခဲ့လေသည်။သို့သော် ၁၉၄၁ ခု ဒုတိယကမ္ဘစစ်မီးကြောင့်ဘုရား ကျောင်းဆောက်လုပ်ရေးလုပ်ငန်းအဟန့်အတားဖြစ်ခဲ့ရသည်။

၁၉၄၅ ခုနှစ်တွင် Fr. S.K. Martin ကကျောင်းထိုင်ဖြစ်ခဲ့ပြီး ဘုရားကျောင်းကိုဆက်လက်တည်ဆောက်ခဲ့သည်။သို့သော် ၁၉၄၆ ခုနှစ်တွင် ဖျာပုံသို့ပြောင်းရွှေ့ခဲ့ပြီး၊အင်းစိန်ကျောင်းထိုင်ကဆက်လက်တာဝန်ယူခဲ့သည်။၁၉၅၁ ခုနှစ်တွင် ဖါတီမာမြို့တော်မှ ဖါတီမာ မယ်တော် ဆင်းတုကြွရောက် အဖူးခံခြင်း အချိန်မှစ၍ ဤကျောင်းတော်ကြီးကို ဖါတီမာမယ်တော် ဘုရားရှိခိုးကျောင်းဟု တရားဝင်သတ်မှတ်ခဲ့လေသည်။ ၄င်းနောက် အင်းစိန်ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Joseph ကဆက်လက်ပြီး ဘုရားကျောင်းကိုတည်ဆောက်ခဲ့ပြီး၊အောက်တိုဘာလ ၁၃ ရက်၁၉၅၃ ခုနှစ်၌ ဆရာတော်ကြီး Victor Bazin က ရေစက်ချကောင်းကြီးပေးခဲ့လေသည်။၁၉၆၈ ခုနှစ်၌မှ Fr. S.K. Martin ကကျောင်းထိုင်ပြန်ဖြစ်လာပြီး၊အထူးသဖြင့် ရန်ကုန်မြို့ပေါ်ရှိချင်းလူမျိုး ကက်သလစ်ဘာသာဝင်များ ဗဟိုနေရာလည်းဖြစ်ခဲ့လေသည်။ စက်တင်ဘာလ ၇ ရက်၂၀၀၃ ခုနှစ်၌ ရန်ကုန်ကက်သလစ်ချင်းမိသားစုအဖွဲ့(YCCF)၏၂၃ နှစ်မြောက်ဂျူဗလီပွဲတော်ကို ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး Charles Bo မှဦးဆောင်ကျင်းပပေးခဲ့လေသည်။၎င်းအပြင်Fr. Philip Zahaung (ယခုလက်ရှိလားရှိုးဂိုဏ်းအုပ်ဆရာတော်)က ဦးဆောင်၍ ရန်ကုန်မြို့ပေါ်ရှိ ကချင်ကက်သလစ်ခရစ်ယာန်များ၏ဗဟိုအဖြစ် ၂၀၀၅ ခုနှစ်အထိဖြစ်ခဲ့သည်။ ၁၉၈၃ ခုနှစ်၌ ကျောင်းတော်ကြီး၏ငွေရတုသဘင်ကို ကျင်းပခဲ့ပြီး၊၂၀၀၃ ခုစက်တင်ဘာလ ၅ ရက်နေ့၂၀၀၄ ဒီဇင်ဘာလတွင် ဤကျောင်းတော်ကြီး၏ရွှေရတုသဘင်ကိုကျင်းပခဲ့သည်။ ဒီဇင်္ဘာလ ၂၀၀၄ ခုနှစ်စာရင်း အရ ကက်သလစ်ဘာသာဝင်ဦးရေ ၂၂၁၅ ဦး ရှိလေသည်။