St. Gemma Galgani

St. Gemma Galgani (ရွှေပြည်သာ)

ရန်ကုန်မြို့တော်ကြီးသည်တဖြေးဖြေး လူဦးရေတိုးတက် များပြားလာပါသည်နှင့်အမျှ မြို့သစ်များ ပေါ်ထွက်လာနေပေသည်။ ၁၉၈၉ ခုနှစ်မှစ၍၊ ဒဂုန်မြို့သစ်၊ရွှေပြည်သာ၊လှိုင်သာယာ ဟူ၍မြို့ကြီး
များပေါ်ထွက်လာပေသည်။ ထိုသို့အတွက်ကြောင့် ရွှေပြည်သာ၊ လှိုင်သာယာမြို့သစ်များ၌လည်း ကက်သလစ်ဘာသာဝင်များ တိုးတက်ရောက်ရှိလာကြလေသည်။ ယနေ့ထိထိုနေရာများ၌ ၀တ်ပြုကိုးကွယ်ခြင်းများ အတွက်ဘုရားကျောင်းနှင့် မြေပိုင်မရှိသေးပေ။ ၂၀၀၄ ခုနှစ်စာရင်းများအရ ကက်သလစ်ဘာသာဝင်ဦးရေ ၈၀၀ ခန့်ရှိလေသည်။

Background History of St. Gemma Church

၁၀.၃.၁၉၉၂ Archbishop Gabriel သည် ဦးဝင်းညွှန့်ထံတွင် မြေတိုင်းရပ်ကွက်အမှတ် ၅၃၈ (ဗ)၊ မြေကွက်အမှတ် ၂၈ (ဗ) အလျား ၅၇၀ ပေ ။ ၆၂၀ ပေ အနံ ၁၄၅ ပေ ဧရိယာ (၈.၇၅၀) ”မခွဲရသေး” ဦးဝင်းညွှန့်ထံတွင် ငွေ (၁၄၀၀၀၀)ဖြင့် ၀ယ်ခဲ့သည်။
၁၉၉၃တွင် ပျဉ်ထောင်၊ သွပ်မိုးအိမ်လေးတစ်လုံးဆောက်ပြီး ဓမ္မဆရာမ ဒေါ်ရေဂျီနား လင်မယားကို ထားသည်။ ထိုနှစ်တွင် St. Gemma Church ကို ဓမ္မဆရာ ဦးမာနော+ ဆရာဒွေးတို့ဆောက်၊ အနားတွင် New foundation အုတ်နှင့်ချထားသည်။ မကြာမီ ဆက်မဆောက်ရန် တားမြစ်ခံရသည်။

၂၁.၁၁.၂၀၀၀ တွင် ဓမ္မဆရာဦးစီးလာ ရောက်လာပြီး အုတ်နံရံလျှောက်ရာ ရန်ကုန်မြို့တော်စီပင်မှ အုတ်နံရံဆောက်ခွင့်ရပြီး စောပါစကား ဦးဆောင်၍ ဆောက်ခဲ့သည်။ ကျောင်းဝင်းရေ၀ပ်၍ ကန်(၂) ကန်တူးပြီး ကားလမ်းဖို့ခဲ့သည်။

၂၀၀၁ တွင် Fr. Philip Mg Mg Gyi ကျောင်းထိုင်အဖြစ် ခန့်အပ်၍ ကျောင်းထဲတွင် သီတင်းသုံးသည်။ ၁၄.၅.၂၀၀၃ တွင် Foundation ဆက်မဆောက်ရန် တားမြစ်ခဲ့သည်။

၇.၆.၂၀၀၃ တွင် မ.ရ.က ဥက္ကဌနှင့် အဖွဲ့ဝင် (၁၄)ဦးတို့ လာ၍ မောင်းထုတ်ပြီး ဘုရားကျောင်းကို ချိတ်ပိတ်လိုက်သည်။ ထိုနေ့တွင် ရဟန်းမရှိ၍ ဦးပီတာ မိန်းမ မလှလှဦးကို ရဟန်းကို ဓါးချိတ် ပိတ်ကြောင်း လက်မှတ်ရေးထိုးခိုင်းသည်။

၂၅.၇.၂၀၀၃တွင် ကျောင်းထိုင်က ချိတ်ဖွင့်ပေးရန် သာသနာရေးဝန်ကြီးဌာနနှင့် ဌာနအသီးသီးသို့ စာတင်ခဲ့သည်။ မအောင်မြင်ပါ။

၂၀.၁၀.၂၀၀၃ တွင် ဒုတိယအကြိမ် ဘုရားကျောင်းပြန်တက်ခွင့်ပြုပါရန် စာတင်ခဲ့သည်။ မအောင်မြင်ပါ။

၂၀၀၅ ခုနှစ်တွင် ဘုရားကျောင်းကို လူနေအိမ်အဖြစ်သာ အသုံးပြုပြုရန် ဆရာထွန်းညိုနှင့် အဖွဲ့ ချိတ်ဖွင့်ပေးသည်။ ဘုရားရှိခိုးခွင့်မရသေး၍ ရပ်ကွက်ထဲတွင်သာ အလှည့်ကျ ရှိခိုးရသည်။

၁.၅.၂၀၀၅ တွင် Fr. Solomon ကို ဆရာတော်မှ ရွှေပြည်သာကို အုပ်ချုပ်ရန် တာဝန်ပေးလိုက်သည်။ ၂၁.၆.၂၀၀၅ တွင် ဖိလစ်ပိုင်သို့ထွက်ခွါစဉ် တခြားဘုန်းကြီးများ အလှည့်ကျသွားပေးသည်။

၂.၄.၂၀၀၆ တွင် ဖိလစ်ပိုင်မှပြန်လာသည်။

၂၀၀၇ တွင် Clergy House ကို ပြန်ချဲ့ပြုပြင်ရန် ဆရာတော်ကြီးမှ ကူညီခဲ့သည်။

၂၀၁၀ တွင် နားလည်မှုရယူကာ ဘုရားကျောင်းတွင် ၀တ်ပြုခြင်းကို ယနေ့တိုင်ရရှိခဲ့သည်။

၁။ ရွှေပြည်သာ သာသနာသမိုင်းမှတ်တမ်းကို ဘုတ်အဖွဲ့မှ အတွင်းရေးမှူး ဆရာထွန်းညို ထံတွင် စုံစမ်းနိုင်သည်။
၂။ မြေကိစ္စစာချုပ်စာတန်းများကို ရွှေပြည်သာကျောင်း၌လည်းကောင်း၊ ဆရာထွန်းညို၌ လည်းကောင်း စုံစမ်းနိုင်ပါသည်။
၃။ ယနေ့ထိမြေမခွဲရသေး။
၎။ ယနေ့ထိ သာသနာမြေ မလျှောက်ရသေးပါ။

စဉ် ဘုန်းတော်ကြီးအမည် တာဝန်ကျခဲ့သည့်ခုနှစ် မှတ်ချက်
1. Rev. Fr. Philip Mg Mg Gyi 17.11.2002
2. Rev. Fr. Solomon Hla Aung 1.5.2005