St. Anthony’s Catholic Church

Joseph Maung Win
24, Upper Pansodan Street,
Mingala Taung Nyunt Tsp
YANGON

Tel: +95 (0)1 245939, (0)9 501 5324
email: josephmgwin@gmil.com

(Pastor) Fr. Joseph Maung Win
(Asso. Pastor I) Fr. Augustine Saw Moe Win Aung
(Asso. Pastor II) Fr. Thomas Zaw Lwin, OSM

Daily Masses:
6:00a.m. (Tamil), (Myan.-Thu), (Eng.-Sat)
5:30 p.m. ( Myan. – Tue), 5:00 p.m. with Rosary (Tamil – Sat) First Friday – 5:30 p.m (Tamil)

Sunday Masses:
6:30a.m. (Tamil), 9:00a.m.(Myan.), 5:00p.m.(Tamil)

St. Anthony’s Catholic Church

On 18th Feb. 1875, Bishop Paul Bigandet, M.E.P., laid the FOUNDATION STONE of this Church and consecrated it on 18th Nov. 1877.

The Centenary (1877-18th Nov. 1977) DEDICATION of this Church was grandly celebrated on the 3rd , 4th and 5th of Dec. 1977, under the Sponsorship of late Rev. Fr. N. A. Santiago, Ph. L. (7th Parish Priest). The Statue of St. Anthony (on the Main Door) was put up in Remembrance of this Event.

The Dedication Jubilee (125th year) of this Church was celebrated on 17th, 18th and 19th of Nov. 2002, during the period of the 10th Parish Priest, Rev. Fr. S.S. Arul. The NEW TABLET was set up at this Event, after the completion of the RENOVATION of this Church in 2002.

From 1875 to 1946 this Parish was run by M.E.P. Priests of FOREIGN MISSION of PARIS, FRANCE. From 1946 till today, 2005 this Parish of St. Anthony is run by Indigenous Local Tamil Priests of Yangon Archdiocese, MYANMAR.

စိန်အန်ထော်နီ ကက်သလစ်ဘုရားရှိခိုးကျောင်း

၁၈၇၅ ခုဖေဖေါ်ဝါရီလ ၁၈ ရက်နေ့၌ Bishop Paul Bigandet ပဲရစ်မြို့အခြေစိုက် ပြင်သစ်သာသနာပြုဘုန်းတော်ကြီးများ(M.E.P)မှ အုတ်မြစ်ချတည်ဆောက်ခဲ့ပြီး၊ ၁၈၇၇ ခု နိုဝင်ဘာလ ၁၈ ရက်နေ့၌ ရေစက်ချကောင်းကြီးပေးခဲ့လေသည်။ ၁၈၇၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ ပဲရစ်မြို့ အခြေစိုက် ပြင်သစ်သာသနာပြုဘုန်းတော်ကြီးများ (M.E.P) ဘုန်းတော်ကြီးများမှ တာဝန်ယူခဲ့ပြီး၊ ၁၉၄၆ ခုမှ ယနေ့အထိ မြန်မာပြည်ဖွား တမီ(လ်)ဘုန်းတော်ကြီးများမှ ဆက်လက်ပြီး သာသနာ့ တာဝန်ကိုထမ်းဆောင်နေကြလေသည်။

ကျောင်းတော်ကြီး၏ ရာပြည့်ပွဲတော်ကြီး (၁၈၇၇-၁၉၇၇) ကို ၁၉၇၇ ခုဒီဇင်ဘာလ ၃-၅ ရက် နေ့ထိကျောင်းထိုင်ဘုန်းတော်ကြီး N.A. Santiago လက်ထက်၌ကျင်းပခဲ့ပြီး၊ လက်ရှိကျောင်းရှေ့ အလယ်ဗဟိုရှိ စိန်အန်ထော်နီရုပ်ထုကြီးကို ထိုဂျူဗလီအမှတ်တရအဖြစ် ယနေ့တိုင် တွေ့မြင်ရလေ သည်။

ကျောင်းတော်ကြီး၏ ၁၂၅ နှစ်မြောက်ဂျူဗလီကို ၊၇-၁၉ နိုဝင်ဘာလ ၂၀၀၂ ခုနှစ်၌ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. S. S. Arul လက်ထက်တွင် ကျင်းပနိုင်ခဲ့သည်။

ရန်ကုန်စိန်အန်ထော်နီဘုရားရှိခိုးကျောင်း ရာဇ၀င်မှတ်တမ်း
၁၈၇၇ခု၊ နိုဝင်ဘာလ (၁၈)ရက်- ၁၉၇၇ခု

အေဒီ ၆ ရာစုမှစ၍ အိန္ဒိယလူမျိုးများသည် အာရှအရှေ့တောင်ပိုင်းရှိတိုင်းပြည်များသို့ ၀င်ရောက်လာခဲ့ကြသည်။ ရှေ့ဦးပိုင်းရာစုများတွင် မြောက်များစွာဝင်ရောက်ခဲ့ကြသော်လည်း နောင်တွင်တဖြည်းဖြည်း နည်းပါးသွားခဲ့သည်။ မြန်မာပြည်သို့လည်း လက်မှုပညာသည်များ၊ ပိသုကာပညာသည်များနှင့် အခြားပညာတတ်ကျွမ်းသူများအဖြစ် ရောက်ရှိလာခဲ့ကြသည်။

၁၈၂၄ခုနှစ်ဗြိတိသျှတို့ အရှေ့အာရှတောင်ပိုင်းသို့ဝင်ရောက်လာသောအခါ များစွာသောအိန္ဒိယ လူမျိုးများသည် စစ်သားများ၊ အစေခံများ၊ ခဲယမ်းမီးကျောက် လက်နက်ကိုင်တပ်သားများ၊ အစိုးရအမှုထမ်းများ၊ စိုက်ပျိုးရေးသမားများနှင့် အခြားအလုပ်သမားများအဖြစ် လိုက်ပါခဲ့ကြ လေသည်။ စိုက်ပျိုးမှု မရှိသေးသော ဒေသရပ်ကွက်များနှင့် အချိန်မှန်တိုက်ခတ်သော မုတ်သုန် လေတို့သည် မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်မတိုင်မှီ ရောက်လာသော အိန္ဒိယလူမျိုး အများ အပြားကို ထွန်ယက်စိုက်ပျိုးသူများ ဖြစ်စေခဲ့သည်။ ၄င်းတို့သည် ဇွဲလုံလနှင့် ပြည့်စုံသောသူများ ဖြစ်သည့်အလျောက် ကျယ်ပြန့်လှသော လယ်ယာဧကအများအပြားကို စိုက်ပျိုးဖွံဖြိုးစေခဲ့သည်။ ဤနည်းအားဖြင့် တောအရပ်များ၌ လည်းကောင်း၊ မြို့ကြီးများ၌လည်းကောင်း၊ အိန္ဒိယလူမျိုး အများအပြား နေထိုင်လုပ်ကိုင်လာကြသည်။ ထိုသို့ ၀င်ရောက်လာသူများတွင် အိန္ဒိယ တောင်ပိုင်း မှ ပြောင်းရွေ့လာသော ကာသိုလိပ်ဘာသာဝင်အချို့လည်း ပါဝင်ခဲ့သည်။

၁၈၂၄ခုနှစ်နှင့် ၁၈၅၂ခုနှစ်အတွင်း၌ စိန်အန်ထော်နီအမည်ခံ ဘုရားကျောင်းဆောင်ငယ် တစ်ခု သည် ယခုတည်ရှိနေသော စိန်ဂျွန်းဘုရားကျောင်းနေရာ၊ မောင်ထော်လေးလမ်းတွင် တည်ရှိခဲ့ သည်။ သို့သော် ၁၈၅၂ခုနှစ် စစ်ပွဲ၌ ပျက်စီးသွားခဲ့သဖြင့် ၁၈၅၆ခုနှစ်တွင် ရောက်လာသော ဆရာတော်ကြီး ဘီဂန်းဒက် မတိုင်မှီသော်လည်းကောင်း၊ သို့မဟုတ် ဆရာတော်ရောက်ပြီး နောက် သော်လည်းကောင်း၊ ယာယီဘုရားကျောင်းငယ်တစ်ခုကို ကွန်ဗင့်ကျောင်းဟောင်းကြီး အနီးတွင် ဆောက်လုပ်ခဲ့ကြောင်း စာမျက်နှာ ၆၉ မြန်မာကာသိုလိပ် သာသနာပြုလုပ်ငန်း ရာဇ၀င်စာအုပ် တွင် ရေးသားထားကြောင်း တွေ့ရသည်။

ဘုန်းတော်ကြီး ဂျေ-လေရူဝရဲရ်

ဆရာတော်ဘီဂန်းဒက်သည် ၁၈၇၀ခုနှစ်တွင် မြန်မာပြည်သို့ရောက်လာသော ဂျေ-လေရူဝရဲရ် အား တာမဲလ်ဘာသာသူအုပ်စုကို အုပ်ထိန်းစောင့်ရှောက်ရန် တာဝန်ပေးခဲ့သည်။ ၄င်း ဘုန်းတော်ကြီးသည် လူဦးရေနှင့်စာလျှင် ဘုရားကျောင်းမှာ အလွန်သေးငယ်ကြောင်း တွေ့ရှိခဲ့ သည်။ (ရည်ညွှန်းစာအုပ် စာမျက်နှာ၉၆) ထို့နောက်ဆရာတော်ဘီဂန်းဒက်သည် တာမဲလ် ဘာသာဝင်များနှင့် ၄င်းတို့၏များပြားလှသော သားသမီးတို့အတွက် ဘုရားကျောင်းနှင့် စာသင် ကျောင်းတစ်ဆောင်ကို ဆောက်လုပ်ရန် သင့်တော်သောမြေနေရာကွက် တစ်ခုကိုရရန် ကြိုးစား ခဲ့သည်။ နောက်ဆုံး ၁၈၇၂ခုနှစ်တွင် ဗြိတိသျှမြန်မာနိုင်ငံတော် ကော်မရှင်ချုပ်ဖြစ်သော မင်းကြီး အပ်(ရှ်)လေးအီဒင်သည် ယခုလက်ရှိ စိန်အန်ထော်နီဘုရားကျောင်း မြေနေရာကို လှူဒါန်း ခဲ့သည်။ (ရည်ညွှန်းစာအုပ်စာမျက်နှာ -၆၉)
ဘုန်းတော်ကြီးဂျေ-လေရှုဝရဲရ်သည် ဘာသာသူတို့၏အကူအညီအားဖြင့် မြင့်မောက်သောနေရာ များကို ဖြိုဖျက်ညီညာစေ၍ ချိုင့်ကြီးချိုင့်ငယ်တို့ကိုဖြိုပြီး ခြုံပုတ်ခြုံနွယ်များကို ရှင်းလင်းကာ၊ ၇၀ပေနှင့် ၄၀ပေရှိသော ပျဉ်အဆောက်အဦးကို တနင်္ဂနွေနေ့များ၌ ၀တ်ပြုကိုးကွယ်ရာနေရာ အဖြစ် အသုံးပြုခဲ့၍ အခြားရက်များတွင် စာသင်ကျောင်းအဖြစ် အသုံးပြုခဲ့သည်။ ဤသို့အားဖြင့် ၁၈၇၃ခု ဇန်န၀ါရီလမှစ၍ ဘာသာသူအုပ်စုကို စတင်ပျိုးထောင်ခဲ့သည်။

စိတ်အားထက်သန်လှသော ဘုန်းတော်ကြီးသည် မို့မောက်သော ကုန်းမြင့်တနေရာတွင် အုပ်ဖြင့် ပြီးသော ဘုရားကျောင်းတစ်ကျောင်းကို စတင်ဆောက်လုပ်ရန်စီစဉ်ခဲ့သည်။ ၁၈၇၅ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ဘုရားကျောင်းအုပ်မြစ်ချခဲ့သည်။ အခက်အခဲအမျိုးမျိုးကြောင့် ယင်းကျောင်းတော်ကြီးကို အချိန်ကြာမြင့်စွာ ဆောက်လုပ်ခဲ့ရသည်။ နှစ်စဉ်ဘုရားကျောင်းကို ထပ်မံချဲ့ထွင် မွမ်းမံခဲ့ရာ၊ နောက်ဆုံး၁၈၇၇ခုနှစ်သို့ ရောက်သောအခါ မစ္စတာဂျေ၊ ဒါဝပ်၏ ရက်ရောသောအလှူငွေ ၄၅၀၀ဖြင့် အမိုးနှင့်မျက်နှာကျက်ကို ပြုလုပ်ပြီး တံခါးပေါက်များ ကိုလည်း တပ်ဆင်၍၊ အတွင်းအတပ်နံရံကို အင်္ဂတေအချောက်ကိုင်ခဲ့သည်။ အောက်ခြေတွင် အုတ်ကျိုးများ ခင်းပြီး အင်္ဂတေ၊ ဘိလပ်မြေတို့ဖြင့် မွမ်းမံခိုင်ခန့်စေခဲ့သည်။ (အထက်တွင် ရည်ညွှန်းခဲ့သော စာအုပ်စာမျက်နှာ ၈၀)
၁၈၇၇ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဘီရှော့ဘီဂန်းဒက်နှင့် အတူတကွ ဘုန်းတော်ကြီး ဖာသာရ်ဂျေ-လေရူဝရဲရ်၏ ၁၈၇၃ခုနှစ် ဆေးကြောခြင်းစာရင်းစာအုပ် ပထမစာမျက်နှာတွင် ရေးသားထားကြောင်း တွေ့ခဲ့ရသည်။ ထိုအချိန်က ကောင်းကြီးဘင်သောင် ပေးခဲ့သော ဘုရား ကျောင်းသည် ယခုစိန်အန်ထော်နီ ဆင်းတုတော်တည်ရှိသည့်နေရာ အ၀င်အ၀အလယ် စင်မြင့် အထိရှိသော ကျောင်းဆောင်ပိုင်းသာဖြစ်သည်။ ကျောင်းအ၀င်ဘေးနှစ်ဘက်ရှိ ခေါင်းလောင်း စင်မြင့်၂ခု၊ လက်ယာဘက်ရှိ ကျောင်းဆောင်များနှင့် ဘုရားစင်ခန်းတို့ကို ဘုန်းတော်ကြီး ဂျေဘီမူရ်လန်က ၁၉၀၂ ခုနှစ်မှ ၁၉၁၅ခုနှစ်အတွင်း တည်ဆောက်ခဲ့သည်။

ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းစာသင်ကျောင်းအဖြစ် အသုံးပြုခဲ့သော ပျဉ်အဆောက်အဦးကို ၁၈၇၇ခုနှစ်မှ ၁၉၀၆ခုနှစ် မီးလောင်သွားသည်အထိ စာသင်ကျောင်းအဖြစ်အသုံးပြုခဲ့သည်။ ထို့နောက် ၁၉၀၇ခုနှစ်တွင် စာသင်ကျောင်းအတွက် နှစ်ထပ်တိုက်တစ်ခုကို ဆောက်လုပ်၍ ဘုန်းတော်ကြီးဖာသာရ် ဂျေ-လေရူဝရဲရ် အကူအညီပေးနေသော ဖာသာရ်အေဆဲလ်လော့(စ်) ကို တာဝန်ယူအုပ်ချုပ်စေခဲ့သည်။ ဘုန်းတော်ကြီး အေဆဲလ်လော့သည် ရဟန်းဘောင်သို့ ရောက်စေ ရန် များစွာသော လူငယ်တို့ကို တိုက်တွန်းလမ်းညွှန် အားပေးခဲ့ကြောင်း ၄င်းလက်ထက်တွင် ဖာသာရ် အက်စ်ဆူဆေး (၁၉၇၀)၊ ဇာသာရ်အက်စ်ကေမာတင်း၊ ဇာသာရ်အိုအက်ဝ အက်ဆီး ယား (၁၉၇၄)၊ ဇာသာရ်ပီ- ဂျိုးဇက် (၁၉၆၉) ဖာသာရ်အက်စ်အလွိုက်ယှက်၊ ဖာသာရ်အက် ဆာဗရီးမူသူး (၁၉၆၀) တို့ ရဟန်းဘောင်သို့ ၀င်ရောက်လာခဲ့သည်။
၁၈၇၀ ခုနှစ်တွင် ဖာသာရ်လားဂူ ဖရေး အုပ်ချုပ်ချိန်မှစ၍ ၁၉၀၈ခုနှစ် ကျိုက်လတ်ဘုရား ကျောင်းနှင့် ၁၉၁၂ခုနှစ်၊ ကျောက်တန်းဘုရားကျောင်း တည်ဆောက်ပြီးသည့် အချိန်အထိ စိန်အန်ထော်နီဘုရားကျောင်းသည် အောက်မြန်မာပြည်ရှိ တာမဲလ်ဘာသာသူများ၏ တစ်ခုတည်းသော ဘုရားကျောင်းဖြစ်ခဲ့သည်။ အန်ဒမန်ကျွန်းရှိ ဘာသာသူများပင်လျင် ဒုတိယကမ္ဘာစစ်အထိ စိန်အန်ထော်နီအုပ်စုအပိုင်း ဖြစ်ခဲ့သည်။

ဘုန်းတော်ကြီးဂျေ-လေရူဝရဲသည် နှစ်ပေါင်းများစွာ ဒုက္ခခံ၍ ကြိုးစားအားထုတ် လုပ်ကိုင်ခဲ့ရာ ကျန်းမာရေးချို့တဲ့လာသဖြင့် ၁၈၉၀ခုနှစ်တွင် မြန်မာပြည်သို့ရောက်လာသော ဖာသာရ်ဂျေ-ဒီ-မူရ်လမ်းလက်သို့ ဘာသာတူအုပ်စုကို အပ်ထားခဲ့ပြီး ၁၈၉၃ခုနှစ်တွင် ပြင်သစ်သို့ပြန်သွားခဲ့ပြီး ၁၉၀၉ခုနှစ် ဒီဇင်ဘာ(၁၈)ရက် နေ့တွင် ပျံလွန်တော်မူခဲ့၏။

ဘုန်းတော်ကြီးဖာသာရ်မူရ်လမ်းသည် (၁၈၉၃-၁၉၃၁)

ဖာသာရ်မူရ်လမ်းသည် ၁၈၉၃ခုနှစ်မှ ၁၉၃၁ခုနှစ်ထိကျောင်းထိုင်ဘုန်းကြီးဖြစ်ခဲ့သည်။ ၄င်းလက်ထက် ၁၈၉၇ခုနှစ်မှစ၍ နှစ်စဉ် ဗယ်လန်ဂန္ဒီကျန်းမာခြင်းမယ်တော်ပွဲကို စတင်ကျင်းပခဲ့သည်။ ၁၉၀၉ခုနှစ်ပွဲတော်အစီအစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ ရေးခဲ့သောမှတ်တမ်းစာတွင် ပွဲတော်ကို လွန်ခဲ့သော၁၂နှစ်မှစ၍ ကျင်းပခဲ့ကြောင်း ရေးသားထားခဲ့သည်။ ၄င်းစာကို ကျောက်တန်းဘုရားကျောင်းရှိ မှတ်တမ်းများထားရာဌာနတွင် တွေ့ရှိနိုင်သည်။ သူသည် ၁၉၀၉ခုနှစ်တွင် စိန်ဖင်းဆင်းအဖွဲ့အစည်းကိုလည်းကောင်း၊ ၁၉၁၁ခုနှစ်တွင် ဆုတောင်းမေတ္တာ တမန်တော်အဖွဲ့ကိုလည်းကောင်း၊ စတင်ဖွင့်လှစ်ခဲ့သည်။ ထိုနှစ်မှာပင် ဖာသာရ်ဆဲလ်လော့(စ်)သည် ယောင်္ကျားများအတွက် မယ်တော်အသင်းကို စတင်တည်ထောင်ခဲ့သည်။
၁၉၁၀-၁၉၁၁ခုနှစ်တွင် ဖာသာရ်ဆဲလ်လော့သည် ဘာသာသူလူဦးရေစာရင်းကို ခဲယဉ်းစွာ ကောက်ယူခဲ့ရာ ဘာသာတူပေါင်း (၁၂၀၀၀)ရှိကြောင်း တွေ့ရသည်။ ထိုစာအုပ်ကို ရာပြည့်ပွဲ ပြခန်းတွင် ကြည့်ရှုနိုင်သည်။ သင်္ဃန်းကျွန်းသည် ၁၉၃၇ခုနှစ်ထိ အင်းစိန်သည် ၁၉၄၆ခုနှစ်အထိ စိန်အန်ထော်နီအုပ်စုတွင် ပါဝင်ခဲ့ကြသည်။ ကျိုက်လတ်ဘာသာတူဦးရေသည် (၂၅၀၀)ဖြစ်၍ ကျောက်တန်းသည် (၂၀၀၀)ဖြစ်သည်။

ဖာသာရ်ဒဆား (၁၆၃၁-၁၉၄၁)

၁၉၃၁ခုနှစ်တွင် ဖာသာရ်ဒဆားသည် ဖာသာရ်မူလမ်းကို ဆက်ခံခဲ့သည်။ ဖာသာရ်မူလမ်းသည် တစ်နှစ်ကျောင်မျှ ကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရရှာသည်။ ၁၉၃၂ ခုနှစ်တွင် ပျံလွန်တော်မူသည်။ ဖာသာရ်ဒဆားသည် ဘုရားကျောင်းအ၀င်အ၀အရှေ့ဘက် အနိမ့်ပိုင်း နေရာတွင် မယ်တော်ဂူလိုဏ်ကို ဆောက်ခဲ့သည်။ ဘုရားစင်ခန်း၏တဖက်တချက်ရှိ သင်္ကန်း လဲခန်း၂ဆောင်ကိုလည်း တည်ဆောက်ခဲ့သည်။ ၄င်းလက်ထက် ၁၉၁၇ခုနှစ်တွင် အမျိုးသမီးများ အတွက်မယ်တော်အသင်းကို ဖွဲ့စည်းခဲ့သည်။ ဖာသာရ်ဒဆားသည် ၁၉၄၁ခုနှစ်မေလတွင် ပျံလွန်သွားလေသည်။

ဖာသာရ်မေရီယို (၁၉၄၁-၁၉၄၆)

ဖာသာရ်ဒဆားနောက် ဖာသာရ်မေရီယို ဆက်ခံအုပ်ချုပ်ခဲ့သည်။ ၄င်းလက်ထက်တွင် ဘုရား ကျောင်းမြောက်ဘက်ရှိ လမ်းကိုခင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြတ်နိုးအပ်သော ဘာသာတူတို့အပေါ် ကျရောက်သော ဘေးဒုက္ခအမျိုးမျိုးကို သူလည်း တွေ့မြင်ခံစားခဲ့ရရှာသည်။ ဗုံးတစ်လုံးသည် ဦးအုံးခိုင်နှင့် စိန်အန်ထော်နီလမ်းထောင့်တွင် ကျ၍ ဘုန်းကြီးကျောင်း တစိတ်တဒေသကို ပျက်စီးစေခဲ့သည်။ ထိုလမ်းထောင့်ရှိအုန်းပင်ကြီးဘုရားကျောင်းဘက်သို့ လဲကျ သောကြောင့် ဘုရားကျောင်းအမိုး ပျက်စီးခဲ့သည်။ ထို့ပြင် ၄င်းလမ်းထောင့်တွင် ရံထားသော ကျောက်တုံးကြီးတစ်တုံးသည် လွင့်စင်လာပြီး အမိုးနှင့်သီချင်းဆိုရာနေရာ (ကတ္တားစင်) ကိုဖောက် ၍ ဘုရားကျောင်းအ၀င်အ၀သို့ ကျလာသည်။ ဒုတိယဗုံးသည် ဂူလိုဏ်မှ ကိုက်အနည်းငယ် ကွာသော ဗုံးကျင်းပေါ်ရှိ လမ်းပေါ်သို့ကျရောက်လာသောကြောင့် လူအများ သေကြသည်။ တတိယဗုံးသည် ဘုရားကျောင်းမြောက်ဘက်ရှိ နှစ်ထပ်တိုက်ဘုန်းကြီးကျောင်း ကို ဖျက်စီးခဲ့သည်။ ထိုနေရာကား ယခုဘုရားကျောင်းမြောက်ဘက်ရှိ အခန်းဆောင် တည်နေရာ ပင်ဖြစ်သည်။ သူ၏ အနည်းငယ်ပင်းနေသောနားသည် ဗုံးဒဏ်ကြောင့် ပိုမိုပင်းသွားခဲ့သည်။ ကင်းစောင့်စစ်သား တစ်ဦး၏ မိုက်ရိုင်းစွာ မျက်နှာကိုရိုက်ပုတ်ခြင်းကြောင့် သူ၏မျက်မှန်သည် ကျိုးပဲ့၍ အပိုင်းအစ ကလေးတစ်ခုသည် မျက်လုံးထဲသို့ဝင်သွားပြီး မျက်လုံးအိမ်ပေါက်ကာ မျက်စိကွယ်သွားရှာသည်။ ၄င်းလက်ထက်တွင် စစ်ဘေးဒုက္ခ၊ ကပ်ရောဂါစစ်ပြေးဒဏ်၊ အိန္ဒိယသို့ပြန်သွားခြင်း စသော အကြောင်းများကြောင့် တိုးပွားလာသော လူဦးရေ၏ ၁၀ပုံ၁ပုံလျော့သွားခဲ့သည်။ သူသည် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းကို ပြုပြင်ခဲ့သည်။ ဤသို့ ကြောက်မက်ဖွယ်ကောင်းသော စစ်ဒုက္ခအမျိုးမျိုးကို တွေ့ကြုံရငြားသော်လည်း ဇွဲရှိစွာဖြင့် မိမိ၏ကျောင်းတော်၌ပင် ဆက်လက် နေထိုင်ခဲ့သည်။ ထို့ကြောင့် ဘုရားကျောင်းသည် တည်တံ့လျက်ရှိပြီး မှတ်တမ်းများသည်လည်း ကျန်ရှိနေခဲ့သည်။ ၁၉၄၆ခုနှစ် စစ်ပြီးသောအခါ သူ၏ချို့တဲ့သော ကျန်းမာရေး ပြန်လည် ကောင်းမွန်လာရန် ပြင်သစ်ပြည်သို့ ပြန်သွားသည်။ ၂နှစ်အကြာ မြန်မာပြည်သို့ ပြန်ရောက်လာပြီး စစ်အတွင်းပျက်စီးခဲ့သော ညောင်လေးပင် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများကို ပြန်လည်ဆောက်လုပ်ရန် တာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။ ဘုန်းကြီးကျောင်း ပြန်လည် ဆောက်လုပ်ပြီးစီး၍ ဘုရားကျောင်း ဆောက်ရန် လိုအပ်သောငွေနှင့် ပစ္စည်းများကို ကောက်ခံ နေစဉ် ၁၉၄၉ခုနှစ် ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် ရန်ကုန်မှအပြန် ပဲခူးအနီး အင်းတကော် ရွာတွင် အသတ်ခံခဲ့ရရှာသည်။

ဘုန်းတော်ကြီး ဖာသာရ်ဆာဗရီမူတူး (၁၉၄၆-၁၉၆၀)

ဘုန်းတော်ကြီးမေရီယိုကို ဆက်ခံသောသူသည် ဆာဗရီမူတူးဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် သူသည် အထက်တန်းကျောင်းတစ်ကျောင်းကို အုပ်ချုပ်ခဲ့သည်။ ၄င်းလက်ထက်တွင် သီဟိုကျွန်း ကန်ဒီမြို့ တွင် ပညာသင်ကြားခဲ့သော ဘုန်းတော်ကြီးအသစ်များဖြစ်သော သောမတ်စ်ဗင်းဆင်း (၁၉၄၆)၊ ဖာသာရ်ဂျာဗာမာလေး (၁၉၄၇)နှင့် ဖာသာရ်အင်အေ ဆန်တီယာဂို (၁၉၄၇)တို့ ရောက်လာ ကြသည်။

ထိုဘုန်းကြီးသစ်များသည် စစ်ပြီးကျန်ခဲ့သောသူ (၉၀၀၀)ကျော်တို့အား ၀ိညာဉ်ရေး အသစ်တဖန် စိတ်အားထက်သန်လာစေခဲ့သည်။ ကျောင်းထိုင်ဘုန်းကြီး၏ ပထမဆုံးဆောင်ရွက်ရမည့် တာဝန် သည် စစ်အတွင်းပျက်စီးခဲ့သော အဆောက်အဉ်းများကို ပြုပြင်ရန်ဖြစ်သည်။ သူသည် ဘုရား ကျောင်း၏ ကွဲအက်နေသော နံရံများ၊ ပေါက်ပြဲနေသော မျက်နှာကျက်နှင့် ဟောင်းဆွေးနေသော ထုတ်တန်းများကိုလည်း ပြုပြင်ခဲ့သည်။ ထိုဘုန်းတော်ကြီးပင်လျှင် မိန်းကလေးများအတွက် အလယ်တန်းကျောင်း တစ်ကျောင်းကိုဖွင့်ပြီး နာကျင်ခြင်းခုနှစ်ထွေအသင်းမှ သီလရှင်များကို ခေါ်ယူပေးအပ်ခဲ့သည်။ ၁၉၅၅ခုနှစ်တွင် အမလိပုံနှိပ်တိုက်ကို စတင်တည်ဆောက်ခဲ့သည်။ ထိုနှစ် မှာပင် ဖာသာရ်ဆန်တီယာဂိုသည် လစဉ်အမလိကို ကြပ်မတ်ထုတ်ဝေခဲ့သည်။ ၁၉၆၄ခုနှစ် အဆုံး တွင် ပိတ်ခဲ့ရလေသည်။ ဖာသာရ်ဆာဗရီမူတူးလက်ထက် များစွာသော တမန်တော်လုပ်ငန်း ဆိုင်ရာ အသင်းများကိုဖွင့်ခဲ့သည်။ ၄င်းတို့မှာမိန်းကလေး၊ ယောက်ျားလေး များအတွက် ဓမ္မ ဆေးဝါးအသင်း၊ တရားထောက်အဖွဲ့ လူကြီးများအတွက် တမန်တော်လုပ်ငန်း အဖွဲ့၊ မယ်တော်တမန်တော်အသင်း စသည်တို့ဖြစ်သည်။ ဘုန်းတော်ကြီးသည် ခေါ်တော်မူခြင်း နောက်သို့လိုက်ရန် လူငယ်များကို အထူးအားပေးနှိုးဆော်ခဲ့သည်။ ထို့ကြောင့် ၄င်း၏ဆုံးမပဲ့ပြင် ခြင်းကို ခံပြီး ရဟန်းဘောင်သို့ ၀င်သောသူများမှာ ဖာသာရ်အာရူးလ်၊ ဖာသာရ်ဆင်ဂရားယား၊ ဖာသာရ်အက်စ်လွီးစ်၊ ဖာသာရ်သောမတ်စ်၊ ဆဲလ်ဗာရာခ်ျနှင့် ဖာသာရ်ပီတာအန်ထော်နီတို့ ဖြစ် ပါသည်။

ဖာသာရ်ဆာဗရီမူတူးသည် ကြံခိုင်သောကိုယ်ခန္ဓာရှိသော်လည်း ပင်ပန်းများပြားလှသော လုပ်ငန်း များ၏ဒဏ်ကို မခံနိုင်ရကား၊ ၁၉၅၈ခုနှစ်မှစ၍ မကျန်းမာဖြစ်ပြီး၊ ဧပြီ ၂၄ရက်နေ့ ၁၉၆၀ ခုနှစ် တွင် စနေအသင်းဆေးရုံသို့ တက်ခဲ့သည်။ ထိုနှစ်မေလ (၁၃)ရက်နေ့တွင် ဆရာဝန်များ၏ စမ်းသပ်ချက်အရ ၄င်း၏ရောဂါမှာ အကြောသေလေးဘက်နာခေါ် (ဗိုလ်ယိုသရိုက်တစ်စ်)ဖြစ်ပြီး ရောဂါ၏ နောက်ဆုံးအဆင့်တွင် ရောက်ရှိနေသဖြင့် မကုနိုင်တော့ကြောင်း သိရှိရသည်။ ၁၉၆၀ ခုနှစ် မေလ (၁၉)ရက်နေ့တွင် ပျံလွန်တော်မူသွားရှာသည်။

ဖာသာရ်ဂျိုးဇက် (၁၉၆၀-၁၉၆၈)

ဖာသာရ်ဂျိုးဇက်သည် ၁၉၆၀ခုနှစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး ဖြစ်ခဲ့သည်။ ၄င်းလက်ထက် တွင် ကျောင်းပတ်ဝန်းကျင် သံမံသလင်းခင်းခဲ့သောကြောင့် ကျောင်းဝင်းသည် သန့်ရှင်းလာခဲ့ သည်။ ဗလန်ဂနီ၌ မယ်တော်ပွဲတွက် ယာယီတဲကို ဆောက်လုပ်စီမံခဲ့နိုင်သည့်အတွက် နှစ်စဉ်ပင် ထိုတဲကို အသုံးပြုလျက်ရှိသည်။ ဘုရားကျောင်းကိုလည်း ကျောက်ဖျာခင်းခဲ့သည်။ ၁၉၆၄ခုနှစ် တွင် ဘာသာတူမြောက်များစွာတို့သည် မိမိတို့၏ မူလတိုင်းပြည်အိန္ဒိယသို့ ပြန်သွားကြခြင်း ကိုလည်း ၀မ်းနည်းစွာဖြင့် တွေ့မြင်ခဲ့ကြရသည်။ သူ၏ ညာလက်ရုံးသဖွယ်ဖြစ်သော လက်ထောက် ဘုန်းတော်ကြီး ဖာသာရ်ဗင်းဆင်းသည် ၁၉၆၈ခုနှစ်တွင် ပျံလွန်တော်မူသောအခါ သူသည် စိန်သြဂတ်စတင်းကျောင်းသို့ ပြောင်းရွှေ့ခံရသည်။ ထိုကျောင်းတော်၌ပင် တစ်နှစ်အကြာတွင် ပျံလွန်တော်မူရှာသည်။

ဖာသာရ်ဆန်တီယာဂို (၁၉၆၈)
၁၉၆၈ခုနှစ်ဇွန်လ (၁၄)ရက်နေ့ ယခုလက်ရှိအုပ်စိုးနေသော ဘုန်းတော်ကြီး ဖာသာရ် အန်-အေဆန်တီယာဂိုသည် အင်္ဂလိပ်မျိုးကြဲသူ၏ အယ်ဒီတာ အမလိပုံနှိပ်တိုက်၏ ညွှန်ကြားရေးမှူး၊ လူအိုရုံကိုကြည့်ရှုခြင်း စသော တာဝန်များနှင့်အတူ စိန်အန်ထော်နီ ဘာသာတူအုပ်စုကို အုပ်ထိန်းရန် တာဝန်ပေးအပ်ခြင်းခံရသည်။ ၄င်းသည် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများ ကို ဆေးသုတ်ပြုပြင်သည်သာမက လျှပ်စစ်မီးကြိုး အသစ်သွယ်တန်းခြင်း၊ ရေမှန်မှန်ရရှိရေး အတွက် အလွန်ဝေးသောနေရာမှ ရေပိုက်သွယ်ခြင်းများ ပြုလုပ်ခဲ့သည်။

စိန်အန်ထော်နီသာသနာအုပ်စုမှ မွေးဖွားကြီးပြင်းလာသော ဘုန်းတော်ကလေးစီဆေးလ်ဘားနပ် သည်၁၉၇၇ခုနှစ် မတ်လတွင် ရဟန်းသိက္ခာခံယူခဲ့သည်။ ၄င်းအုပ်ထိန်းနေသော ယခုလက်ရှိ ဘာသာသူဦးရေသည် (၄၃၀၀)ဖြစ်သည်။ ၄င်းလက်ထက်တွင် အထူးမှတ်တမ်းတင်ထိုက်သော အချက်များမှာ ရက်ကွက်အလိုက် ဘာသာတူအိမ်ထောင်များကို ဆယ်အိမ်တဖွဲ့ (သို့မဟုတ်) ဆယ့်ငါးအိမ်တစ်ဖွဲ့၊ အဖွဲ့အစည်းများဖွဲ့ပြီး တစ်ပတ်လျှင်တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်အလှည့်ကျ အိမ်များ၌ စုပေါင်းမေတ္တာဆိုကြသည်။ ထိုကဲ့သို့အဖွဲ့ပေါင်း (၄၅)ဖွဲ့ရှိသည်။ ထိုအဖွဲ့များသည် ခရစ်ယာန်တို့၏ အခြေခံအဖွဲ့များဖြစ်၍ ချစ်ခင်ခြင်း၊ ကူညီခြင်း၊ ညီညွှတ်ခြင်းစသည့် အသီးသီး သော အသီးအပွင့်များသည် ဘုရားသခင်ကျေးဇူးတော်ကြောင့် ဖြစ်ပေါ်တိုးပွားလျက်ရှိသည်။

ယခုဖော်ပြပါ အကြောင်းအချက်များသည် ဘာသာသူများဝိညာဉ်ရေးအတွက် ဆောင်ရွက်ချက် များနှင့် ရှိခိုးဝတ်ပြုရန် အဆောက်အဦးများ ဆောက်လုပ်ခြင်းတို့၌ ကျောင်းထိုင်ဘုန်းတော်ကြီး များ ကြိုးပမ်းဆောင်ရွက်ချက်များပင် ဖြစ်သည်။ သို့သော် အခြားများစွာသော ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့သော ချီးမွမ်းဂုဏ်ပြုထိုက်သူများလည်း ရှိသေးသည်။ ၄င်းတို့မှာ နေ့စဉ်နှင့်အမျှ ဘာသာသူများ၏ ၀ိညာဉ်ရေးလုပ်ငန်း၌ မငြီးမငွေ့ ဆောင်ရွက်ပေးခဲ့သော လက်ထောက် ဘုန်းတော်ကြီးများဖြစ်သည်။ ယင်းတို့မှာ ဖာသာရ်ချားလ်လက်ဖယ်ဘရူးဂျေ ဘားနက်စ်၊ ဖာသာရ် အိတ်စ် ဘုန်း၊ အာရ်ချောပ်း၊ ဖာသာရ်အေ ဆဲလ်ဟော့ခ်၊ ဖာသာရ်အိပ်ခ်ျဆေး၊ ဖာသာရ်ဒဗလျူ၊ နော်ထူး၊ ဖာသာရ်အီလက်စ်ကြူး၊ ဖာသာရ်အေ-အန်ဂျီဗင်၊ ဖာသာရ် အက်စ်ကေမာတင်း၊ ဖာသာရ်ပီ ဂျိုးဇက်၊ ဖာသာရ်သောမတ်စ်ဗင်းဆင်း၊ ဖာသာရ် အက်စ်ဂျေမလေး၊ ဖာသာရ် အင်န်အေ ဆန်တီယာဂိုး၊ ဖာသာရ်အာရူးတို့ ဖြစ်သည်။ သူတို့အနွံတာခံ၍ ကြိုးပမ်းမှုများ သည် ကောင်းကင်ဘုံရှိစာအုပ်တွင် ရေးမှတ်လျက်ရှိမည်ကား မလွဲသေချာဖြစ်သည်။

ဤကျောင်းတော်ကြီးသည် ၁၈၇၇-ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့မှစ၍ ဘာသာတူတို့၏ အကျိုး အတွက် အသုံးပြုခဲ့ရာ ယခု ၁၉၇၇ခုနှစ် နိုဝင်ဘာလ၁၈ ရက်နေ့သို့ ရောက်လာခဲ့ပြီ။ ထို့ကြောင့်လည်း ရာပြည့်ပွဲတော်ကို ၁၉၇၇ခုနှစ် ဒီဇင်ဘာလ (၃-၄-၅) ရက်နေ့များတွင် ကျင်းပလျက်ရှိနေသည်။ ဘုရားသခင်အားအစဉ်ထာဝရကျေးဇူးတုံ့ပြန်ကြစို့။

စဉ် ဘုန်းတော်ကြီးအမည် တာဝန်ကျခဲ့သည့်ခုနှစ် မှတ်ချက်
1. Fr. Le Rouvreur 1870-1893 18th Nov 1877, the church was blessed by Msgr. Paul Bigandet 18.12.1909
2. Fr. J.B. Mourlanne 1893-1931 Velangani Feast was stanted in 1897. SSVP was found in 1907
3. Fr. H. Dessalle 1931-1941 Grotto was built him
4. Fr. J.L. Meyrieux 1941-1946 He was killed near Indagaw (Bago) on 31st Jan 1949 (On the way to Nyaunglebin)
5. Fr. Savarimuthu 1946-1960 Stearted Amali Press in 1955- close at the 17.5.1960 end of 1964.
6. Fr. P. Joseph 1960-1968
7. Fr. N.A. Santiago 14.7.1968-30.11.1985
8. Fr. Cecil Bernard 1.12.1985-12.3.1991
9. Fr. S.K. Martin 12.3.1991-30.9.1995
10. Fr. S.S. Arul 1.10.1995-28.3.2005
11. Fr. Singarayar 28.3.2005-27.4.2010
12. Fr. Joseph Maung Win 1.5.2010-