St. Edward’s Catholic Church

Victor Nyan Myint
Pyay Road
Mingaladon, 11021
YANGON
Tel: +95 (0)1 635098
Mobile: +95 (0)9 516 2409

Fr. Victor Nyan Myint (Pastor)

Daily Mass:
6:30a.m.(Myan.&Eng.alternatively)

Sunday Masses:
6:00a.m.(Myan.),8:00a.m.(Myan.),5:00p.m.(Myan)

St. Edward’s Catholic Church (Mingladon Township)

St. Edward’s Church is located in Mingaladon town, which is one of the 14 Yangon City parishes and 13 miles distant from the Centre of the City.

On 21 November 1929 Bishop Cardot appointed Fr. Frederick Whittaker to look after the Catholic families and military men living in the Mingladon Military Area. Fr. Whittaker arrived there on 22 December 1929 and started his mission work. The construction of the present church was started on 13 October 1938.

The Diamond Jubilee of the parish was celebrated on 17th October 2004 presided by His Grace Archbishop Charles Bo. According to the 2004 statistics, 1068 Catholics are living in this parish.

စိန်အက်ဒွက် ကက်သလစ်ဘုရားရှိခိုးကျောင်း(မင်္ဂလာဒုံ)

စိန်အက်ဒွက်ကျောင်းတော်ကြီးသည် မင်္ဂလာဒုံမြို့၌ရှိပြီး။ ရန်ကုန်မြို့လယ်နှင့် ၁၃မိုင်ကွာဝေးလေသည်။ ၁၉၂၉ ခု နိုဝင်ဘာလ ၂၁ ရက်နေ့၌ Bishop Cardot က Fr. Frederick Whittaker ကို မင်္ဂလာဒုံစစ်တပ်ဧရိယာအတွင်းရှိ စစ်မှုထမ်းနေသောကက်သလစ်ဘာသာဝင်များအား ကြည့်ရှုရန်တာဝန်ပေးခဲ့လေသည်။ ၄င်းဘုန်းတော်ကြီးသည် ဒီဇင်ဘာလ ၂၂ရက် ၁၉၂၉ ခုနှစ်တွင် ထိုသာသနာ၌ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိကျောင်းတော်ကိုလည်း အောက်တိုဘာလ ၁၃ ရက် ၁၉၃၈ ခုနှစ်၌ တည်ဆောက်ခဲ့လေသည်။
စိန်အက်ဒွက်သာသနာ စိန်ဂျူဗလီပွဲတော်ကြီးကို ၁၇ ရက်အောက်တိုဘာ၂၀၀၄ တွင်ကျောင်းထိုင်ဘုန်းတော်ကြီးအက်ဒွက်စံသိန်းတာဝန်ထမ်းဆောင်နေချိန်တွင် ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်(စ်)ဘိုမှဦးဆောင်ကျင်းပခဲ့ပြီး၊ လက်ရှိဘာသာဝင်ဦးရေ ၁၀၆၈ ဦးရှိလေသည်။

စိန်အက်ဒွက်သာသနာ စိန်ရတုသဘင်

၂၁ နိုဝင်ဘာ၊ ၁၉၂၉တွင် ရန်ကုန်သာသနာ၏ အကူဆရာတော်အဖြစ် စတင်တာဝန်ယူခဲ့သော ဆရာတော်ပရိုပို့သည် တာဝန်ယူပြီး များမကြာမီ မင်္ဂလာဒုံစစ်တပ်နယ်မြေအသစ်တွင် ရှိနေကြသော သားသမီးများ၏ ၀ိညာဉ်ရေးအတွက် အဖိုးမဖြတ်နိုင်သောပံ့ပိုးမှုတစ်ရပ်ကို ချီးမြင့်ခဲ့လေသည်။ မင်္ဂလာဒုံစစ်တပ်နယ်မြေသစ်တွင် ကက်သလစ်အသင်းတော်ကို ထူထောင်ပေးရန် အင်္ဂလိပ်တပ်မတော် ဘုန်းတော်ကြီး ဖာသာရ်ဖရက်ဒရစ်ဝှစ်တကာ Fr. Frederick အား တာဝန်ပေးလိုက်ခြင်းပင်ဖြစ်သည်။
မင်္ဂလာဒုံစစ်တပ်နယ်မြေသစ်မှ သားသမီးများ၏ အကျိုးကို သယ်ပိုးဆောင်ရွက်ရန် ရောက်ရှိလာသော ဘုန်းတော်ကြီးဖာသာရ်ဖရက်ဒရစ်ဝှစ်တကာ၏ ပထမဦးဆုံးကြုံတွေ့ ရင်ဆိုင်ခဲ့ရသော အခက်အခဲမှာ ဘုရားဝတ်ပြုရန်ကျောင်းဆောင်မရှိရုံမက ဘုန်းတော်ကြီး သတင်းသုံးနေထိုင်ရန်ပင် နေရာမရှိခဲ့ပေ။

မည်မျှပင်အရိပ်အာဝါသကင်းမဲ့ပြီး ခိုကိုးရာမဲ့နေစေကာမူ သံမဏိနှလုံးသားနှင့် သခင်ယေဇူး၏ ချစ်သားကြီးသည် မိမိအရှင်သခင်၏ ချစ်ခြင်းမေတ္တာမျိုးစေ့ကို ကြဲရန်အလို့ငှာ ၁၉၂၉၊ ဒီဇင်ဘာလ၊ ၂၉ရက်နေ့တွင် မင်္ဂလာဒုံစစ်တပ်နယ်မြေသစ်၌ စတင်အခြေချနေထိုင်ကာ တိုင်းရင်းသားကက်သလစ်များနှင့် အိန္ဒိယ၊ အင်္ဂလိပ်နှင့် မန်ဂျပ်တပ်များမှ ကက်သလစ်များအတွက် ၀ိညာဉ်ရေးရာကိစ္စများကို တာဝန်ယူခဲ့ခြင်းဖြင့် မင်္ဂလာဒုံစစ်တပ်နယ်မြေသစ်တွင် သခင်ယေဇူး၏ မေတ္တာကို စီးဆင်းစေခဲ့ပါသည်။

ဘုန်းတော်ကြီးသီတင်းသုံးရန် မစ္ဆားတရားပူဇော်ရန်အခြားသော ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် ပန်ဂျပ်တပ်မှ (တပ်မမှူး) ဒုဗိုလ်မှူးကြီးဘက်နက်မှ တယ၀န်ယူကာ ၄င်းတို့၏ ယာယီတပ်စခန်း၌ ဘုန်းတော်ကြီးအား ရုံးခန်းကို ဖွင့်လှစ်စေခဲ့ပြီး သီတင်းသုံးသာနာပြုစေခဲ့ပါသည်။
စစ်ရေးစစ်ရာ ရှုပ်ထွေးသောကာလဖြစ်နေသောကြောင့် ဘုရားကျောင်းဆောက်လုပ်ခွင့် ရရှိရန်အတွက် များစွာအခက်အခဲကြုံရသော်လည်း မွန်ဆီညော်ပဲရွိုင်း (Perroy) ၏ အထူးကြိုးပမ်းမှုဖြင့် အာဏာပိုင်များထံမှ ကျောင်းဆောင်ဆောက်လုပ်ခွင့်ကို ၁၉၃၆ခုနှစ်တွင် ရရှိခဲ့ပါသည်။ ကျောင်းဆောင်ဆောက်လုပ်ရန် နေရာကို ခုတ်ထွင်ရှင်းလင်းရာတွင် ဘာသာတူများမှ တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။

ကျောင်းတော်ဆောက်လုပ်ရန်အတွက် ရောမမြို့မှ အကူအညီရယူခဲ့ပြီး ကန်ထရိုက်စနစ်ဖြင့် ၁၉၃၈၊ အောက်တိုဘာလ၊ ၁၃ရက်နေ့တွင် စတင်၍ ဆောက်လုပ်ခဲ့ကြသည်။

အဆောက်အဦးများ အလွန်တရာနည်းပါးနေစဉ် ထိုအချိန်တွင် ဆောက်လုပ်ပြီးစီးသော ဗိမာန်တော်အဆောက်အဦးသည် တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုသောနေရာ ဖြစ်လာခဲ့ပါသည်။ တိုင်းပြည်အကျိုးအတွက် ဘ၀ကိုပေးအပ်ကြသော စစ်သားများကို စစ်သားများကို အစဉ်ကူညီရန်ထက်သန်သော တပ်မတော်ဘုန်းတော်ကြီး Fr. Whitaker သည် များစွာသော လူမမာ စစ်သားများကို ပြုစုရေးအတွက် ကျောင်းတော်ကို အသုံးပြုခွင့်ပေးခဲ့ပြီး နွေးထွေးစွာ ကူညီခဲ့ပုံများမှာ မှတ်သားလောက်ဖွယ်ပါသည်။
ဘုန်းတော်ကြီး ဖာသာရ်ဝှစ်တကာသည် ၁၉၄၆ တွင် မဂ်လာဒုံမှ စိန်ပေါလ်ကျောင်းသို့ တဖန်ပြောင်းရွှေ့ခဲ့ရသည်။

ထိုအခါ အင်းစိန်ကျောင်းထိုင်ဖြစ်သော ဖာသာရ်ဂျိုးဇက်က မင်္ဂလာဒုံသာသနာကို ပူးတွဲကြည့်ရှုခဲ့ရသည်။

၁၉၄၉ခုတွင် ဘုန်းတော်ကြီးဖာသာရ်ပီဂျိုးဇက်သည် မင်္ဂလာဒုံသာသနာ၏ ကျောင်းထိုင် ဘုန်းတော်ကြီးဖြစ်ခဲ့သည်။ ဖာသာရ်ဂျိုးဇက်တာဝန်ယူစဉ်ကာလတွင် တွဲဖက်လုပ်ဆောင် ရသော အခြားသာသနာအမှုကိစ္စများစွာရှိသော်လည်း မင်္ဂလာဒုံသာသနာမှ သားငယ်သမီးငယ် များ၏ ရှေ့ရေးကို အမြော်အမြင်ကြီးမားစွာဖြင့် မူလတန်းစာသင်ကျောင်းကို ဆောက်လုပ်ခဲ့ပြီး ပညာမျိုးစေ့ကို ချခဲ့ပါသည်။ ဖာသာရ်ဂျိုးဇက်လက်ထက်တွင် စစ်မှုထမ်း များအား အထူးပြုကာ ရဟန္တာစိန်ဆာဗက်စတီယံကို သဒ္ဒါကြည်ညိုလျက် အလွန်စည်ကား သိုက်မြိုက်စွာဖြင့် ပွဲတော်ကျင်းပပေးခဲ့ခြင်းများမှာ မင်္ဂလာဒုံသာသနာအတွက် အစဉ် အောက်မေ့စရာဖြစ်ခဲ့သည်။ ၁၉၆၀ တွင် ဖာသာရ်ဂျိုးဇက်သည် စိန်အန်ထော်နီ ဘုရားကျောင်း သို့ ပြောင်းရွှေ့ခဲ့ပါသည်။
တဖန် ၁၉၆၀တွင် Rev. Fr. Sylvester Cyril Tun Shwe မှ မင်္ဂလာဒုံသာသနာကို ဆက်လက်၍ တာဝန်ယူသော ကျောင်းထိုင်ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။ ဘုန်းတော်ကြီး သည် ဘာသာသူတို့၏ ၀ိညာဉ်ရေးရာကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံဆောင်ရွက်ရုံ မက စာသင်ကျောင်းတွင်လည်း ကိုယ်တိုင်သင်ကြားကာ အလွန်တရာစည်းကမ်းရှိသော အနာဂတ်၏ ကြယ်ပွင့်များကို မွေးထုတ်ပေးခဲ့ပါသည်။ ပညာရေးကို စိတ်ထက်သန်လျက် တက်ကြွစွာလုပ်ကိုင်သောဘုန်းတော်ကြီးအား ကြည်ညိုသောသူများ ပိုမိုများပြားလာခဲ့ရာ စာသင်ကျောင်းဆောင်မှာ မလောက်ငတော့သည်အထိ ကြုံတွေ့ရပါသည်။

ထို့ကြောင့် ဘုရားကျောင်းနှင့် ကပ်လျက်နေရာတွင် ကျောင်းသားလုပ်အားပေးအနည်းငယ်နှင့် ဘုန်းတော်ကြီးကိုယ်တိုင်ပင် ကျောင်းဆောင်တိုးချဲ့ဆောက်လုပ်ခဲ့ပါသည်။ ဤသို့ မင်္ဂလာဒုံ သာသနာကို အောက်ခြေသိမ်းဂရုစိုက်ခဲ့သော ဘုန်းတော်ကြီး Rev. Fr. Sylvester သည် ၁၉၇၃ နိုဝင်ဘာလတွင် ရန်ကုန်၊ တာမွေ၊ စိန်ဖရန်စစ်ကျောင်းသို့ ရွှေ့ပြောင်းသွားခဲ့ပါသည်။

၎င်းနောက် ၁၉၇၃ နိုဝင်ဘာလတွင် ဘုန်းတော်ကြီး Fr. Louis လှသွင်သည် မင်္ဂလာဒုံ စိန်အက်ဒွက်သာသနာသို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ရောက်ရှိတာဝန်ယူ ထမ်းဆောင်ခဲ့ရာ သာသနာတွင် လိုအပ်လျက်ရှိသော ရိုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ကျောင်းတော်၌ မရှိမဖြစ်လိုအပ်ခဲ့သော ကျောင်းဝင်း ပတ်လည် အုတ်နံရံ၊ ကွန်ကရစ်လမ်း၊ ဓမ္မာရုံ၊ အခါမလပ်ဆုတောင်းနိုင်ရန် ယေဇူးဘုရင် ဗိမာန်တော်တို့ကို တည်ဆောက်ခဲ့ပြီး ဘုရားကျောင်းအတွင်းအပြင် ပြင်ဆင်မွမ်းမံမှုများကို ပြုလုပ်ခဲ့သည်။ ကျမ်းစာသင်တန်း၊ ကုသခြင်း၊ လစဉ်ဝတ်စောင့်မှု၊ လစဉ်ကိုယ်တော်မြတ် ဖူးမြှော်ခြင်း၊ နှစ်စဉ်ဝတ်စောင့်ပွဲတို့ဖြင့် ၀ိညာဉ်များတည်ဆောက်ဖို့ရန် ကြိုးပမ်းခဲ့သည်။ သာသနာအတွင်း နေရာဒေသအလိုက် အုပ်စု (၉)စုဖွဲ့စည်းပြီး ဘာသာရေးလုပ်ငန်းများတွင် အုပ်စုလိုက်လှုပ်ရှားစေခဲ့သည်။ ကြည့်မြင်တိုင်အနာကြီးဆေးရုံကို ထောက်ကြံ့သို့ ပြောင်းရွှေ့ လိုက်သောအခါ ထောက်ကြံ့ အနာကြီးရောဂါသည်စခန်း၌ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ အပြင် မစ္ဆားပူဇော်ခြင်း၊ စက္ကရမင်တူးပေးခြင်း၊ သဂြိုဟ်ခြင်းများကို ပြုလုပ်ပေးခဲ့ပါသည်။ ဤသို့သာသနာ၏၀ိညာဉ်ရေးရာကိစ္စရပ်များကို စိတ်အားထက်သန်စွာ အစေခံထမ်းရင်း ၂၀၀၂ခုနှစ် နိုဝင်ဘာလ၌ မင်္ဂလာဒုံစိန်အက်ဒွက်သာသနာမှ ပြောင်းရွှေ့သွားခဲ့သည်။

၁၅.၁၁.၂၀၀၄နေ့မှစ၍ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်အက်ဒွက်စံသိန်းမှ သာသနာကို ဆက်လက်တာဝန်ယူ ထိန်းသိမ်းလျက်ရှိသည်။ ဘုရားကျောင်းဓမ္မာရုံသစ်ဆောက်လုပ်ခြင်း၊ ရင်ပြင်တော်ကွန်ကရစ်ခင်းခြင်း၊ ကျောင်းဗိမာန်တော်ကို ဆေးသုတ်မွမ်းမံပြင်ဆင်ခြင်း၊ အလုပ်သမားဆောင်ပြုပြင်ခြင်းစသော ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုသာသမက သာသနာ အုပ်စု(၉)စုကို ဦးဆောင်ပံ့ပိုးကူညီကာ မယ်တော်အသင်း၊ စိန်ဗင်းဆင့်ဒီပေါလ်အသင်းတို့နှင့် တွဲဖက်လျက် ၀ိညာဉ်ရေးသာသနာရေး အမှုတော်များကို ထမ်းဆောင်လျက်ရှိပါသည်။