Diocese News

ယုံကြည်ခြင်းနှစ် အပြစ်ခွင့်လွှတ်ခြင်း(အင်ဒူဂျင်လျှား) အစီအစဉ်

photo

ယုံကြည်ခြင်းနှစ်အတွင်း ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီးမှ ဤ၀ါတွင်း ကာလတွင် ပြန်လည် ကျေအေးမှုရရှိရန် ၀တ်ပြုခြင်းမစ္ဆားတရားတော်အားဖြင့် ကျွန်ုပ်တို့ ယုံကြည်သူဘာသာဝင်တိုင်းအား ပြည့်စုံသော အပြစ်ခွင့်လွှတ်ခြင်း ရရှိရန် (၃)ကြိမ်(၃)နေရာ၌ အခွင့်ပြု၍ ပြုလုပ်ရန် အစီအစဉ်အရ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း ဘုရားကျောင်း (၃)ကျောင်းတွင် ပြုလုပ်ခဲ့သည်။ မတ်လ (၉)ရက်၊ စနေနေ့တွင် မအူပင်မြို့၊စိန်ရိတားဘုရားကျောင်းတွင်လည်းကောင်း၊ မတ်လ (၁၆)ရက် စနေနေ့တွင် ညောင်လေးပင်မြို့၊ လုဒ်စ်မယ်တော်သခင်မ ဘုရားကျောင်းတွင် လည်းကောင်း ပြုလုပ်ခဲ့ရာ ဘာသာသူများမှ တတ်အားသရွေ့ သွားရောက်ပါဝင်ခဲ့ကြသည်။ မတ်လ (၂၃) ရက် စနေနေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့၊စိန်မေရီကယ်သီဒြယ်တွင် ရန်ကုန်ကက်သလစ်ဆရာတော်ကြီးချားလ်စ်ဘိုနှင့် ဘုန်းတော်ကြီးများမှ ဦးဆောင်၍ ကျင်းပခဲ့ရာ ဘာသာဝင် (၃၄၀၀) ကျော် လာရောက်ပါဝင်ဆုတောင်း ခဲ့ကြသည်။ အဆိုပါ အစီအစဉ်တွင် မစ္ဆားတရားစတင်ပြီးနောက် ၀တ်ပြုကိုးကွယ်ခြင်းကော်မရှင်ဥက္ကဌ ဘုန်းတော်ကြီး Jacob အေးသောင်းမှ ယခု ကျင်းပသည့် နောင်တတရားယူခြင်းအစီအစဉ်နှင့်ပတ်သက်သော အင်ဒူဂျင်လျှားအကြောင်းကို ရှင်းပြ ဝေငှသွားခဲ့ပါသည်။ ပြီးနောက် ဘုရားကျောင်းဝင်းအတွင်းတွင် ကိုရင်၊ သီလရှင်ဘာသာဝင်များ အားလုံးမှ အာပတ်ဖြေခြင်း စက္ကရမင်းတူးကို ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် ရဟန်းတော်များထံမှ ခံယူခဲ့ကြသည်။ ဘာသာဝင်များအားလုံး အာပတ်ဖြေပြီးနောက် မစ္ဆားတရားတော်မြတ်ပူဇော်ခြင်းကို ဆက်လက် ကျင်းပခဲ့သည်။ အာပတ်ဖြေသူများ များပြားသဖြင့် မစ္ဆားတရားတော်မြတ်ကို နေ့လည် ၂း၀၀ မှသာ ပြီးဆုံးခဲ့သည်။ ထောင်နှင့်ချီသော ဘာသာသူများ အပြစ်ဖြေခြင်းနှင့် မစ္ဆားပူဇော်ခြင်းတွင် ပါဝင်ကြသော မြင်ကွင်းသည် အလွန် အားရကျေနပ်စရာပင် ဖြစ်ပါသည်။ မစ္ဆားတရားတော်မြတ် အပြီးတွင် ဘာသာသူများအားလုံးကို နေ့လည်စာဖြင့် ကျွေးမွေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *